Monday, July 21, 2014

TeamViewer Enterprise 7.0.14563 - မိသားစု၊ သူငယ်ချင်းတို့ရဲ့ Computer တွေကို Internet ကနေ လှမ်းပြီး ကြည့်ပေး၊ ပြင်ပေးရအောင်

15 Sep 12, 02:54 PM
aungminhtet: အကိုရေးကျေးဇူးပြုပြီး ကျနော့်ကို နည်းပညာ၁ခုလောက် မျှဝေပေးပါအကို ကျနော်ကပြည်ပမှာပါ အိမ်ကမိသားစုတွေက computer ကိုသိပ်နားမလည်းတော့ ဒီကနေ လှမ်းကြည့်ပေးချင်တာ (ID.psw) သိပြီး (TeamViewer7) ကိုကောင်း၂သုံးမတတ်ဘူးဖြစ်
15 Sep 12, 02:58 PM
aungminhtet: အဲ့ဒါအကို့ကိုအကူညီတောင်းချင်လို့ပါ။ ကျေးဇူးပြုပြီးပုံနှင့်တကွ ရှင်းပြပေးပါနော်၊။အကိုကျန်းမားပါစေ၊ အောင်မြင်ပါစေ.. အောင်မင်းထက်(korea)
ဒီကောင်လေးကို ကျနော်စမ်းနေတာ ၂ရက်၊၃ရက်လောက် ရှိသွားပြီ..။ အရင်ကသုံးမကြည့်ဖူးတော့ အခုမှ စမ်းသပ်နေရတာ..။ အတော်လေးအဆင်ပြေပါတယ်..။ သူ့အတွက် ဖူးသုံးလို့ ရအောင် လိုက်ရှာရင်း၊ စမ်းသုံးရင်းနဲ့ ကြာနေတာ..။ အခုတော့ ဒီကောင်လေးကို ကျနော်သိသလောက်၊ သုံးကြည့်မိသလောက် ပြန်လည်မျှဝေလိုက်ပါတယ်..။ အောက်မှာ ပုံလေးတွေနဲ့ ပြပေးထားပါတယ်..။ ဒီိကောင်လေးအတွက် crack ဖိုင်လေး ၃ခု ထည့်ပေးထားပါတယ်..။ crack သုံးခုစလုံးကို တပြိုင်ထဲ သူ့ရဲ့ ဖိုဒါလေးထဲမှာ သွားပြီး ထည့်ပေးလိုက်ရင် Full သုံးလို့ ရသွားပါပြီ..။ crack ထည့်နည်းကို Adobe CS6 အားလုံးကို Activator တခုတည်းနဲ့ Full ဖြစ်အောင်လုပ်နည်း ပိုစ့်မှာပြည့်ပြည့်စုံစုံ လုပ်ပြထားပါတယ်..။ မလုပ်တတ်သေးတဲ့သူများ အဲဒီပိုစ့်ကို ပြန်ကြည့်လိုက်ပါဗျာ..။ ဒီထဲမှာပါတဲ့ crack ဖိုင်ကို ထည့်ရမှာ အဲဒီနည်းနဲ့ အတူတူပါပဲ..။ ဒီပိုစ့်မှာ crack မရခင် Trial နဲ့ စမ်းသုံးထားတဲ့ ပုံလေးတွေနဲ့ crack ထည့်ပြီး ဖူးနဲ့ အသုံးပြုထားတဲ့ ပုံလေးတွေကိုပါ ဖေါ်ပြပေးထားပါတယ်..။ အသုံးပြုရတာ မခက်ပါဘူး.. Connection ကျနေတဲ့ အချိန်ဆိုရင်တော့ နဲနဲနှေးတယ်.. ဖြည်းဖြည်းချင်း တဖက်ကစက်ကို တချက်ချင်း နှိပ်ရမှာပါ..။ Connection ကောင်းနေရင်တော့ မြန်ပါတယ်..။ ဒီကောင်လေးကို လိုအပ်တဲ့သူများ အောက်ကလင့်တွေကနေ ဒေါင်းယူလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 8.3 MB ရှိပါတယ်..။ 
မှတ်ချက်။ ။ဒီကောင်လေးကို အသုံးပြုပြီး ကျနော့်ကို Internet ကနေကွန်ပျူတာ ပြင်ခိုင်းဖို့ မတောင်းဆိုကြပါနဲ့ဗျာ..။ အဲ့ဒါတွေ လိုက်လုပ်ပေးနေရင် Blog မှာ စာရေးနိုင်မှာ မဟုတ်တော့ပါဘူး..။ ဒါကြောင့် ဒီလို မတောင်းဆိုကြဖို့ ကြိုတင်အသိပေး တောင်းပန်အပ်ပါတယ်.. အားလုံးကို ခင်မင်လေးစားလျှက်ပါဗျာ..


အပေါ်ဆုံးကပုံကတော့ Install ဆွဲတဲ့နေရာမှာ ရွေးပေးရမယ့် နေရာလေးပါ.. ဒါကျနော် လုပ်သွားတဲ့ ပုံလေးကို ပြပေးထားတာပါ..။


နောက်တဆင့်အနေနဲ့ ပုံတပုံကျန်ခဲ့ပါတယ်.. အဲဒီပုံမှာ No နေရာကို ရွေးပေးပြီး Next(Install) ကိုနှိပ်ပေး လိုက်ပါ..။ ဒါဆိုရင် ဒီကောင်လေးကို Install ဆွဲထည့်ပါလိမ့်မယ်..။ ပြီးသွားရင်တော့ အောက်ကပုံလေး အတိုင်း မြင်ရရင်.. ပြထားတဲ့အတိုင်း Exit နဲ့ ပြန်ထွက်လိုက်ပါ..။ ဘာလို့လဲဆိုတော့ Crack ၃ခုကို ထည့်ပေးရမှာမို့လို့ပါ..။ အပေါ်ဆုံးမှာ ညွန်းထားတဲ့ Adobe CS6 ပိုစ့်ကအတိုင်း Crack နဲ့ဖူးဖြစ်အောင် လုပ်ပြီးသွားမှ ဒီကောင်လေးကို အသုံးပြုဖို့ ပြန်ဖွင့်ပါ..


အောက်ကပုံကတော့ Crack တွေထည့်ပြီးသွားလို့ Full ဖြစ်သွားတဲ့ ပုံလေးကိုယှဉ်ပြီး ပြပေးထားတာပါ..


