Wednesday, June 4, 2014

WinRAR 5.01 Final +Registration[x86,x64]

WinRAR ဆိုရင်ကွန်ပျူတာသုံးတဲ့သူတိုင်းနားလည်းပြီးသားပါဗျာအခုကျွန်တော်တင်ပေးမှာကတော့WinRAR Registration ပါတဲ့ဆော့ဝဲလေးတွေ့လိုတင်ပေးလိုက်ပါတယ်ဖူးဘားရှင်းလေးဖြစ်ပါတယ်။32bit=64bit နှစ်မျိုးလုံးမှာအသုံးပြုနိုင်ပါတယ်ဗျာ။အားလုံးသိပြီးသားဆိုတော့အောက်မှာပဲလေ့လာပေးပါနော်

WinRAR 5.01 Final +Registration[x86,x64]

"WinRAR is a powerful archive manager. RAR files can usually compress content by 8 percent to 15 'percent more than ZIP files can. WinRAR is a powerful compression tool with many integrated additional 'functions to help you organize your compressed archives. It can backup your data and reduce size of email 'attachments, decompress RAR, ZIP and other files downloaded from Internet and create new archives in 'RAR and ZIP file format.

"WinRAR puts you ahead of the crowd when it comes to compression. By consistently creating smaller 'archives, WinRAR is often faster than the competition. This will save you disc space, transmission costs 'AND valuable working time as well. WinRAR is ideal for multimedia files. WinRAR automatically recognizes 'and selects the best compression method. The special compression algorithm compresses multimedia files, 'executables and object libraries

Features of WinRAR:
"Using WinRAR puts you ahead of the crowd when it comes to compression by consistently making smaller 'archives than the competition, saving disk space and transmission costs.
"WinRAR provides complete support for RAR and ZIP archives and is able to unpack CAB, ARJ, LZH, 'TAR, GZ, ACE, UUE, BZ2, JAR, ISO, 7Z, Z archives.
"WinRAR offers a graphic interactive interface utilizing mouse and menus as well as the command line interface.
"WinRAR is easier to use than many other archivers with the inclusion of a special "Wizard" mode which 'allows instant access to the basic archiving functions through a simple question and answer procedure. This 'avoids confusion in the early stages of use.
"WinRAR offers you the benefit of industry strength archive encryption using AES (Advanced Encryption Standard) with a key of 128 bits.
"WinRAR supports files and archives up to 8,589 billion gigabytes in size. The number of archived files is, for 'all practical purposes, unlimited.
"WinRAR offers the ability to create selfextracting and multivolume archives.
'Recovery record and recovery volumes allow to reconstruct even physically damaged archives.
"WinRAR features are constantly being developed to keep WinRAR ahead of the pack.

Installation Note :-

1) Install WinRAR 5.01 x86 (32 bit)/WinRAR 5.01 x64 (64 bit)

2) To Make your Copy Genuine Run Winrar Registration

3) Restart Your System And Enjoy

                                          DOWNLOAD 32bit
                    
                          DOWNLOAD 64bit

  အဆင်မပြေခဲ့တာများရှိခဲ့ရင် CBOX တွင်ပြောကြာခဲ့ပါနော် ပိုတိုရှော့ပုံများနှင့်နည်းပညာများကိုတိုက်ရိုက်ရယူချင်တယ်ဆိုရင်  
ဒီမှာFB LIKE နှိပ်လိုက်ခဲ့ပါနော် ၃စက္ကန့်အတွင်းကျွန်တော့်ဆိုဒ်ကနေ သင့်ဆီကိုအရောက်ပို့လာမည်။  
ကျွန်တော်ပိုင်သောဆိုဒ်များသို့လာလည်နိုင်ပါတယ်ဖိတ်ခေါ်လျှက်ပါ 
 
Photoshop &Techniques 
 
Full Version Software Android
 
ဒေါင်းနည်းများမသိပါက ဒီမှာနှိပ်ပြီး သွားကြည့်ပေးပါခင်ဗျာ
 
ကျွန်တော်ဆိုက်လေးထဲဝင်ပြီးလိုတာလေးများလေ့လာနိုင်ပါတယ်ဗျာ နောက်ထပ်လဲစုံလင်အောင်  ရှာကျန်တင်ပေးနေပါတယ်ဗျာ မိတ်ဆွေများမှကျွန်တော် fb လေးမှာ like လေးလုပ်ပြီး share ပေးခြင်းဖြင့်အားပေးပါနော် ကျေးဇူးတင်ပါတယ်
 
WinRar ပါတ်စဝပ်မေ့သွားရင်ပြန်ယူလို့ရမည့်ဆော့ဝဲလေး

ကျွန်တော်ဒီတခါတင်ပေးမှာကတော့သူငယ်ချင်း WinRar မှာပါတ်စဝပ်ခံထားပြီးမေ့သွားခဲရင် ပါတ်စဝပ်ပြန်ယူလို့ရတဲ့ဆော့ဝဲလေးတစ်ခုပါပဲ။ ဖူးဘားရှင်းလေးဖြစ်လို့အမြဲသုံးနိုင်ပါတယ်။WinRar ပါတ်စဝပ်မေ့သွားသူများ ကိုယ့်ပါတစ်ဝပ်ကိုပြန်လိုချင်တယ်ဆိုရင်တော့ဒီဆော့ဝဲလေးကိုဒေါင်းယူပြီးစမ်းကြည့်နိုင်ပါတယ်

http://www.solidfiles.com/d/7898fe1ad7/RAR_Password_Recovery_Serial.rar
                                  
  အဆင်မပြေခဲ့တာများရှိခဲ့ရင် CBOX တွင်ပြောကြာခဲ့ပါနော် ပိုတိုရှော့ပုံများနှင့်နည်းပညာများကိုတိုက်ရိုက်ရယူချင်တယ်ဆိုရင်  
ဒီမှာFB LIKE နှိပ်လိုက်ခဲ့ပါနော် ၃စက္ကန့်အတွင်းကျွန်တော့်ဆိုဒ်ကနေ သင့်ဆီကိုအရောက်ပို့လာမည်။  
ကျွန်တော်ပိုင်သောဆိုဒ်များသို့လာလည်နိုင်ပါတယ်ဖိတ်ခေါ်လျှက်ပါ 
 
Photoshop &Techniques 
 
Full Version Software Android
 
ဒေါင်းနည်းများမသိပါက ဒီမှာနှိပ်ပြီး သွားကြည့်ပေးပါခင်ဗျာ
 
ကျွန်တော်ဆိုက်လေးထဲဝင်ပြီးလိုတာလေးများလေ့လာနိုင်ပါတယ်ဗျာ နောက်ထပ်လဲစုံလင်အောင်  ရှာကျန်တင်ပေးနေပါတယ်ဗျာ မိတ်ဆွေများမှကျွန်တော် fb လေးမှာ like လေးလုပ်ပြီး share ပေးခြင်းဖြင့်အားပေးပါနော် ကျေးဇူးတင်ပါတယ်
 
PowerISO v5.9 ,13.03.2014, 64bit/32bit Full Version (CD/DVD အခွေ Burn ဖို့ အလွယ်ဆုံးဆောဝဲလေးပါ)

PowerISO ဆောဝဲလေးကတော့ အခွေ Burn ဖို့ အရမ်းအသုံးဝင်ပါတယ်။ မိမိ သိမ်းချင်တဲ့ Data ဖိုင်တွေကို PowerISO ဆောဝဲလေးနဲ့ CD/DVD အခွေ ထဲ Burn ပြီး သိမ်းဆည်းထားလို့ ရပါတယ်။ ထို့အပြင် MP3/AVI/ISO/MPEG/MP4 အစရှိတဲ့ ဖိုင်တွေကို DVD အခွေထဲ Burn လို့ရပါတယ်။ သုံးရတာလည်းအရမ်းကိုလွယ်ကူပါတယ်။ 