ဒီအောက်ကပုံလေးတွေမှာ ကျနော် Crack တွေရှာမရခင် Trial နဲ့ အရင်စမ်းသုံးထားတဲ့ ပုံလေးတွေပါ.. ဒီပုံတွေရဲ့ ဟိုးအောက်ဆုံးမှာ Full ဖြစ်သွားပြီးမှ သူငယ်ချင်းတစ်ယောက်ရဲ့ စက်ကို Photoshop လုပ်နည်းနဲနဲပြပေးရင်းနဲ့ ဒီကောင်လေးကို လုပ်ပြထားပါတယ်..။ ဒီအောက်ကပုံမှာ Trail နဲ့သုံးတဲ့ အချိန်မှာ နိုင်ငံမတူလို့ ထင်ပါရဲ့ (ကျနော်နေတဲ့နိုင်ငံကနေ တခြားနိုင်ငံတခုကို လှမ်းလုပ်ပြထားတာပါ..။) ကျနော့်ဆီက ID ရော၊ Password ပါ ဟိုဘက်ကလူကို ပေးရပါတယ်..။ ဟိုဘက်ကလူကလည်း သူ့ရဲ့ ID နဲ့ Password ပါ ကျနော့်ကို အရင်ပေးထားရပါတယ်..။ ဘာလို့လဲဆိုတော့ ကျနော်က သူ့စက်ကို လှမ်းပြီးလုပ်ပေးရမှာ ဆိုတော့.. သူဆီက ID နဲ့ Password ကို အရင်သိမှ အင်တာနက်ကနေ လှမ်းချိတ်လို့ ရမှာပါ..။ တကယ်လို့ သူက ကျနော့်စက်ကို လုပ်ပေးမှာဆိုရင် ကျနော့်ရဲ့ ID နဲ့ Password ကို သူ့ကိုအရင်ပေးရမှာပါ.. ကျနော်ရှင်းပြတာ (ဒီသဘောကို) နားလည်မယ်လို့ ထင်ပါတယ်..။ 
အသုံးပြုမယ့်လူ၂ယောက်က ၂ဖက်စလုံးမှာ ဒီဆော့ဖ်ဝဲလ်ကို ဖွင့်ထားပါ..။ ဖွင့်လိုက်တာနဲ့ ID နဲ့ Password ကအလိုလိုပေါ်နေမှာပါ..။ အဲ့ဒီပေါ်နေတဲ့ ID နဲ့ Password ကို ဖုန်းနဲ့ဖြစ်စေ၊ Gtalk နဲ့ဖြစ်စေ၊ Gmail နဲ့ ဖြစ်စေ မိမိတို့ အဆင်ပြေရာနဲ့ တဖက်နဲ့တဖက် ပို့ပေးကြပါ..။ အခုဒီအောက်ကပုံမှာ ကျနော်က Gmail မှ Voice and Video Call အရင် Chat နေပြီးမှ အဲ့ဒီကနေ ဟိုဘက်ကလူရဲ့ ဒီဆော့ဖ်ဝဲလ်ကို ဖွင့်ခိုင်းထားပြီး အဲဒီမှာပေါ်နေတဲ့ ID နဲ့ Password ကို Chat နေတဲ့နေရာမှာ စာရိုက်ပြီး ပို့ခိုင်းလိုက်ပါတယ်..။ ကျနော်က သူ့စက်ကိုလုပ်ပေးမှာဆိုတော့ ကျနော်က အရင်သူ့ရဲ့ ID, Password ကို တောင်းပြီး အောက်ကပုံအတိုင်း copy, paste နဲ့ ထည့်လိုက်ပါတယ်..။ ဒီနေရာမှာ နားလည်အောင် ရှင်းပြထားလို့ စာနည်းနည်းရှည်ပါတယ်..။ ကျော်မဖတ်ပဲနဲ့ နားလည်အောင် သေချာဖတ်ပေးကြပါ..။ အောက်ကမျှားပြထားတဲ့အတိုင်း တဆင့်ချင်းစီ လုပ်ပေးလိုက်ပါတယ်.. အစိမ်းနဲ့ဝိုင်းပြထားတာ ကျနော့်စက်မှာ ပေါ်နေတဲ့ ID, Password ပါ..။ အနီရောင်နဲ့ ညွှန်းထားတာတွေကတော့ ဟိုဘက်ကစက်မှာ ပေါ်နေတဲ့ ID, Password တွေပါ..။ Gmail Chat တဲ့နေရာက ဟိုဘက်ကပို့လာတဲ့ ID,Password တွေကို Partner ID နေရာမှာ ထည့်ပါတယ်.. Remote Control နေရာမှာ တချက်ကလစ်ပါတယ်.. ပြီးရင် Connect to Partner စာသားကို နှိပ်လိုက်ပါ..။ နောက်တပုံမှာ ဆက်ကြည့်ပေးပါ..။


အောက်ကပုံအတိုင်း ထပ်ပေါ်လာရင် ဟိုဘက်က စက်ရဲ့ Password ကို ထည့်ပေးလိုက်ပါတယ်..။ ပြီးရင် Log On ကို နှိပ်လိုက်တာနဲ့ ဒီကောင်လေးက အင်တာနက်ကနေ ဟိုဘက်ကစက်ကို သွားပြီး Connect လုပ်ပါလိမ့်မယ်..။ Connect မိတာနဲ့ ဟိုဘက်က ကွန်ပျူတာရဲ့ Desktop ဟာ ဒီဘက်က မိမိတို့ ကွန်ပျူတာ Screen ပေါ်မှာ ပေါ်လာပါလိမ့်မယ်..။ အောက်ကပုံလေးတွေမှာ ပြပေးထားပါတယ်..။


အောက်ကပုံအတိုင်း ဟိုဘက်က စက်ရဲ့ Screen ပုံကို မြင်နေရပါတယ်..။ ဒါဆို Connect မိသွားပြီဖြစ်လို့ ဟိုဘက်ကစက်ကို ဒီဘက်ကနေ လှမ်းပြီး နှိပ်လို့ ရပါပြီ..။ ဒီပုံတွေက ဖူးမဖြစ်ခင် Trial နဲ့ သုံးတာရယ်၊ နိုင်ငံမတူတာရယ်တို့ကြောင့် ထင်ပါတယ်.. ဟိုဘက်ကလူရဲ့စက်မှာလည်း ကျနော့်စက်ရဲ့ ID, Password တွေကို တောင်းပါတယ်..။ ဟိုဘက်ကလူက အဲဒါတွေကို မှန်အောင်ထည့်လိုက်မှ Connect မိတာပါ..။ ဒီနေ့မနက် ထပ်ပြီးစမ်းသုံးကြည့်တဲ့ ဒီနိုင်ငံတွင်းက စက်အချင်းချင်းမှာကြတော့ (ဖူးဖြစ်သွားလို့လားတော့မသိ) ကျနော့်ဆီက ID, Password တွေထည့်ပေးဖို့ မလိုဘူး.. ဟိုဘက်က စက်ရဲ့ ID, Password ထည့်လိုက်တာနဲ့ တခါတည်း တန်းပြီး Connect ဖြစ်သွားပါတယ်..။ ဒီတခုတော့ မိမိတို့ ဖါသာ စမ်းသပ်ကြပါကုန်.. Trial နဲ့ အထပ်ထပ်မြင်နေရပေမယ့်၊ Full နဲ့ကျတော့ ရှင်းရှင်းလင်းလင်း ဖြစ်နေပြန်ရော.. အခုမှစမ်းသုံးကြည့်တာမို့လို့ ဘယ်ဟာအမှန်ဖြစ်မလဲ သေချာမသိသေးပါ..။