ISO ဖိုင်တွေကို Extract လုပ်နိုင်တယ်။ ပြီးတော့ အခြား Data ဖိုင်တွေကိုလည်း ISO ဖိုင်အဖြစ် Archive လုပ်နိုင်ပါသေးတယ်။ ထို့အပြင် ISO ဖိုင်များကို CD/DVD/USB Stick များမှာ Bootable Image အဖြစ် Burn နိုင်သောကြောင့် လူတိုင်း ဆောင်ထားသင့်ပါတယ်။

Full သုံးလို့ရအောင် Keygan ပါ တင်ပေးထားပါတယ်။ ဆော့ဝဲလ် ကို Install ပြးတာနဲ့ Keygan က Name နဲ့ Serial ကို Copy လိုက်ရင် Activated အဖြစ် အသုံးပြုနိုင်ပါပြီ။ 
စိတ်ဝင်စားရင် အောက်ကလင့်မှာ ဒေါင်းယူနိုင်ပါပြီ။

http://adf.ly/pI3IZ

 အားလုံးအဆင်ပြေပါစေ.......။

ကျွန်တော်ဆိုက်လေးထဲဝင်ပြီးလိုတာလေးများလေ့လာနိုင်ပါတယ်ဗျာ နောက်ထပ်လဲစုံလင်အောင်  ရှာကျန်တင်ပေးနေပါတယ်ဗျာ မိတ်ဆွေများမှကျွန်တော် fb လေးမှာ like လေးလုပ်ပြီး share ပေးခြင်းဖြင့်အားပေးပါနော် ကျေးဇူးတင်ပါတယ်
 
Files Upload & Sharing with Google Drive (Google Drive မှာ ဖိုင်တင်ပြီး ပြန် ရှယ် တဲ့ နည်းလေးပါ။ Gmail အကောင့် မပျက် သရွေ့ လင့်မသေ)

ကျွန်တော့်အနေနဲ့ ဖိုင်တစ်ခုခုကို Upload တင်တော့မယ်ဆိုရင် ကိုယ်တင်ထားတဲ့ ဖိုင်လေးတွေ ရေရှည် ခံမှာလား၊ စိတ်ချရလား၊ ကိုယ် Upload တင်ရတာနဲ့ ဒေါင်းယူမယ့်လူတွေအတွက်ရော အားလုံး လွယ်ကူ အဆင်ပြေမှာလားဆိုတာ အမြဲစဉ်းစားပါတယ်။ ဟိုအရင်တုန်းက ကျွန်တော် Mediafire ဆိုဒ်ကို သုံးခဲ့တယ်။ နောက်ပိုင်း Copyright ငြိတာတွေနဲ့ ခဏခဏ ဖိုင်တွေ အဖျက်ခံရတယ်။ 
ဥပမာ ဆော့ဝဲလ်တစ်ခုကို မူရင်းဆိုဒ်က ရောင်းစားတယ်။ အဲဒါကို ကိုယ်က Patch ဖိုင်တွေနဲ့ တင်တာ၊ Portable လုပ်ပြီး တင်တာတို့ဆို ဖျက်ပါတယ်။ တစ်ခြားဖိုင်တွေဆိုလည်း တစ်နှစ်လောက် ပီးရင် ဖျက်ပစ်တာပါပဲ။ ဒါက Mediafire ဆိုဒ်တင် မဟုတ်ပါဘူး။ Free File Hosting တိုင်းလိုလိုပဲ လုပ်နေကြတာ။ နောက် Flash Song တွေ Upload တင် [ လင့်ချိတ် ] တဲ့ သူငယ်ချင်းတွေ အများစုက Ning ဆိုဒ်တွေမှာပဲ သွားပြီး လုပ်နေကြတာပါ။ 
ခုနောက်ပိုင်း Ning ဆိုဒ်တွေဆို အများကြီးကို ပေါ်လာနေပါတယ်။ လင့်ချိတ်တဲ့လူတွေကလည်း အလွယ်တစ်ကူပါပဲ။ နောက် အဲဒီဆိုဒ်က အကြောင်းအမျိုးမျိုးကြောင့် ဆိုဒ်ပျက်သွားခဲ့ရင် ကိုယ်တင်ထားတဲ့ လင့်တွေက အလုပ် မလုပ်တော့ပါဘူး။ ပြီးတော့ ကိုယ် အဲဒီဆိုဒ်ကို မဝင်ချင်တော့လို့ အပြီးထွက်ရင်လည်း လင့်တွေ ပျက်ပါတယ်။ 
Google Drive မှာ ကျွန်တော်တို့ Blogger တွေ၊ Flash Song Creator တွေအားလုံး အတွက် ဆော့ဝဲလ်တွေနဲ့ ဖလပ်သီချင်းတွေ Mp3 သီချင်းတွေ၊ ပုံတွေ၊ PDF ဖိုင်တွေ နဲ့ တစ်ခြား ဖိုင်တွေအားလုံးကို အွန်လိုင်းပေါ်မှာတင် သိမ်းဆည်းပြီး ပြန်လည်မျှဝေဖို့ကို သင့်အနေနဲ့ Gmail အကောင့် တစ်ခု ရှိရုံနဲ့ 15 GB အထိ Upload လုပ်နိုင်ပါတယ်။ 
.zip .rar နဲ့ ချုံ့ထားတဲ့ ဖိုင်တွေဆိုရင် လင့်ကို တစ်ချက်နှိပ်လိုက်ရုံနဲ့ ဒေါင်းလုပ်ကျပြီး Flash Song တွေရင်လည်း လိုင်းပေါ်မှာတင် နားထောင်လို့ရပါတယ်။ Download အတွက် ပေးချင်တယ် ဆိုရင်လည်း လင့်တစ်ခုနဲ့တင် ရပါပြီ။ MP3 သီချင်းတွေဆိုရင်လည်း ဒေါင်းလုပ်ပေးလို့ရတယ်။ Flash Mp3 Player တွေနဲ့ ကုတ်ထည့်ပြီး တင်လို့ရတယ်။ 
ကိုယ့်ဝဘ်ဆိုဒ်မှာ အသုံးပြုဖို့ .css , .js ဖိုင်တွေကိုလည်း ကုတ်နဲ့ထည့်ပြီး သုံးလို့ရတယ်။ html ဖိုင်တွေကိုလည်း လိုင်းပေါ်မှာတင် ကြည့်လို့ရပါတယ်။ ဒီတော့ ကျွန်တော်တို့အတွက် Google Drive ထက်ကောင်းတာ ဘာရှိဦးမလဲ။ Google Drive ဆိုတာ www.google.com ကို သွားလိုက်ရင် Gmail ရဲ့ ညာဘက်မှာ ရှိပါတယ်။