ဒီပုံတွေအားလုံးက ကျနော့်စက်ကနေ ဟိုဘက်ကစက်မှာ လိုက်လုပ်ထားတာတွေကို ဓါတ်ပုံရိုက်ပြထားတာတွေပါ..။



ဒါကတော့ Trial နဲ့ သုံးကြည့်တဲ့နေ့က ဟိုဘက်ကစက်မှာ Mozilla ပေါ်မှာ မြန်မာစာ ရိုက်လို့ မရလို့ Option ကနေ လိုက်ပြောင်းပေးလိုက်တာ.. ပြီးတော့ အောက်ကပုံအတိုင်း Google မှာ ကျနော့်စက်ကနေ လှမ်းပြီး မြန်မာစာရိုက်ကြည့်လိုက်တော့ အဆင်ပြေသွားလို့ မှတ်တမ်းတင်ထားတာလေးပါ..



အပေါ်ကပုံလေးတွေက Trail နဲ့ တခြားနိုင်ငံက ကွန်ပျူတာကို လုပ်ပြထားတာ ဖြစ်ပြီး.. အောက်ကပုံလေးတွေကတော့ ဒီနိုင်ငံအတွင်းမှာပဲ Crack ထည့်ပြီး Full ဖြစ်သွားတဲ့ အချိန်မှာ စမ်းသုံးထားတဲ့ ပုံလေးတွေပါ..။ အောက်ကပုံမှာ သူငယ်ချင်းရဲ့စက်ကို Photoshop ဖွင့်ပြီး ဓါတ်ပုံထည့်ဖို့ ဘောင်လေး တခု လုပ်ပြပေးခဲ့ပါတယ်..။ နောက်တခုက ဒီကောင်လေးနဲ့ပဲ.. ကျနော့်စက်ထဲက ဆော့ဝဲလ်တခု Winrar ချုပ်ထားတဲ့ ဖိုင်တခုကို သူ့စက်ထဲ အရောက်လှမ်းပို့ပေးခဲ့ပါတယ်..။ ဘယ်လိုလုပ်လဲဆိုတာ အောက်ကပုံလေးတွေမှာ ဆက်ကြည့်ပါ..


အပေါ်ပုံမှာ ဘောင်တခုလုပ်ပြီးသွားပါပြီ.. အလယ်မှာ ဓါတ်ပုံထည့်ပေးလိုက်ရုံပါပဲ..။ အောက်ကပုံမှာတော့ မျှားပြထားတဲ့နေရာကို တချက်ကလစ်လိုက်ရင် စာတန်းလေး၂ခု ကျလာပါလိမ့်မယ်.. အဲ့ဒီထဲက File transfer ကို ထပ်ကလစ်လိုက်ရင် နောက်ထပ် ဘောက်စ်တခု ထပ်ပေါ်လာပါလိမ့်မယ်..။ အဲဒီပေါ်လာတဲ့ ဘောက်စ်ကတော့ ဒီဘက်က စက်အတွက်နဲ့ ဟိုဘက်ကစက်အတွက် တခြမ်းစီ ပေါ်နေပါလိမ့်မယ်..။ အောက်ပုံမှာ ပြထားပါတယ်.. 


ကဲ ကျနော့်စက်နေ ဟိုဘက်စက်ကို File transfer လုပ်ပါပြီး..။ အောက်ကပုံအတိုင်း အဆင့်ဆင့် နှိပ်သွားပါတယ်..။ ကျနော်က ဟိုဘက်ကစက်ကို လှမ်းချိတ်တာဖြစ်တဲ့ အတွက် ဟိုဘက်ကလူက ဘာမှ လုပ်ဖို့ မလိုပါဘူး..။ ထိုင်ကြည့်နေယုံပါပဲ..။ ဒီဘက်ကနေ အားလုံးလှမ်းလုပ်သွားတာပါ..။ ဒီဘက်က ပို့လိုက်တဲ့ ဖိုင်ကို သိမ်းဖို့ ဟိုဘက်စက်မှာ ဖိုဒါတခု အရင်ဖွင့်ရပါတယ်..။ ကျနော်က okokok ဆိုပြီး အလွယ်နာမည်ပေးပြီး ဖွင့်လိုက်ပါတယ်..။ ကျနော်ပို့မယ့်ဖိုင်ကို အဲ့ဒီဖိုဒါထဲ ထည့်ပေးရမှာပါ.. မိမိပို့ချင်တဲ့ ဖိုင်ကို အရင်တချက်ကလစ်ပါ.. ဖိုဒါတခု ဖွင့်ပြီးရင် Send ကိုနှိပ်ပေးလိုက်ပါ..။



အပေါ်ပုံမှာတော့ ဖိုင်ကို ပို့ပေးနေတာ ဖြစ်ပြီး.. ပို့ပြီးသွားရင် အောက်ကပုံအတိုင်း မြင်ရပါလိမ့်မယ်.. ဟိုဘက်က လူက ပို့လိုက်တဲ့ဖိုင်ကို သွားဖွင့်ကြည့်လိုက်ရင် မိမိတို့ပို့လိုက်တဲ့ ဖိုင်လေးသူ့စက်ထဲ ရောက်နေတာကို တွေမြင်ရမှာဖြစ်ပါတယ်..။


မိမိတို့ လုပ်စရာရှိတာ ပြီးသွားလို့ ပိတ်တော့မယ်ဆိုရင်တော့ အပေါ်ပုံ Close ကိုနှိပ်လိုက်ပါ..။ ဒီကောင်လေးကို Connection ဖြတ်ပြီး တခါတည်း ပိတ်တော့မယ်ဆိုရင်တော့ အောက်ကပုံမှာ ပြထားတဲ့ အတိုင်း ကြတ်ခြေခတ်ကို နှိပ်လိုက်ရင် ဒီကောင်လေးကို အပြီးပိတ်ပြီးသား ဖြစ်သွားပါလိမ့်မယ်..။