ကျွန်တော်တို့ လိုချင်တာတွေ ရှာဖို့ Search , Images ရှိတယ်။ ဖုန်းမှာ သုံးဖို့ ဆော့ဝဲလ်တွေ ဂိမ်းတွေ ဒေါင်းဖို့က Play ရှိတယ်။ Video ဖိုင်တွေ ကြည့်ချင်ရင် YouTube သွားပေါ့။ Gmail ဆိုတာကတော့ အထူးမိတ်ဆက်ပေးစရာမလိုဘူး ထင်တာပဲ။ 
လူတိုင်းမှာ Gmail အကောင့် ၁ ကတော့ အနည်းဆုံးရှိတာပဲလေ.. Google ဆိုတာ ကျွန်တော်တို့ အတွက် အွန်လိုင်းပေါ်မှာ လိုအပ်တာတွေ အားလုံးကို ဖြည့်ဆည်းပေးနေတဲ့ ကမ္ဘာကျော် ဝဘ်ဆိုဒ်ပါ။ အဲဒီတော့ သင်ယုံကြည် စိတ်ချစွာနဲ့ Google Drive ကို အသုံးပြုနိုင်ပါတယ်။ 
ဖိုင်တွေကို Upload တင်မယ်ဆိုရင် ပထမဦးဆုံး ဒီကနေ သွားပြီး သင့် Gmail အကောင့်နဲ့ Sign In လုပ်ပါ။ အဲဒါဆို ဒီစာမျက်နှာကို ရောက်လာပါလိမ့်မယ်။ ဖိုင်တွေကို Folder တစ်ခုစီ လုပ်ထားတာ ပိုကောင်းပါတယ်။ ပြီးရင် ဆော့ဝဲလ် ဒါမှ မဟုတ် Flash Song ၊ ကိုယ်တင်ချင်တာကို Upload တင်ပါ။

ကိုယ် Upload တင်ထားတဲ့ ဖိုင်တွေကို ရှယ်တဲ့ နေရာမှာ ကိုယ်ကဖိုင်တွေကို တစ်ခုချင်းစီ ရှယ်မယ်ဆို လည်း ရပါတယ်။ 
Folder တစ်ခုလုံး ရှယ်ချင်တယ်ဆိုလည်း ရပါတယ်။ ကျွန်တော်ကတော့ Folder တစ်ခုလုံး ရှယ်ပါတယ်။ အဲဒါက ကိုယ့်အတွက်ရော ဒေါင်းတဲ့သူ အတွက်ပါ ကောင်းပါတယ်။ ဒါကတော့ ကိုယ့်စိတ် သဘော အတိုင်းပေါ့နော်..
ခုလိုမျိုးပေါ်လာပြီဆိုရင် Change... ကို နှိပ်ပါ။ 
အပေါ်ဆုံးက Public on the web ကို ရွေးပြီး Save လုပ်လိုက်ပါ။ 
အနီရောင်နဲ့ ဝိုင်းပြထားတဲ့ လင့်ကို ကော်ပီ ယူလိုက်ပါ။

ဒါက Flash Songs Folder တစ်ခုလုံး ရှယ်ထားတဲ့လင့်ပါ။

https://drive.google.com/folderview?id=0B2_DQmuprDoidnJiOWo4NGs1SzQ&usp=sharing
ဒါကFlash Song တစ်ပုဒ်ပဲ ရှယ်ပေးထားတာပါ။

https://docs.google.com/file/d/0B2_DQmuprDoiUHVubW9LSWtJNE0/edit?usp=sharing

အနီရောင်နဲ့ ပြထားတာက ရှယ်ထားတဲ့ ဖိုင်ရဲ့ id ပါပဲ..။ လင့်ကို အောက်ပါ အတိုင်း ပြောင်းလိုက်ပါ။

 https://googledrive.com/host/ဒီနေရာမှာ ဖိုင် id ထည့်ပါ...

ကျွန်တော် အောက်မှာ လုပ်ပြထားပါတယ်။

https://drive.google.com/folderview?id=0B2_DQmuprDoidnJiOWo4NGs1SzQ&usp=sharing

https://googledrive.com/host/0B2_DQmuprDoidnJiOWo4NGs1SzQ
-------------------------------------------------------------------------------------------------------
https://docs.google.com/file/d/0B2_DQmuprDoiUHVubW9LSWtJNE0/edit?usp=sharing

https://googledrive.com/host/0B2_DQmuprDoiUHVubW9LSWtJNE0

ဒီနည်းအတိုင်း ဖိုင်ကို လင့်ပြောင်းလိုက်ရင် .zip .rar နဲ့ ချုပ်ထားတဲ့ ဖိုင်ဆိုရင် တစ်ခါတည်း ဒေါင်းလုပ် ကျပါတယ်။ Flash Song ဆိုရင် လိုင်းပေါ်မှာတင် နားထောင်လို့ ရတယ်။ မူရင်းလင့်ကို ဒေါင်းလုပ်ပေး မယ်ဆို တစ်ချက်ခုတ်၊ နှစ်ချက်ပြတ် လင့်တစ်ခု တည်းနဲ့တင် တော်တော် အဆင်ပြေနေပါပြီ။ 
Upload တင်ထားတဲ့ ဖိုင်တွေကို ရှယ်တဲ့နေရာမှာ ဖိုင် တစ်ခုစီရှယ်မယ်ဆိုရင် အချိန်အများကြီးပေးရ ပါလိမ့်မယ်။ ဒါ့ကြောင့် Folder တစ်ခုလုံးကို ရှယ်လိုက်ပြီး လင့်ကို ဖွင့်လိုက်။ ကိုယ်တင်ပေးချင်တာကို Right Click >> Copy Link Loction လုပ်ပြီးတော့ တင်လိုက်ရုံပါပဲ....။
 ကျွန်တော် Google Drive က တင်ထားတာလေးတွေကိုတော့ အောက်မှာ လင့်ပေးထားပါတယ်။

Software  >> https://googledrive.com/host/0B-qdXDrTpme3c3N1cG1oNENFSU0/

Flash Songs >> https://googledrive.com/host/0B-qdXDrTpme3SFhfUExZRkttWGc/

Andriod Apk >> https://googledrive.com/host/0B-qdXDrTpme3SXdtdE5MczFNSTQ/

သူငယ်ချင်းများ အားလုံးပဲ အစစ အရာရာ အဆင်ပြေပြီး ပျော်ရွှင်ကြပါစေလို့ ဆုတောင်းပေးပါတယ်....။
Creadit ~ သူရိန်လင်း

အားလုံးအဆင်ပြေပါစေ.......။
 
ကျွန်တော်ဆိုက်လေးထဲဝင်ပြီးလိုတာလေးများလေ့လာနိုင်ပါတယ်ဗျာ နောက်ထပ်လဲစုံလင်အောင်  ရှာကျန်တင်ပေးနေပါတယ်ဗျာ မိတ်ဆွေများမှကျွန်တော် fb လေးမှာ like လေးလုပ်ပြီး share ပေးခြင်းဖြင့်အားပေးပါနော် ကျေးဇူးတင်ပါတယ်
 
Ashampoo SlideShow Studio Full Version !!! ဓါတ်ပုံတွေကိုနောက်ခံသီချင်းနဲ့မြန်မာစာတန်းထိုးပြီးစလိုက်ရှိုးလုပ်