ဒါကတော့ ဒီကောင်လေးကို ကျနော်သုံးကြည့်မိသလောက် ပြန်လည်မျှဝေပေးလိုက်တာပါ..။ ကျနော်မသိသေးတဲ့ အပိုင်းတွေလည်း ကျန်ပါသေးတယ်..။ အဲ့ဒါတွေကိုတော့ မိမိတို့ကိုယ်တိုင် ရှာဖွေစမ်းသပ်ရင်း အဆင်ပြေ အောင်မြင်ကြပါစေဗျာ..

fb လေး like ပေးခြင်းဖြင့်ကူညီပါနော်

Windows7 တင်ပြီးတဲ့အခါ Driver တွေကို ဘယ်လို Restore ပြန်လုပ်မလဲ


15 Aug 12, 05:37 PM
မိုးဇော်: အစ်ကို ဘလော့ က ၀င်ဒိုး တင်ပုံတင်နည်းကို ကြည့်လုပ်လိုက်လို့ ပြီသွားပါပြီ . ခက်နေတာက driver ထည့်ကြည့်လိုက်တော့ songs ဘောက်က အသံမလာ ခက်တာက အစ်ကို မကူညီဘူးဆိုရင် ဘယ်လိုမှ လုပ်လို့မရတော့ဘူး အစ်ကို
13 Aug 12, 06:17 AM
aphi: driver restore လုပ်နည်းလေးတင်ပေးပါအုံး စောင့်မျှော်နေပါတယ်
high 14 July 2012 23:09
back up တော့လုပ်လို့ရပါတယ်ဗျာ ပြန်ပီး ဘယ်လို restore မလုပ်တတ်လို့ ရှင်းပြပေးပါလား ကျေးဇူးတင်ပါတယ်
ဒီပိုစ့်ကို တင်ပေးဖို့ ချိန်နေတာ ကြာပါပြီ..။ အခုလို လိုအပ်တဲ့သူများ ရှိတဲ့ အချိန်ကျမှ တင်ပေးဖို့ စိတ်ကူးထားလို့.. မနေ့က Cbox မှာ မေးထားတဲ့ အစ်ကိုတွေနဲ့ အရင်ရက်က Driver Backup လုပ်ထားပြီးသားကို ဘယ်လို Restore ပြန်လုပ်ရမလဲလို့ မေးခဲ့ဖူးတဲ့ အစ်ကိုတွေ ရှိလာလို့  ဒီနေ့မှ ဒီပိုစ့်ကို တင်ပေးလိုက်တာပါ.. ဒါမှလည်း လတ်တလော လိုအပ်နေတဲ့ သူတွေအတွက် ပိုပြီးအကျိုးရှိမယ်လို့ ထင်မိလို့ပါ..။ 
အရင်ဆုံးသိထားရမှာက Window တင်တော့မယ်ဆိုတာနဲ့ လိုအပ်တာက.. Driver Backup လုပ်ထားတဲ့ဖိုင် ဒါမှမဟုတ် မိမိတို့ စက်ရဲ့ မူရင် Driver ခွေ လိုအပ်ပါတယ်..။ Driver ခွေမရှိတော့တဲ့သူများ အတွက် Driver Backup လုပ်လို့ရမယ့် ဆော့ဝဲလ်လေးကို ဟိုးအရင်တုန်းကတည်းက တင်ပေးထားတာရှိပါတယ်.. လိုအပ်တဲ့သူများ   ဒီလင့်ကနေ   ဝင်သွားယူလိုက်ပါ.. Driver Backup လုပ်နည်းကိုပါ ပုံလေးတွေနဲ့ ပြပေးထားပါတယ်..။ ဝင်းဒိုးမတင်ခင် အရင်ဆုံး Driver Backup လုပ်ထားလိုက်ပါ..။ မူရင်း Driver ခွေရှိတဲ့ သူများအတွက်တော့ Backup လုပ်ဖို့ မလိုအပ်ပါဘူး..။ တခါလေ Backup လုပ်ထားတဲ့ Driver တွေကလည်း ဝင်းဒိုးတင်ပြီး အခုဒီနည်းနဲ့ Restore ပြန်လုပ်တဲ့အခါ Uncountable Problems ဆိုတဲ့စာသားမျိုးနဲ့ Drivers တွေပြန်ထည့်လို့ မရတဲ့အခါတွေလည်း ကြုံဖူးပါတယ်..။ အဲလိုဖြစ်ခဲ့ရင်တော့ သူလိုအပ်တဲ့ (ဥပမာ..။ ။ .dll ဖိုင်မျိုး၊ .inf ဖိုင်မျိုး)  ဖိုင်လေးကို မိမိတို့ Driver Backup လုပ်ထားတဲ့ဖိုင်တွေထဲက.. VGA ဂရပ်ဖစ်အတွက်ဆို သူနဲ့ဆိုင်တဲ့ဖိုင်ထဲ.. ဝါယာလက်စ်အတွက်ဆို ဝါယာလက်စ်နဲ့ ဆိုင်တဲ့ ဖိုင်ထဲ အထိ တဆင့်ချင်းစီ ဝင်သွားပြီး လိုက်ရှာပေးရပါတယ်..။ သူလိုအပ်တဲ့ဖိုင်လေးကို တွေပြီဆိုရင် အဲဒီကောင်လေးကို တချက်ကလစ်ပြီး OK , OK နဲ့ အဲဒီအဆင့်တွေမှာ ပြထားတဲ့ စာသားတွေအတိုင်း အဆင့်ဆင့် လုပ်ပေးသွားလိုက်ရင် အဆင်ပြေသွားပါလိမ့်မယ်..။ အဲလိုလုပ်လို့မှ အဆင်မပြေသေးရင်တော့ မိမိတို့ကိုယ်တိုင် Google မှာ စာရိုက်ပြီး မိမိတို့စက်ရဲ့ Model နဲ့ Driver Free Download ဆိုပြီးလိုက်ရှာပေတော့..