ကျွန်တော့သူငယ်ချင်းတွေထဲမှာ ဓါတ်ပုံကိုနောက်ခံသီချင်းလေးနဲ့မြန်မာစာတန်းထိုးပြီး စလိုက်ရှိုးလုပ်ချင်ကြ
သူတွေပါရင်တော့ဒါလေးကိုဆွဲထားလိုက်ပါ။ ဓါတ်ပုံတစ်ပုံနဲ့တစ်ပုံကြားမှာ Transition Effect တွေကလည်း
ဒီဇိုင်းမျိုးစုံနဲ့ပါဝင်ပါတယ်။ မိမိကြိုက်နှစ်သက်ရက်ရာ Subtitle ကိုလည်းကြိုက်တာရွေးချယ်ပြီး မြန်မာစာလုံး
အလှလေးတွေနဲ့ဖန်တီးလို့ရပါသေးတယ်။ မိမိစိတ်ကြိုက်ရရင်တော့ အဆင်ပြေတဲ့ Format (avi / mpeg/mp4)ကိုချလို့ရပါတယ်။ အားလုံးအဆင်ပြေအောင် ဒေါင်းလော့စ်ဖိုင်ထဲမှာ ဘယ်လိုလုပ်ရလဲဆိုတာ
Movie လေးနဲ့ရှင်းပြထားပါတယ်။ အမြဲတမ်း Full နေစေဖို့အထဲမှာ Serial Key လေးပါထည့်ပေးထားပါ
တယ်။

ကျွန်တော်တင်သမျှပိုစ့်တွေ Facebook ကနေရယူချင်တယ်ဆိုရင် ဒီမှာ Like နှိပ်ပါ 

http://adf.ly/pI1JB

http://adf.ly/pI1R9
နည်းပညာမြို့တော်

ကျွန်တော်ဆိုက်လေးထဲဝင်ပြီးလိုတာလေးများလေ့လာနိုင်ပါတယ်ဗျာ နောက်ထပ်လဲစုံလင်အောင်  ရှာကျန်တင်ပေးနေပါတယ်ဗျာ မိတ်ဆွေများမှကျွန်တော် fb လေးမှာ like လေးလုပ်ပြီး share ပေးခြင်းဖြင့်အားပေးပါနော် ကျေးဇူးတင်ပါတယ်
 
Ashampoo Slideshow Studio HD 3.0.5.8 Final

မင်္ဂလာပါဗျာ ဒီနေ့တော့ သီချင်းနောက်ခံနဲ့ ဓါတ်ပုံတွေကိုSlideshow ပြုလုပ်ချင်သူတွေ အတွက်Ashampoo Slideshow Studio HD3.0.5.8 ကို ပြန်ရှယ်ထားပါတယ်ဆော့ဝဲလ်ကို Full Version ဖြစ်ဖို့ အတွက်Registration ဖိုင်ကို အသုံးပြု ရမယ်ဖြစ်ပါတယ်အသုံးပြုနည်း အနည်းနည်းလောက်ရှင်းပြထားပါတယ်File Size (37.9 Mb ) ကျော်ရှိပါတယ်

၁.Create new Project ကို ရွေးလိုက်ပါ
၂.အကြီးရယ် အသေးရယ် ကြိုက်တာတစ်ခုရွေးပြီး New Project ကို နှိပ်လိုက်ပါ
၃. Yes ကို ပေးလိုက်ပါ
၎.မိမိစိတ်ကြိုက် Slideshow ပြုလုပ်ချင်သည့် ပုံတွေကို ရွေးချယ်ပြီး Open ကို နှိပ်လိုက်ပါ
လုပ်နည်းကို ကိုယ်ကြိုက်သလိုဖန်းတီးပြုပြင်ပြီးဆက်ပါဗျာ
အားလုံးအဆင်ပြေပါစေနော်။
Ashampoo Slideshow Studio HD makes sharing your pictures easier that it used to be: with its easy point-and-click interface and ready-to-use themes you can create great auto-playing slideshows with music and terrific animated transitions in a snap. After digital cameras made photography easier than ever, now Ashampoo Slideshow Studio HD lets you share your pictures in a simpler way, as well.

However, the real innovation is the output formats: you can’t just burn your slideshows to DVDs that will play on any home DVD player. You can also generate HD (high-definition) slideshows that you can upload to YouTube and MyVideo, or as MPEG2, MPEG4 or Windows Media video files that will play on pretty much any computer available. And since the slideshows are saved in a single file sharing them couldn’t be easier.

Overview of highlights
- Comfortable and easy handling
- Spectacular picture transitions, opening and end credits, background music, subtitles etc.
Freely definable effects, panning and zooming (Ken Burns)
- Slideshows in HD quality (720p and 1080p)
- Output formats MPEG-1,-2,-4, Facebook compatible format etc.
- Direct burning on DVD or Blu-ray Disc
- Upload directly to YouTube
===

ဓါတ်ပုံတွေကို နောက်ခံ သီချင်းလေးနဲ့ လုပ်ချင်တယ် ဆိုရင် Photo DVD Slideshow Professional 8.53 လေးနဲ့ လုပ်ကြည့်ပါ

Photo DVD Slideshow Professional 8.53 Multilingual | 29.7 Mb
ကျနော် လက်တွေ့ လုပ်ထားတာလေး ကို ပြန်လည် မျှဝေခြင်ပါတယ် ခင်ဗျာ
ဘာလည်း ဆိုတော့ ဓါတ်ပုံတွေကို နောက်ခံသီချင်းလေးနဲ့ဆလိုက်ရှိုး လုပ်နည်းလေးပါ

အခု့ခေတ်မှာတော့ လူတိုင်းနီးပါးလောက် လုပ်တက်နေကြပါပြီ။ ကျနော် ဆိုဒ်ကလည်း

ဆော့ဝဲတွေကိုပဲ မျှဝေ နေမိတယ် လုပ်နည်းကို ပြတာလည်း နည်းနေတယ် ဒါကြောင့် ဒါလေးနဲ့

ပထမဆုံး လုပ်ပြမယ်နော် ရိုးရိုး Slideshow တခု့ ဖြစ်အောင်ပဲ.ပုံလေးတွေနဲ့ပြမယ်နော်

ကျနော် လုပ်တာထက် ကောင်းတာလိုချင်တယ် ဆိုရင်တော့ အထဲမှာ လိုက်မွှေလိုက်ပါ

ဆော့ဝဲ ကိုတော့ အောက်မှာ ယူလိုက်ပါ ခင်ဗျာ ဖိုင်ဆိုဒ် ကလည်းသေးသေးလေးပါ
DOWNLOAD FROM
အထဲမှာ serial key နဲ့ user name ပါ ပါတယ်

ကျနော့် စက်မှာတော့ full version ဖြစ်ပြီးသွားပါပြီ ခင်ဗျာ
အရင်ဆုံး ဒေါင်းထားတဲ့ ဖိုင်ထဲ က dps install.exe ဆိုတာလေးကို run ပြီးတော့

အဆုံးထိ install လုပ်လိုက်ပါ။
ပြီးသွားပြီဆိုရင် Desktop မှာ Short cut လေးတခု့ တိုးသွားပါလိမ့်မယ်။

Short cut လေးကို ကလစ် ၂ ချက်ခေါက်ပြီး ဖွင့်လိုက်ပါ။ ပြီးရင် အပေါ်နားလေးက

Help ဆိုတာ လေးကို နှိပ်လိုက်ပါ။အောက်မှာ ပုံလေးနဲ့ ပြထားပါတယ်။ Register ဆိုတာကို 
ဆက်သွားပါ

Registration Name နေရာမှာ Text ဖိုင်ထဲမှာ ပါတဲ့  Name နေရာက နာမည်ကို ထည့်လိုက်ပါ

Registration Key နေရာမှာလည်း အထဲမှာ ပါတဲ့ Serial ဆိုတဲ့ 
၃၅ လုံးပါတဲ့ စာလုံးတွေကိုထည့်လိုက်ပါပြီးရင် Activate လုပ်လိုက်ရုံပါပဲ ခင်ဗျာ

အပေါ်ကစာတန်းလေး ပေါ်သွာားရင် Full version ဖြစ်သွားပါပြီခင်ဗျာ။ အဲ့ဒါက  Fullversion
ဖြစ်အောင်လုပ်နည်း ကို အတိုချုံး ပြထားတာပါ ခင်ဗျာ

အရင်ဆုံး မိမိအသုံးပြု့မယ့် Photo DVD Slideshow Professional လေးကို

ကလစ် ၂ ချက်ခေါက်ပြီးတော့ ဖွင့်လိုက်ပါ။အောက်က ပုံအတိုင် ပေါ်လာမယ်

ဒီကောင်လေးကတော့ ပေါ့ပေါ့ပါးပါး နဲ့ လုပ်ရတာလွယ်ကူပါတယ်။ပထမဆုံး မိမိ လုပ်မယ့်

ဓါတ်ပုံ Album ကို Themes လေးနဲ့ လုပ်ချင်တယ် ဆိုရင်အောက်မှာ ပြထားတဲ့ Album Themes

ဆိုတဲ့ နေရာကနေသွားလိုက်ပါ အဲ့ဒီမှာညာဘက်ဘေးမှာCurrent theme ဆိုတာလေးရှိပါတယ်

မိမိ စိတ်ကြိုက် Themes တွေကို ရွေးချယ် အသုံးပြု့နိုင်ပါတယ်

ရွေးချယ်လိုက်ပြီ ဆိုရင် ဓါတ်ပုံတွေဟာ Themes ထဲမှာ ပဲ လှလှပပ လေးပေါ်လာမှာပါ

ဒီအောက်မှာတော့  ၁ ၊၂ ၊၃ ၊ ၄ ဆိုပြီးတော့ နံပါတ်တပ်ပေးထားပါတယ်

၁။ မိမိ အသုံးပြု့မယ့် ဓါတ်ပုံတွေကို Organize Photoဆိုတာကိုနှိပ်ပြီး ရွေးချယ်လိုက်ပါ ။
၂။ သူကတော့ Album Photo ဆိုတာ ကို နှိပ်ပြီးတော့ မိမိ ရွေးထားတဲ့ ပုံတွေကို slide show 
လုပ်ဖို့အတွက် ထပ်ရွေးချယ်ပေးရပါမယ်။
၃ ။ အခု့န ရွေးချယ် ထားတဲ့ ပုံတွေကို + Add ဆိုတာကို နှိပ်ပြီးတော့ နောက်ဆုံးရွေးပေးရပါမယ်
၎ ။  Output Format ဆိုတာကတော့ ဆလိုက်လုပ်ပြီးတဲ့ အခါ ဒီ video ကို မိမိ က ဘယ်နေရာမှာ
ကြည့်ချင်တာလဲ..? Android မှာလား IOS ဖုန်းတွေမှာလား 
 DVD, VCD Media Player တွေမှာလား မိမိ အသုံးပြု့မယ့် DEVICE အပေါ်မှာ 
မူတည်ပြီးတော့ ရွေးပေးရပါမယ်။
အောက်မှာ ပြထားသလို မိမိကြိုက်ရာ Format နဲ့ အသုံးပြု့နိုင်ပါတယ်

ဓါတ်ပုံတွေကို ရွေးပြီးရင် နောက်ခံ အသုံးပြု့ဖို့အတွက် သီချင်းရွေးပေးရပါမယ်
သီချင်းရွေးဖို့အတွက် Transition & music ကိုရွေးပေးပါ။
 အောက်က ပုံ အတိုင်း Add ကို ဆက်နှိပ်ပါ
မိမိ အသုံးပြု့မယ့်သီချင်းရပြီ ဆိုရင် Open ကို နှိပ်ပြီး ဆက်သွားလိုက်ပါ။ ဒီနေရာမှာ အသုံးပြု့မယ့်
သီချင်းနဲ့ မိမိရွေး ထားတဲ့ ဓါတ်ပုံတွေ အချိန် ကိုက်ညီမှု့ ရှိမရှိ ကိုလည်း တခါတည်းစစ်ဆေးပေးရပါမယ်
သီချင်းက ရှည်နေပီး ပုံတွေ နည်းနေရင် ထပ်ဖြည့်ပါ။ သီချင်းက တိုပြီးတော့ ပုံတွေက များနေရင်လည်း
ပုံတွေကို တခါတည်း ဖျက်လို့ရပါတယ်

သီချင်းရဲ့ ကြာချိန် ဓါတ်ပုံတပုံ ကနေ တပုံ ကို ကူးပြောင်းမှု့ ကြာချိန်တွေကို အပေါ်က ပြထားတဲ့

အနီရောင်လေးထောင့် ကွက်ထဲမှာ တခါတည်း ဝင်ညှိလို့ ရပါတယ်။

အောက်မှာတော့ မိမိ လုပ်ထားတဲ့ သီချင်းတွေနဲ့ ဓါတ်ပုံတွေကို ကွန်ပြူတာထဲမှာပြန်သိမ်းတော့မယ် 

ပုံမှာ ပြထားတဲ့ အတိုင်း Burn to Disc ကို နှိပ်လိုက်ပါ။

မိမိရွေးချယ်ထားတဲ့ output format ရဲ့ ဘေးမှာ Creat Now ဆိုတာလေး ပါတယ်

နှိပ်လိုက်တာနဲ့ process စပါပြီခင်ဗျာ. 
အောက်က ပုံလေးကတော့ မိမိရဲ့ Photo SlideShow ပြီးဆုံးသွားတာကို ပြထားတာပါ

မိမိ လုပ်ထားတဲ့ Movies လေးကို သွားကြည့်ချင်ရင် အများအားဖြင့်တော့

My Document ထဲက Photo Slide Show Creator ထဲမှာသွားကြည့်လိုက်ပါ

ဒါပေမယ့် တယောက်နဲ့ တယောက် Output Folder တူချင်မှ တူမှာပါခင်ဗျာ။

အထဲမှာ လုပ်လို့ ရတာတွေအများကြီးပါ ပါတယ် ကျနော် ကလည်း အလုပ်တဖက်နဲ့ မို့ ဒီလောက်လေးပဲ

ပြောပြနိုင်ပါတယ် ခင်ဗျာ

ကိုလတ်(ကျွဲဆင်း)

ဒေါင်းနည်းမသိခဲ့ပါက { ဒီမှာ } သွားလိုက်ပါ

ဒေါင်းနည်းများမသိပါက ဒီမှာ သွားကြည့်ပေးပါခင်ဗျာ
 
ကျွန်တော်ဆိုက်လေးထဲဝင်ပြီးလိုတာလေးများလေ့လာနိုင်ပါတယ်ဗျာ နောက်ထပ်လဲစုံလင်အောင်  ရှာကျန်တင်ပေးနေပါတယ်ဗျာ မိတ်ဆွေများမှကျွန်တော် fb လေးမှာ like လေးလုပ်ပြီး share ပေးခြင်းဖြင့်အားပေးပါနော် ကျေးဇူးတင်ပါတယ်
 
တစ်လ ချောကလတ် ၃ ကြိမ်၊ အသက် တစ်နှစ်ပိုရှည်

တစ်လကို ချောကလတ် ၃ ကြိမ် ပုံမှန်စားသုံးခြင်းကို လူ့အသက်ကို တစ်နှစ် ပိုရှည်စေတယ်လို့ ဆေးပညာ မှတ်တမ်းများအရ ရေးသားဖော်ပြ ကြပါတယ်။