။ အဲဒီအခါကျရင်တော့ ခေါင်းတွေလည်း ပူထူပြီသာမှတ်.. ဘာလို့လဲဆိုတော့ စာတွေအများကြီးဖတ်ရလို့.. တဆိုဒ်ပြီး တဆိုဒ် မရမချင်း လိုက်ရှာရတဲ့ အတွက် ခေါင်းပါကိုက်လာတာပါ.. ဒါက Model ဟောင်းသွားတဲ့ စက်တွေအတွက်.. (Windows XP, Windows Vista ခေတ်ကစက်တွေကို) Windows7 တင်ပေးမိလို့ ကျနော်ကိုယ်တိုင် ကြုံခဲ့ရတဲ့ ဒုက္ခလေးတွေကို လမ်းကြုံတုန်း ပြန်လည်ပြောပြတာပါ..။ အဲတော့ နောက်ပိုင်းသိလာတာက Windows XP, Windows Vista ခေတ်ကစက်တွေကို Windows7 တင်မပေးတော့ပါဘူး.. XP ဆို XP, Vista ဆို Vista အဲဒီဝင်းဒိုးတွေပဲ ပြန်တင်ပေးလိုက်ပါတယ်..။ အရမ်းကို Windows7 သုံးချင်နေတဲ့သူမှပဲ 7 တင်ပေးလိုက်တယ်..။ အခုနောက်ပိုင်းတော့ အဲလို စက်အဟောင်းတွေအတွက် Drivers တွေအဆင်ပြေအောင် ဖရီးထုတ်ပေးထားတဲ့ ဆိုဒ်တခုကို တွေ့ခဲ့လို့.. အဲဒီဆိုဒ်က ပေးသုံးတဲ့ Drivers အားလုံးနီးပါးအတွက် DVD တချပ်စာနီးပါး 3 GB ကျော်ရှိတဲ့ ဆော့ဝဲလ်ခွေနဲ့ စက်အဟောင်း တော်တော်များများရဲ့ Drivers ပြဿနာကို အဆင်ပြေခဲ့ပါတယ်..။ လိုအပ်တဲ့သူများရှိခဲ့ရင် အဲဒီဆိုဒ်ကို ကျနော်ပြန်ရှာပြီး အဲဒီဆော့ဝဲလ်ကို ဒေါင်းယူလို့ ရအောင် ပြန်လည်တင်ပေးပါအုန်းမယ်..။ အခုတော့ စာလည်းရှည်နေပြီ.. ဒီပိုစ့်ကို ဆက်ရအောင်..
Driver Backup နဲ့ Restore လုပ်တာဟာ Model အဟောင်းပဲ ဖြစ်ဖြစ်၊ Model အသစ်ပဲ ဖြစ်ဖြစ် ဒီလိုပြဿနာတွေ ကြုံတတ်ပါတယ်..။ မူရင်း Driver ခွေနဲ့ဆိုရင်တော့ အားလုံးအဆင်ပြေနိုင်ပါတယ်..။ တကယ်လို့ မိမိတို့စက်က Windows7 ခေတ်မှာ ထုတ်တဲ့စက်ဆိုရင်တော့ မိမိတို့စက် အမျိုးအစားရဲ့ မူရင်း ဝဘ်ဆိုဒ်မှာ မိမိတို့ စက်ရဲ့ Model နဲ့ Drivers တွေကို ဖရီးဒေါင်းယူလို့ ရနိုင်ပါတယ်..။ စက်အများစုက အခုနောက်ပိုင်း ဒီလိုဝန်ဆောင်မူ့တွေပေးလာပါတယ်..။ သူ့တို့ရဲ့စက်ကို လူကြိုက်များ၊ လူသုံးများအောင်လို့ပါ..။ ဒါကတော့ ဗဟုသုတအနေနဲ့ Drivers တွေကို မူရင်းဆိုဒ်တွေမှာ ဖရီးဒေါင်းယူလို့ ရတယ်ဆိုတာ သိရအောင်လို့ပါ..။ 
အခုဒီပိုစ့်မှာ ဝင်းဒိုးတင်ပြီးတဲ့အခါ Drivers တွေ ပြန်ထည့်တတ်အောင် အောက်ကပုံလေးတွေနဲ့ ပြပေးထားပါတယ်..။ ရှားရှားပါးပါး တချို့စက်တွေကတော့ ဝင်းဒိုးဘယ်နှခါတင်တင် Drivers တွေ တခုမှ ပျောက်မသွားပါဘူး.. အဲလိုစက်မျိုးတွေလည်း ကြုံခဲ့ဖူးပါတယ်.. ဝင်းဒိုးတင်ပြီးပြီးချင်းမှာ အောက်ကပုံလေးတွေအတိုင်း မြင်ရပါလိမ့်မယ်..။ နောက်ပြီး ဝင်းဒိုးမတင်ခင် Driver Backup လုပ်ထားတဲ့သူများအတွက် မိမိတို့ပြုလုပ်လိုက်တဲ့ Driver Backup ဖိုင်ထဲမှာ အောက်က ၄ပုံမြောက်ပုံမှာ အမှန်ခြစ်လေးတွေနဲ့ ပြထားသလို အဓိက လိုအပ်တဲ့ Drivers တွေပါမပါ.. ဝင်းဒိုးမတင်ခင်မှာ အရင်စစ်ဆေး ကြည့်ရမှာပါ..။ အဲဒီဖိုင်တွေ မပါခဲ့၊ မစုံခဲ့ရင် နောက်တခါထပ်ပြီး သေချာအောင်၊ အဲဒီဖိုင်တွေစုံအောင် Driver Backup ပြန်လုပ်လိုက်ပါ..။ အားလုံးအစုံသိမ်းပြီးမှ အဲဒီသိမ်းလိုက်တဲ့ ဖိုင်ကို USB Pendrive တွေထဲ၊ Partition အပိုင်းတွေထဲမှာ နေရာခွဲပြီး သိမ်းထားပြီးမှ စက်ကို ဝင်းဒိုးအသစ်တင်ပါ..။ အောက်ကပုံကတော့ ဝင်းဒိုးအသစ် တင်ပြီးသွားတဲ့ အခါ Drivers တွေမစုံခင် မြင်ရတဲ့ ပုံလေးပါ.. Driver Restore လုပ်နည်းကို နောက်ပုံတွေမှာ ဆက်ကြည့်လိုက်ပါဗျာ..