ရက် ၃၀ အချိန်အတွင်းမှာ ချောကလတ် စားသုံးမှု ၃ ကြိမ်ပြုလုပ်ပြီး တစ်ကြိမ်တိုင်းမှာ စားတဲ့ ပမာဏကလည်း ပုံမှန်စားသုံးတဲ့ ပမာဏ တစ်ခုသာ ရှိဖို့လိုအပ်တယ်လို့ ဆိုပါတယ်။ Radical လို့ခေါ်တဲ့ ဆဲလ်ကို ဖျက်ဆီးပြီး ကင်ဆာ ဖြစ်စေတဲ့ ဆဲလ်တို့ မွေးဖွားနှုန်းကို လျော့ချပေးပြီး မကောင်းတဲ့ ကိုလက်စထရော များ ကိုယ်တွင်းမှာ ဖွဲ့စည်းခြင်းဟာ ဖြစ် မလာအောင် တားဆီး ကာကွယ် ပေး ပါတယ်။ ဒါကြောင့်မို့ ချောကလတ် ပုံမှန်စားသုံးခြင်းက ကျန်းမာရေးနဲ့ ညီညတ်ရခြင်း ဖြစ်ပါတယ်။

ချောကလတ် အနက်ရောင် စားသုံးခြင်းက အသက်ပိုရှည်စေတဲ့ အပြင် ကိုယ်ခံအားပါ ကောင်းမွန်စေ ကြောင်း သိရ ပါတယ်။
.
Ref: dyknow
Aung Kham (www.innewsmyanmar.com)

ကျွန်တော်ဆိုက်လေးထဲဝင်ပြီးလိုတာလေးများလေ့လာနိုင်ပါတယ်ဗျာ နောက်ထပ်လဲစုံလင်အောင်  ရှာကျန်တင်ပေးနေပါတယ်ဗျာ မိတ်ဆွေများမှကျွန်တော် fb လေးမှာ like လေးလုပ်ပြီး share ပေးခြင်းဖြင့်အားပေးပါနော် ကျေးဇူးတင်ပါတယ်

အရည်အပြား ကင်ဆာ ပျောက်ဆေး တွေ့ရှိ

ဗြိတိန် နိုင်ငံ အခြေဆိုက် Merck Sharp & Dohme အမည်ရ ဆေးဝါး ကုမ္ပဏီဟာ ယခု လက်တလော လေးတင် အရည်အပြား ကင်ဆာ ရောဂါ ပျောက်ဆေး တစ်ခုကို တရားဝင် ကြေညာ လိုက်ပါတယ်။ အသက် ၄၀ ကျော် ဝန်းကျင် ရှိတဲ့ အရည်အပြား ကင်ဆာ ရောဂါ ဝေဒနာ သည် တစ်ဦးကို တိုက်ကျွေး ပြုစုရာ ရောဂါ ပျောက်ကင်း သက်သာ သွားတာ ကြောင့် ယင်း ဆေးကို အတည်ပြုလိုက်ခြင်း ဖြစ်ပါတယ်။

အမျိုးသားများထက် အမျိုးသမီး များအတွက် ရောဂါ ပျောက်နိုင်ချေ ပိုများ ပါတယ်။ ရောဂါ ပျောက်နိုင်ချေ ရာခိုင်နှုန်းက ၇၅ ရာခိုင်နှုန်း ရှိတာ ကြောင့် ဆေးဝါးဖော်ဆပ်မှု အောင်မြင်တယ်လို့ အတည်ပြုခြင်း ဖြစ်ပါတယ်။ နောက်ထပ် ရောဂါသည် ၄၀၀ ဦးရေ အပေါ် တိုက်ကျွေး စမ်းသပ် အုံးမှာ ဖြစ်ပါတယ်။

ဒါကြောင့်မို့ ဆေးဝါး မှတ်ပုံတင် ရရှိအောင် ပြုလုပ်ပြီး ကမ္ဘာ အနှံ့သို့ တရားဝင် ဖြန့်ဖြူး ရောင်းချ သွားမှာ ဖြစ်ကြောင်း သိရပါတယ်။
.
Ref: metro
အောင်ခမ်း (www.innewsmyanmar.com)
ကျွန်တော်ဆိုက်လေးထဲဝင်ပြီးလိုတာလေးများလေ့လာနိုင်ပါတယ်ဗျာ နောက်ထပ်လဲစုံလင်အောင်  ရှာကျန်တင်ပေးနေပါတယ်ဗျာ မိတ်ဆွေများမှကျွန်တော် fb လေးမှာ like လေးလုပ်ပြီး share ပေးခြင်းဖြင့်အားပေးပါနော် ကျေးဇူးတင်ပါတယ်

** မူးယစ် တွေဝေ ထုံထိုင်း စေတတ်လို့ ကော်ဖီတွေ သတိထား **

Photo: ** မူးယစ် တွေဝေ ထုံထိုင်း စေတတ်လို့ ကော်ဖီတွေ သတိထား **
~~~~~~~~~~~~~~~~~~~~~~~~~~~

သင်္ကြန် အတွက် မိန်းခလေးများ သတိပြုစရာ
20.3.2014
  ***************************

သင်္ကြန်အတွင်း မိန်းကလေးများ သတိပြုမိစေရန်… သတင်း…..
မိန်းကလေးတွေ … သင်္ကြန်မှာ ချမ်းနေတုန်း ..ကော်ဖီပူပူတိုက်တိုင်း .. ယုံယုံကြည်ကြည်မသောက်ကြပါနဲ့ ..။
ဘ၀ …ပါ …လမ်းကြောင်းပြောင်းသွားနိုင်ပါတယ် ..။
ကာမစိတ်ကို နှိုးဆွနိုင်သော ကော်ဖီမစ်များ ဈေးကွက်အတွင်းသို့ တရားမ၀င်လမ်းကြောင်းများမှတစ်ဆင့် အလွယ်တကူ တွင်ကျယ်စွာတင်သွင်းရောင်းချနေခြင်းကြောင့် သင်္ကြန်အတွင်း ..လူငယ်များအကြားအသုံးချမှု မှားယွင်းကာမလိုလားအပ်သော လူမှုရေးပြဿနာများဖြစ်လာနိုင်စရာရှိကြောင်း၊ ယင်းကဲ့သို့ဖြစ်လာနိုင်သည့် အခြေအနေများကိုတွေးဆ၍ မိဘများနှင့်ဆရာ၊ ဆရာမတချို့မှလည်း စိုးရိမ်ပူပန်လျက်ရှိကြောင်းသိရသည်။
ကော်ဖီမစ်ထုတ်များမှာ ၂ မျိုးခွဲထားကြောင်းသိရသည်။အမျိုးသားများ သောက်ရန်တမျိုး နှင့် အမျိုးသမီးများ အတွက်တမျိုးထုတ်လုပ်ထားကြောင်းသိရသည် ။ အမျိုးအစားမှာ ဘရာဇီးကော်ဖီဖြစ်ကြောင်း၊ ရေနွေးတွင် ပျော်ဝင်မှုမြန်ကြောင်း။ အခြားကော်ဖီများနှင့် အရောင်အသွေး၊ အရသာခပ်ဆင်ဆင်တူကြောင်း၊ သောက်နေစဉ် အချိန်အတွင်း ကာမစိတ်ကိုနိုးကြွစေနိုင်ကြောင်း၊ ဆန့်ကျင်ဖက်လိင်နှင့် တွေ့လာပါက ကာမစိတ်များဖြစ်ပေါ်စေနိုင်ကြောင်း အင်္ဂလိပ်ဘာသာဖြင့် အညွှန်းရေးသားထားသည်။ ထိုကော်ဖီကို လူငယ်ယောင်္ကျားလေးများ အများဆုံးဝယ်ယူကြကြောင်းတွေရှိရသည်။
ယခင်က ပီကေ၊သကြားလုံးများ သာခေတ်စားနေပြီး ယခုအခါ အမျိုးသမီးမိန်းကလေးများ သတိမထားမိသည့် ကော်ဖီကို အသုံးများလာကြောင်း သိရသည်။
ကော်ဖီဧ။် ဈေးနှုန်းမှာလည်း အများဝယ်ယူသုံးစွဲ နိုင်သော ချိုသာသောအနေအထားဖြစ်နေခြင်းကြောင့် လူငယ်အမျိုးသားများ ၀ယ်ယူမှုနှုန်းများလာကြောင်းသိရသည်။
ကော်ဖီ၏အာနိသင်မှာ သောက်ပြီးရင် စိတ်တွေလန်းဆန်းသွားမယ်၊ ကာမစိတ်နိုးကြားတာတွေဖြစ်မယ်၊ ကိုယ့်စိတ်ကိုကိုယ်မထိန်းချုပ်နိုင်တော့ဘဲ နောက်ဆုံးအဆင့်တွင် အိပ်ပျော်သွားမည်ဖြစ်ကြောင်းသိရသည်။ နာမည်မှာ Men`s Coffee နှင့် အမျိုးသမီးများအတွက်ကို တရုတ်အမည်ဖြင့်ဖြစ်သည်။
mandalaly gayzette က ukok44 ရဲ့ ပိုစ့်တစ်ခုကို သင်္ကြန်အတွက် အထူးသတိပြုရန် မွမ်းမံပြီးတင်ပေးလိုက်ပါတယ် ..။

Ref : MyanmarCnn IBlogger

ကျွန်တော်ဆိုက်လေးထဲဝင်ပြီးလိုတာလေးများလေ့လာနိုင်ပါတယ်ဗျာ နောက်ထပ်လဲစုံလင်အောင် 
ရှာကျန်တင်ပေးနေပါတယ်ဗျာ မိတ်ဆွေများမှကျွန်တော် fb လေးမှာ like လေးလုပ်ပြီး share ပေးခြင်းဖြင့်အားပေးပါနော် ကျေးဇူးတင်ပါတယ်

Ref : MyanmarCnn IBlogger
 
**၁ - ပတ်အတွင်း B ပိုး လုံးဝပျောက်စေမယ့် နည်းလမ်းကောင်း**

တကယ်ကောင်းမွန်ပြီး ထိရောက်တဲ့ နည်းလမ်းလေး ဖြစ်လို့ ပြန်လည်မျှဝေ
ပေးလိုက် ရပါတယ်။ ငွေကြေးအမြောင်အများ မကုန်သည့်အတွက် အဆင်ပြေ
စေမှာ ဖြစ်ပါတယ်။

ရောဂါကုထုံး

(၁) စပါးလင် လိုအပ်ပါတယ်။

(၂) ၎င်းကိုရေစင်အောင် ဆေးကြောပါ။

(၃) ပြုတ်လိုက်ပါ။

(၄) ၎င်းပြုတ်ရည်ကို တစ်နေ့ကို သုံးကြိမ်သောက်ပေးပါ။

(၅) သောက်ရမည့် ခွက်ကတော့ လက်ဖက်ရည် သောက်ခွက် ဖြစ်ပါတယ်။

တစ်ပတ်ကြာသည့် အခါတွင် B ပိုးပျောက်ကင်း သွားမည် ဖြစ်ပါတယ်။

အားလုံးကို ကျေးဇူးတင်ပါတယ်

Myawady News's photo. မှ ပြန်လည် မျှဝေလိုက်ပါတယ်...
 
** ဆေးဖက်ဝင် လိမ္မော် (သို့) အသည်း ရောဂါများအတွက် အသုံးပြုသင့်သော ဆေးပင်များ (လိမ္မော်ပင်) **

Photo: ** ဆေးဖက်ဝင် လိမ္မော် (သို့) အသည်း ရောဂါများအတွက် အသုံးပြုသင့်သော ဆေးပင်များ (လိမ္မော်ပင်) **
~~~~~~~~~~~~~~~~~~~~~~~~~~~~

အသည်းနှင့်ပတ်သက်၍ တင်ပြလိုသော အပင်မှာ လိမ္မော်ပင်ဖြစ်၏။ လိမ္မော်သီးကို တစ်ကမ္ဘာလုံးက နှစ်ခြိုက်စွာ စားသုံးကြ၏။ ၎င်း၏ ရုက္ခဗေဒအမည်မှာ Citrus reticulata Blanco ဖြစ်၏။
RUTACEAE မျိုးရင်းတွင် ပါဝင်၏။ အင်္ဂလိပ်အမည်မှာမူ Orange ဖြစ်ပြီး ပါဠိအမည်မှာ နာရင်္ဂဖြစ်၏။ လိမ္မော်ပင်သည် ပင်လတ်မျိုးဖြစ်၍ အရွက်သည် ရှောက်ရွက်နှင့် လွန်စွာဆင်တူ၏။ အပွင့်မှာ အဖြူရောင်ဖြစ်ကာ အနံ့လည်းမွှေး၏။ လိမ္မော်သီးသည် လုံးဝန်း၍ နုချိန်တွင် အစိမ်းရောင်ရှိပြီး မှည့်လာပါက အဝါရောင် ဖြစ်သွားလေ၏။ ကမ္ဘာတစ်လွှားတွင် ဘရာဇီး၊ အမေရိကန်၊ မက္ကဆီကို၊ အိန္ဒိယ၊ တရုတ်၊စပိန်၊ အီတလီ၊ အီရန်၊ အီဂျစ်နှင့် ပါကစ္စတန်နိုင်ငံတို့မှ လိမ္မော်သီး အများဆုံးထွက်ကြောင်း သိရ၏။ Persian orange, Navel orange, Valencia orange နှင့် Blood orange ဟူသည့် လိမ္မော်မျိုးများသည် အထူးထင်ရှားလှ၏။ မြန်မာနိုင်ငံတွင် ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ကချင်ပြည်နယ်တို့တွင် လိမ္မော်သီး အများအပြား စိုက်ပျိုးဖြစ်ထွန်း၏။ လိမ္မော်သီးတွင် Terpenes, Flavonoids,
Sterols, Amino acids and Coumarin ဟူသော ဓာတုဒြပ်ပေါင်းများ ပါဝင်၏။ မြန်မာ့တိုင်းရင်း ဆေးပညာရှင်များကမူ လိမ္မော်သီးကို အပူလွန် ရောဂါများတွင် ဓာတ်စာအဖြစ် ပေးလေ့ရှိ၏။ အများသိကြပြီး ဖြစ်သည့်အတိုင်း လိမ္မော်သီး၏ အရသာမှာ ချို၊ ချဉ် အရသာရှိ၏။ လိမ္မော်သီးစားပေးလျှင် ခံတွင်းမြိန်စေ၏။ ဝမ်းသက်စေ၏။ ခွန်အားတိုးစေ၏။ လေ၊သလိပ်ကို နိုင်ပြီး ဆီးဝမ်းရွှင် စေတတ်၏။ သည်းခြေကို ငြိမ်းစေ၏။ အမူး၊ အမောပြေစေ၏။ သွေးအန်၊ သွေးကျရောဂါ၊ အစာမကြေရောဂါ၊ ပျို့အန်၊ ကြို့ထိုးခြင်းတို့ကို သက်သာစေ၏။ လေအောင့်၊ လေနာထလျှင် လိမ္မော်သီးကို ဆားနှင့်တို့၍ စားပေးရ၏။ လိမ္မော်သီးကို အရည်ညှစ်ယူ၍ ရလာသော လိမ္မော်ရည်ကို သကြားထည့်သောက်ပါက အမူး၊ အမော၊ နှလုံးခုန်မြန်ခြင်း၊ ရင်တုန်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း တို့ကို သက်သာစေ၏။ လိမ္မော်သီး တချို့ကို ဆားအနည်းငယ်ဖြင့် စားပေးပါက သလိပ်ရွှင်စေ၍ ဆီးကို များစေတတ်၏။ လိမ္မော်သီး အရည်သည် အသည်းအဆီဖုံး ရောဂါ၊ အသည်းကြီးခြင်း၊ ဆီးကျောက်တည်ရောဂါ၊ သည်းခြေအိတ်ကျောက်တည် ရောဂါများအတွက် သင့်လျော်လှ၏။ လိမ္မော်သီး သတ္တုရည်ကို ခွဲစိတ်ကုသခံ လူနာများတွင် ဓာတ်စာအဖြစ် တိုက်ကျွေးနိုင်၏။ အသားပပ်ခြင်း၊ အသားကြမ်းခြင်း အတွက် လိမ္မော်ခွံသတ္တုရည် လိမ်းပေးနိုင်၏။
တင်းတိပ်၊ ညှင်းပေါက်ပါက လိမ္မော်ခွံကို မီးကင်ကာ အရည်ညှစ်ပြီး ပွတ်ပေးရ၏။ လိမ္မော်သီးနှင့် ပတ်သက်၍ USDA Nutrient database က ဖော်ပြပေးထားသော အာဟာရ တန်ဖိုးကို အရေးကြုံက သုံးစွဲနိုင်ရန် တင်ပြပေးလိုက်ပါသည်