Driver Back ဖိုင်ထဲမှာ Drivers တွေစုံမစုံ အပေါ်ပုံအတိုင်း အဓိကလိုအပ်တဲ့ ကောင်လေးတွေကို အမှန်ခြစ်လေးတွေနဲ့ ပြထားပါတယ်..။ ဝင်းဒိုးမတင်ခင် အရင်ဖွင့်ကြည့်လိုက်ပါ.. အောက်ကပုံကတော့ Desktop မှာ Computer ပုံလေးပေါ်အောင် လုပ်ပြပေးလိုက်တာပါ..။ မသိသေးတဲ့သူများအတွက်ပါ..။ R/C ဆိုတာ Right Click ထောက်ပါလို့ ဆိုလိုတယ်ဆိုတာကို ကျနော့်ဆီမှာ အမြဲလာကြည့်နေတဲ့ သူငယ်ချင်းတွေကတော့ သိနေလောက်ပါပြီ.. 


ပြီးရင်တော့ Drivers တွေရှိတဲ့ နေရာကို အောက်ကပုံလေးအတိုင်း ဖွင့်ပြီး ဝင်သွားလိုက်ပါ..။ အောက်ပုံ 4 နေရာမှာ မြင်နေရတဲ့ အတိုင်း အဝါရောင် အတုံးလေးတွေ ပေါ်နေရင်.. အဲဒီကောင်လေးတွေမှာ Drivers တွေမရှိလို့ ၊ Drivers တွေ လိုအပ်နေလို့ပါ..။ ဒါကြောင့် အဲလို အဝါရောင် အတုံးလေးတွေ ပေါ်နေတဲ့ စာကြောင်းလေးတွေပေါ်မှာ Right Click ထောက်လိုက်ပါ..


လိုအပ်နေတဲ့ Drivers တွေနေရာမှာ VGA ဂရပ်ဖစ်နေရာက လွဲလို့ တခြားနေရာတွေမှာ အဝါရောင် အတုံးလေးတွေ ပေါ်နေပါလိမ့်မယ်.. အောက်ကပုံကတော့ VGA နေရာမှန်း သိရအောင် အဝါရောင်လေး ထည့်ပြထားတာပါ..။


စပါပြီ.. အောက်ကပုံလေးအတိုင်း လိုအပ်နေတဲ့ Driver အတွက် အဝါရောင် အလုံးလေးပေါ်နေတဲ့ စာကြောင်းလေးပေါ်မှာ Right Click ထောက်ပြီး အနီဝိုင်းပြထားတဲ့ Update Driver Software.. နေရာကို တချက်ကလစ်လိုက်ပါ.. နောက်ထပ်ပေါ်လာတဲ့ ပုံလေးတွေကို အောက်မှာ ပြထားတဲ့ အတိုင်း အဆင့်ဆင့်နှိပ် သွားပေးလိုက်ပါ..။




အပေါ်ပုံကတော့ ကျနော်သိမ်းထားခဲ့တဲ့ Drivers တွေကို မျှားပြထားတဲ့ အတိုင်း အဆင့်ဆင့် သွားပြီး အဲဒီဖိုင်လေးကို သွားရွေးပေးလိုက်တာပါ.. ဒီနေရာမှာသိရမှာက မိမိတို့ သိမ်းထားခဲ့တဲ့ Driver Backup ဖိုင်ကို ဘယ်နေရာမှာ ထားတယ်ဆိုတာ မှတ်ထားပြီး.. ဒီအဆင့်မှာ သွားပြန်ရွေးပေးရမှာပါ..။ မူရင်း Driver ခွေရှိတဲ့သူများကတော့ CD/DVD Drive ရှိတဲ့နေရာကို ဒီအဆင့်မှာ ညွှန်ပြပေးရမှာပါ..။ အောက်ကပုံကတော့ ကျနော် Driver Backup ဖိုင်ရှိတဲ့ လမ်းကြောင်းလေးကို ညွှန်ပြပေးထားလို့ ပုံမှာမြင်ရတဲ့အတိုင်း လမ်းကြောင်းလေးပေါ်နေပါပြီ.. ပြီးရင်တော့ Next ကိုကလစ်ပါ..


အောက်ကပုံလေးတွေ အတိုင်း ပေါ်နေရင် ခဏစောင့်နေပေးလိုက်ပါ...။




အပေါ်ပုံအတိုင်း Successfully စာသားနဲ့ ဘောက်စ်ထပ်ပေါ်လာရင်တော့ ကျနော်ထည့်လိုက်တဲ့ Driver တခု အောင်မြင်စွာ စက်ထဲကို ရောက်သွားပါပြီ..။ သူ့နေရာနဲ့ သူ့ Driver နဲ့ တခုတော့ အိုကေသွားပါပြီ.. အောက်က Driver ရောက်သွားတဲ့ ပုံနဲ့ အပေါ်ပိုင်းက Driver မရှိသေးတဲ့ ပုံကို ၂ခုယှဉ်ကြည့်နိုင်ပါတယ်..


ပြီးရင်တော့ Driver လိုအပ်နေတဲ့ နောက်ထပ်တခုကို အပေါ်ကပုံတွေအတိုင်း ထပ်လုပ်လိုက်ပါ..


ဒီအောက်ကပုံကတော့ VGA ဂရပ်ဖစ် Driver ကို အပေါ်က ပုံတွေအတိုင်း Install ဆွဲထည့်ပြီးတဲ့အခါ အောက်ကပုံမျိုး ပေါ်လာပါလိမ့်မယ်.. Yes ပေးလိုက်လို့ Restart ကျသွားပြီး ဝင်းဒိုးပြန်တက်လာရင်တော့ မိမိတို့ရဲ့ စက်မှာ ဂရပ်ဖစ် Driver အလုပ်လုပ်ပါပြီ..


ဝင်းဒိုးပြန်ပွင့်လာရင်တော့ ဂရပ်ဖစ်နဲ့ တခြား Driver တွေ စုံသွားပြီ ဖြစ်တဲ့ အတွက် အောက်ကပုံမျိုး Sleep တို့၊ Hipernate တို့ စာသားတွေ ပေါ်လာပါပြီ..။ 



မိမိတို့ ကွန်ပျူတာကို Driver တွေ စုံမစုံ သိချင်သေးတယ် ဆိုရင်တော့ အပေါ်ဆုံးက ပုံတွေအတိုင်း Computer >> Right Click >> Manage >> Device Manager အထိ အဆင့်ဆင့် ဖွင့်ဝင်သွားလိုက်ရင် အပေါ်က အောက်ဆုံးပုံအတိုင်း ကျနော့်စက်မှာ မြင်ရတဲ့ အတိုင်း Driver တွေ စုံနေတာကို တွေ့ရပါပြီ.. ဒီလောက်ဆိုရင်တော့ Drivers တွေကို Restore ပြန်လုပ်တတ်လောက်ပြီလို့ ထင်ပါတယ်ဗျာ.. အားလုံးပဲ လုပ်တတ်ကိုင်တတ်၍ အဆင်ပြေကြပါစေ..
အောင်အောင်(မကစ) ရဲ့ ဘလော့ခရီးသည်လေးအား အားပေးနေကြတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်.. လိုခြင်တာကို ကြိုက်နှစ်သက်သလို ယူဆောင်သုံးစွဲနိုင်ပါတယ်.... အဆင်မပြေတာများရှိခဲ့ပါက...cbox မှာ ပြောခဲ့ကြပါနော်..
<<< မန်ဘာဝင်ပြီး... Fb Like ခြင်းဖြင့် အားပေးကြပါနော် >>>
အောင်အောင်(မကစ) ပိုင်ဆိုင်သော နေရာလေးများကိုလာလည်ကြပါ။
 www.herostown.blogspot.com 
www.ledimyethar.com 
www.ninilayy.com