Good Health
 
" ကန်စွန်းရိုးနီ(Rabbit Greens)ကပေးတဲ့ အစွမ်းများ "

Photo: " ကန်စွန်းရိုးနီ(Rabbit Greens)ကပေးတဲ့ အစွမ်းများ "
###############################
ပုံသဏ္ဌာန် :
အပင်
တစ်နှစ် သို့မဟုတ် နှစ်ကြာခံ ရေလျှောက်ပင် ဖြစ်သည်။ ပင်စည်ရိုးနီ၍ ခေါင်းပွဖြစ်၏ ။ အဆစ် များမှ အမြစ်များ ထွက်သည် ။အဆစ်နေရာတွင် အခေါင်းပိတ်ဖြစ်သည်။

အရွက်
ရွက်လွှဲထွက်သည်။ ၃-၆ လက်မရှည်သည်။ လှံစွပ်ပုံ သို့မဟုတ် သုံးထောင့် ပုံ ဖြစ်သည်။ ရွက်ထိပ် အလွန်ချွန်သည်။ ရွက်ရင်း မြားသွားပုံရှိသည် ။အမွေးမဲ့သည်။ ရွက်ညှာအလွန် ရှည်သည်။ ရွက်နားညီ သည်။ ရွက်ပြားချော၍ ပါးလွှာသည်။ ရွက်နား ခရမ်းရောင်သမ်းသည်။

အပွင့်
အပွင့်ကြီးသည်။ ခရမ်းဖျော့ရောင်ရှိ၍ ခေါင်းလောင်းပုံဖြစ်သည်။ အမွေးမဲ့သည်။ ပွင့်တည်း ဖြစ်သည်။ သီတင်းကျွတ်မှ တပို့တွဲလအတွင်း ပွင့်သည်။

အသီး 
အချင်း ၁/၂ လက်မခန့် ရှိသည်။ အမွေးမဲ့သည်။ လုံးဝိုင်းသည်။ ရင်မှည့်က အက်ကွဲသည်။ အစေ့ ၄ စေ့ သို့မဟုတ် ၂ စေ့ ရှိ၍ ပိုးသားကဲ့သို့ အမွေးများ ရှိသည်။ တပို့တွဲ ၊ တပေါင်းလတွင် သီးမှည့်သည်။

အသုံးပြုနိုင်သည့်အစိတ်အပိုင်းများ
အရွက် ။

မြန်မာနိုင်ငံတွင်တွေ့နိုင်သောနေရာများ 

မြန်မာနိုင်ငံ အနှံ့အပြားတွင် ပေါက်ရောက်သည်။

ပေါက်ရောက်ပုံ 
ရေမြောင်း ရေကန်များနှင့် လယ်ကွက်များတွင် အလေ့ကျ ပေါက်ရောက်၏ ။ စိုက်ပျိုးပင် အဖြစ်လည်း စိုက်ကြသည်။

အသုံးဝင်ပုံ -

အာနိသင်
မြန်မာဆေးကျမ်းများ အလိုအရ ချို၍ အေး၏ ။နို့ရည်ကို ဖြစ်စေ၏ ။ ရေ၌ ဖြစ်သော ပိုးတို့ကို ပယ်တတ်၏ ။ လေ ၊ သလိပ် ကို ဖြစ်စေသည်။ အဆိပ်ကို ပြေစေ၏ ။ အရွက်ရည်သည် မီးလောင်နာ ၊ ဆီးနှင့် ပတ်သက်သော ရောဂါနှင့် ပူလောင်ခြင်းတို့ကို ပျောက်ကင်း စေ၏ ။

အသုံးပြုပုံ-

အရွက်

၁ ။ ကန်စွန်းရွက်ရည်ကို မီးလောင်နာ ၊ ရေငတ်နာ ၊ ဆီးနှင့် ပတ်သက်သည့် အဖျားရောဂါများပျောက်ရန်အတွက်လည်းကောင်း၊ အဆိပ်အတောက် ပြေစေရန်အတွက်လည်းကောင်း သုံး၏။

၂ ။ အရွက်ကို ဟင်းချက် စားသော် သွေးဝမ်းရောဂါ ပျောက်၏ ။

၃ ။ ဆီးအိမ်တွင် ဆီးရှိပါလျက် ဆီးမထွက်ခြင်းနှင့် ဓမ္မတာလွန်ခြင်း ရောဂါအတွက် ကန်စွန်းရွက်ကို ဘူးရွက် မန်ကျည်းရွက်တို့နှင့် အမျှကြိတ်၍ ဆန်မှုန့်ညက်နှင် ဖျော်ပြီး ဆီးခုံပေါ်တင်ထားပါက ၁၅ မိနစ်အတွင်း ဆီးကျဆင်း၏ ။ ဓမ္မတာလွန်ခြင်းလည်း ရပ်တန့်စေ၏ ။

၎ ။ ကန်စွန်းရွက်ကို ပြုတ်သောက်ပါက ရင်ပြည့်ဝမ်းကျ ရောဂါ ပျောက်၏ ။

၅ ။ ကန်စွန်းရွက်ကို ထန်းလျက် မန်ကျည်းမှည့်နှင့် ဆားထည့်၍ ကျိုသောက်က ဆီးကျောက်တည်ခြင်းနှင်တကွ ဆီးရောဂါ ဟူသမျှ ပျောက်၏ ။

၆ ။ ငန်းမန်းရှိသောအနာကို ဘူးရွက်များနှင့် ရောစပ်၍ ရေစိမ်ပြီး အနာကို ဆွတ်လိမ်းခြင်းအားဖြင့် ငန်းမန်းကျစေနိုင်၏ ။

Ref >>မွေးနေ့ဆုမွန်
by nang kha yea