လုံးဝဖျက်လို့မရတဲ့ Folder တွေ Command Line ထဲကနေတည်မယ်။

သင့်ကွန်ပျူတာရဲ့ Data Partition ထဲမှာ ဘယ်လိုမှဖျက်လို့မရတဲ့ Folder တည်မယ်
မတည်ခင်တစ်ခုမှတ်ထား၇မှာက ဒီနည်းဟာ CLI Mode ကနေသွားမှာပါ။သူ့ကို Effect
ဖြစ်ဖို့က System Partition ကိုရှောင်ရမှာဖြစ်ပါတယ်။ ဘာလို့လည်းဆိုတော့ဒီနည်းဟာ
System Partition မှာအလုပ်မလုပ်ပါဘူး။ကဲစလိုက်၇အောင်လားဗျာ..ထုံးစံအတိုင်းပေါ့
ကျွန်တော်တို့က CLI ကနေ လုပ်မှာဆိုတော့ ကီးဘုတ်ကနေ Run ကိုခေါ်လိုက်ပီး “cmd”
လို့ရိုက်လိုက်ကြတာပေါ့။


ပြီးသွားရင် အန်းတားခေါက်လိုက်ပါ။ဒီနောက်မှာတော့မိမိတို့ကွန်ပျူတာမှာရှိတဲ့ Data
Partition ကို သတ်မှတ်မှာဖြစ်ပါတယ် ကျွန်တော့်ကွန်ပျူတာထဲမှာကတော့ G: & Z:
ဆိုပီးရှိပါတယ် ကျွန်တော်က G: မှာလုပ်ဆောင်မှာဖြစ်ပါတယ်။ဒါကြောင့် ပေါ်လာတဲံ
CLI Mode မှာ “G:” လို့ရိုက်လိုက်ပါမယ်


ဒါဆိုရင် သင့်ကွန်ပျူတာက Data Partition ထဲရောက်သွားပါပီ။ ဒီတော့ကျွန်တော်တို့က
ဖိုဒါတည်ရအောင် ဆိုတော့ကာ ဖိုဒါတည်မယ်ဆိုရင် သုံး၇မယ့် Command က “md”
(Make Directory) ဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်တို့က G:\>md con\ လို့ရိုက်လိုက်
ပါမယ် ဒါဆိုရင်သင့်မိုင်ကွန်ပျူတာမှာလည်း con ဆိုတဲ့ Folder ကပေါ်လာမှာဖြစ်ပါတယ်။


ဒီအခါကျွန်တောတို့ကစမ်းပီး ဖျက်ကြည့်ရအောင် ။ဆိုတော့ ကီးဘုတ်ကနေ ထုံးစံအတိုင်းပေါ့
ဖျက်မယ်ဆိုမှတော့ Del Key ကိုနှိပ်လိုက်ပါ့မယ်။ဒါဆိုရင်အောက်ပါ ပုံအတိုင်းဖျက်လို့မရဘူးဆို
တဲ့ Error Message ပြလာမှာဖြစ်ပါတယ်။


ကြိုက်သလောက်ဖျက်ပါ။ သာမာန်ဖျက်ရုံလောက်နဲ့ ဘယ်လိုနည်းနဲ့မှမပျက်နိုင်ပါဘူး
ကီးဘုတ်ကနေ Shift+Del နဲ့လည်းဖျက်လို့မရပါဘူး။ဒါပေမယ့်သူကိုပြန်ဖျက်ချင်တယ်
ဆိုရင်တော့ CLI ကနေပဲ ရိုက်ရမယ့် Command က G:>rd con\ ဆိုပီး ပြန်ရိုက်လိုက်ပါ
Rd (Remove Directory) ခံပီးပြန်၇ိုက်လိုက်တဲ့အခါကျရင်တော့ပြန်ပျက်သွားမှာဖြစ်ပါတယ်။
ထိုကဲ့သို့သောဖိုဒါများကိုတည်ရင်အခုကျွန်တော်ဖော်ပြထားတဲ့ အမည်များကိုသာသုံးရမှာ
ဖြစ်ပါတယ်။ con, aux, lpt1, lpt2, lpt3, lpt4, lpt5, lpt6, lpt7, lpt8 နှင့် lpt9.
တို့ပဲဖြစ်ပါတယ်။ မိမိက စိတ်ကြိုက်နာမည်ပေးလျှင် အလွယ်တကူဖျက်လို့ရပါတယ်
ဥပမာ G:>md zarni\ ဆိုရင် ဖိုဒါကတော့တည်သွားမယ် ဒါပေမယ့်သူ့ကိုဖျက်တဲ့

အခါ (ပုံမှန် Del Key ကိုသုံး၍ဖျက်ခြင်း) ပျက်သွားမှာဖြစ်ပါတယ်။။
 
 

သင့်ကွန်တာပျူကို Smart TV ကြီးတွေလို Hand Sensor ဖြင့်ထိန်းချုပ်သလိုလုပ်ကြမယ်။

မင်္ဂလာပါ ကျွန်တော်ဇာနည်ပါ။

ဒီနေ့ပြောပြချင်တဲ့အကြောင်းအရာလေးကတော့ ကိုစံလင်းရဲ့
အကြံဥာဏ်လေးတစ်ခုဖြစ်တဲ့ Software လေးတစ်ခုကနေ
သင့်၇ဲ့ Laptop Computer (Must be Include Web Cam) က
ကို Hand Sensor အနေနဲ့လှမ်းပီး Smart TV ကြီးတွေကိုထိမ်း
ချုပ်သလိုမျိုး အောက်ဖော်ပြပါ Software များကိုထိန်းချုပ်နိုင်ပါ
တယ်။ဆိုလိုတာက Mouse တွေ၊ ကီးဘုတ်မှ ခလုပ်တွေမလိုပဲ
လှုပ်ရှားမှုပုံရိပ်ပြပီး Control လှမ်းလုပ်တာဖြစ်ပါတယ်။
Grooveshark
Netflix
Pandora
Powerpoint
Spotify
VLC Media Player
Winamp
Windows Media Player
You Tube
iTunes
တွေဖြစ်ပါတယ်။


သူ့ကိုဘယ်လိုလုပ်ဆောင်ရမလည်းမပြောခင်မှာအရင်ဦးဆုံးလို
အပ်တဲ့ Software လေးကိုတော့ ဒီမှာဒေါင်းပါ ။ ပီသွားရင်သင့်စက်
ထဲကို ဒေါင်းထားတဲ့ 3MB သာရှိတဲ့ *.MSI ဖိုင်လေးကို Install လုပ်
လိုက်ပါ။ပီးသွားတာနဲ့သူက Chrome Browser မှာ Add-on တစ်ခု
သွင်းခိုင်ပါလိမ့်မယ်။



မျှားအနီလေးပြထားတဲ့နေရာမှထုံးစံအတိုင်းကျွန်တော်တို့ Add to Chrome
ဆိုတာလေးကိုနှိပလိုက်ပါ ပီးသွားရင် Browser ကို Restart တစ်ချက်
ပြန်ချလိုက်ပါ။ ဒါဆိုရင် သင့်ကွန်ပျူတာထဲ Install ဖိုင်ရော Chrome
အတွက် လိုအပ်တဲ့ Add-on ဖိုင်ရောသွင်းပီးသွားပီဖြစ်ပါတယ်။ ဒီတော့
ကျွန်တော်တို့က Chrome ထဲမှနေပီး You Tube ကိုဖွင့်လိုက်ပါမယ်။



အခုအထက်ဖော်ပြပါပုံက You Tube မှာ သီချင်းပွင့်နေတာဖြစ်ပါတယ်
ဒီဟာကိုကျွန်တော်တို့က သင့်ကွန်ပျူတာရဲ့ Web Cam အရှေ့ကနေ
လက်ဝါးကိုတည်တည့်အောက်ပါပုံအတိုင်း


 အနီးကပ်ဆုံး ၁ပေအကွာမှ အဝေးဆုံး
၇ပေ အကွာအထိထောင်ပီး အထမတစ်ချက် လက်ဝါးကိုတည့်တည့်
ထောင်ပြလိုက်တဲ့အခါအောက်ပါပုံအတိုင်း


Pause ဖြစ်သွားပါမယ်။ (တစ်ခုသတိထားရမှာက သင့်လက်ဝါးကို
ထောင်တဲ့အခါမှာ လက်ချောင်းတွေကတအားကျဲနေလို့မရပါဘူး)
ဆိုလိုတာက လက္ခဏာဆရာကို လက်ဝါးပြပီး မေးသလိုအနေ
အထားလောက်ရှိရပါမယ်။နောက်တစ်ချက်ပြန်ပီး ထောင်ပြတဲ့အခါမှာ
Pause ဖြစ်နေရာကနေ ပြန်ပီး Play ဖြစ်သွားပါလိမ့်မယ်။ဒါက You
Tube မှာ Hand Sensor ဖြင့် Control လုပ်တဲ့နည်းဖြစ်ပါတယ်။
နောက်တစ်ခုက Window Media Player မှာဖြစ်ပါတယ်။ထုံးစံအတိုင်း
ပေါ့ သီချင်း လေး၊ ငါးပုဒ်လောက် Window Media Player ထဲမှာထည့်
ပီးဖွင့်လိုက်ပါ။ပီးသွားရင်သင်ဖွင့်ထားတဲ့သီချင်းတွေကို Playနဲ့
Pause လုပ်ဖို့အတွက်ကတော့ အပေါ်မှာပြောခဲ့သလိုပဲ လက်ဝါးထောင်
ပြရုံနဲ့ရပါတယ်။ ရှေ့တစ်ပုဒ်ကျော်ချင်တယ်ဆိုရင်တော့ သင့်ရဲ့
ဘယ်ဘက်လက်ကိုအောက်ပါပုံအတိုင်းတစ်ချက် ကင်မရာကိုပြလိုက်ပါ။



ဒါဆိုရင် သင်ဖွင့်ထားတဲ့ Media Player မှာအောက်ပါပုံအတိုင်းပြပီးတော့



အရှေ့တစ်ပုဒ်ကိုကျော်သွားမှာဖြစ်ပါတယ်။အကယ်လို့သင်ကနောက်ပြန်
သွားချင်တယ်ဆိုရ်ငတော့ သင့်လက်ကိုအောက်ပါပုံအတိုင်းတစ်ချက်ထောင်
ပြလိုက်ပါ။

ညာဘက်လက်ဖြင့်ပေါ့။ညာဘက်လက်နဲ့မထောင်ပြချင်ဘူးဆိုရင်
လည်း အောက်ပါပုံအတိုင်း သင်ပထမထောင်ပြခဲ့သော ဘယ်ဘက်
လက်ဖြင့်လက်ကို ပက်လက်လှန်ပြလိုက်ပါ

ဒါဆိုရင်လည်းသီချင်းတစ်ပုဒ်နောက်ပြန်ဆုတ်သွားတာကိုတွေ့ရမှာပါ။
အထက်ဖော်ပြပါ လက်လှုပ်ရှားမှု (Hand Shacking) ဖြင့် Microsoft
Office Power Point, မှာလည်းလုပ်ဆောင်လို့ရပါတယ်။အားလုံးပဲ
အဆင်ပြေမယ်လို့ထင်ပါတယ်။သိပ်အခက်အခဲကြီးမဟုတ်တဲ့အတွက်
ကြောင့် ဗွီဒီယိုကျူတိုရီရယ်နဲ့ ကျွန်တော်မရှင်းပြတော့ပါဘူး။Desktop
Computer မှာလည်းLaptop နည်းတူ External Web Cam ကိုတပ်ပီး
စမ်းသပ်လို့ရပါတယ်။ ဒါပေမယ့်တစ်ခုဖြေရှင်းချက်ပေးချငတာကတော့
အကယ်လို့ သင်ဟာ Desktop Computer ကနေ External Web Cam
ဖြင့်အသုံးပြုမယ်ဆိုရင် Sensor Sensitivity က Delay ဖြစ်မှာပါ။ဆိုလို
တာက Laptop မှာလို Sensor က ချက်ချင်းအလုပ်မလုပ်ပဲ မိမိလှုပ်ရှား
လိုက်သော ပုံရိပ်တွေက Cam မှတဆင့် USB မှာ Data Flow ဖြစ်တဲ့
အတွက်ကြောင့် ဖြစ်ပါတယ်။ကျွန်တော်ရေးထားသော အကြောင်းအရာ
များကို ပထမတစ်ခေါက်မှာ သေချာနားမလည်မိဘူးဆိုရင် နောက်တစ်
ခေါက်ပြန်လည်ဖတ်ရှုစေလိုပါတယ်။ လုပ်ဆောင်ချက်တိုင်းကိုပုံများဖြင့်
အသေးစိတ်ရှင်းပြပေးထားပါတယ်။ ဒီနည်းပညာလေးကိုစမ်းသပ်ဖို့စိတ်
ကူးအကြံဥဏ်ပေးသော ကွန်ပျူတာနှင့်နည်းပညာဆိုင်ရာအမေးအဖြေ
ဆွေးနွေးခန်းမှ Admin ကိုစံလင်းအားလည်းအထူးပင်ကျေးဇူးတင်ရှိပါ
တယ်။ဤ Post နှင့်ပတ်သက်ပီးမရှင်းလင်းချက်များအား Comment Box 
အတွင်းမေးမြန်းထားနိုင်ပါတယ်။

Cristiano Zarni@ ဦးဇာနည်