Tuesday, June 24, 2014

လာပြန်ပြီ Samsung Galaxy Golden

ဆမ်ဆောင်းကတော့ galaxy ဆိုတဲ့အတိုင်း ကမ္ဘာမြေကို လွှမ်းခြုံနိုင်ဖို့ ထမ်မံဆင်းသက် လာတာကတော့ galaxy golden ပါပဲ။ ယခင်ထွက်ရှိပြီး ဖြစ်တဲ့ Samsung Hennessy မျက်နှာပြင် နှစ်ဖက်ပါ စမတ်ဖုန်းကို ထုတ်လုပ်ပြီး Hennessy ထက် အရည်သွေးမြင့်တဲ့ Galaxy Golden ကိုယခုလို မိတ်ဆက် လိုက်တာပါ။

သာမန် စမတ်ဖုန်းတွေလို စွမ်းဆောင်ရည်မျိုးနဲ့ ထွက်ရှိလာပြီး ထိတွေ့ မျက်နှာပြင်၊၃.၇ လက်မ အရွယ်အစားနဲ့ ထွက်ရှိ ထားတာပါ၊၊ Android Version 4.2 Jelly Bean အဆင့် ရှိပါတယ်။

ထပ်မံသိရှိရတဲ့ အချက်အလက်အရ Processor 1.7GHz Dual-core အသုံးပြု ထားပြီး ကင်မရာ 8MP နဲ့ရှေ့ကင်မရာ 1.9MP အသုံးပြုပေးထား ပါတယ်။ Keypad ဒီဇိုင်းခေါက် ဖုန်းပုံစံ၊ မျက်နှာပြင် နှစ်ဖက်ပါ၊ စမတ်ဖုန်းလို့ ဆိုရမယ့် Galaxy တန်းဝင် Samsung Galaxy Golden ကိုယခုလိုမြင်တွေ့ ရမှာဖြစ်ပြီး ဈေးနှုန်းကိုတော့ ပြောဆိုထားခြင်းတော့ မတွေ့ပါဘူး။

ထွက်ပေါ်နေတဲ့ သတင်းများ အရတော့ တောင်ကိုရီးယား ပြည်တွင်းအသုံးပြု ဖို့အတွက်သာ ထုတ်လုပ် တယ်လို့ ဆိုထားပါတယ်။ ထို့ပြင်ယခင်က မိတ်ဆက်ထားတဲ့ Samsung Hennessy ကိုလည်း တရုတ်ပြည်မှာ ဖြန့်ဝေဖို့သာ ထုတ်လုပ်ထားတာ ဖြစ်တယ်လို့ သိရပါတယ်။

Ref:gadget

Khun Nay(August Myanmar Media Grooup)
မူရင်း

အမေရိကန်မှာ Yahoo က Google ထက် အသုံးပြုသူများ

Yahoo စီအီးအို Marissa Mayer အောင်ပွဲခံရမယ့်လ ဖြစ်ပါတယ်။ Google ကို ကျော်လွန်လို့ အမေရိကန်မှာ လူသုံးအများဆုံး Search Engine အဖြစ် ဇူလှိုင်လ အတွက် Yahoo မှ ထိပ်တန်း ရပ်တည်ခဲ့ပါတယ်။

အရေအတွက် အားဖြင့် Visitor ၄ သိန်း ပိုများခဲ့ပြီး Yahoo က Google ကို အနိုင်ရလိုက်ခြင်း ဖြစ်ပါတယ်။ ဒါတောင် မကြာမီက ဝယ်ခဲ့တဲ့ Tumblr နဲ့ ပေါင်းတဲ့ ရလဒ်မဟုတ်ပါဘူး။ Tumblr ရဲ့  Visitor နဲ့ပါ ပေါင်းလိုက်ရင် Yahoo ဟာ Google ထက် Visitor သိသိသာသာ များသွားမယ့် ဆိုဒ် ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံ မှာပဲ ဖြစ်ပါတယ်။ တစ်ကမ္ဘာလုံး အတိုင်း အတာနဲ့ ယှဉ်ရင်တော့ Google ကိုမမှီသေးပါဘူး။

ကမ္ဘာ့ လူသုံးအများဆုံး Search Engine နေရာမှာတော့ Google ကပဲ တည်ရှိနေပါ သေးတယ်။ တရုတ်ပြည် မှာလည်း Google ရဲ့  ပထမ နေရာက မသေချာပါဘူး။ တရုတ်ပြည် တွင်းက နာမည်ကြီး Search Engine အချို့  အောင်မြင်လာနေပြီး Google ကိုကျော်လွန်သွား နိုင်တယ်လို့ ဆိုပါတယ်။

ဒါကြောင့် Yahoo ရဲ့ အမေရိကန် ပြည်တွင်း စတော့ရှယ်ယာ ဈေးနှုန်းဟာ သြဂုတ်လမှာ သိသိ သာသာ မြင့်တက်လာပြီး စီးပွားရေး မြင့်တက် လာကြောင်း သိရပါတယ်။

Ref:mashable

Aung Kham (TSJ team)
မူရင်း

ဖုန်းမလိုသော စမတ်နာရီ စစ်စစ် Omate TrueSmart

Omate TrueSmart အမည်နဲ့ အမေရိကန် ပြည်ထောင်စု၊ နယူးယောက် ပြည်နယ် အခြေဆိုက် နည်းပညာ ပစ္စည်း ထုတ်လုပ်ရေး ကုမ္မဏီ Omate မှတ် ထုတ်လုပ်လိုက်ပြီ ဖြစ်ပါတယ်။

တကယ့် စမတ်နာရီ ဖြစ်ပြီး စမတ်ဖုန်း အသုံးပြုရန် လုံးဝ မလိုတော့ ကြောင်း ကြော်ငြာစာသားမှာ ထည့်သွင်း ပြောကြားထားပါတယ်။ နာရီ မျက်နှာပြင်က ၁.၅၄ လက်မ ရှိပြီး တောင်ကိုရီးယား LG က ထုတ်တဲ့ TFT Display ကို အသုံးပြု ပါတယ်။

Android 4.2 OS ကို ပါဝင်ပြီး ကင်မရာက 5 megapixel အရည်အသွေး ရှိပါတယ်။ ဖုန်းပြောလို့ရပါမယ်။ GSM, CDMA နှစ်မျိုးစလုံး အတွက် ထောက်ပံ့ပြီး ဆင်းမ်ကဒ် ထည့်သုံးလို့ ရမှာ ဖြစ်ပါတယ်။ Bluetooth 4.0, Wi Wi, GPS တို့လည်းပါရှိပါတယ်။ micro SIM ကို အသုံးပြု ရမှာပါ။ ဘက်ထရီက နာရီ ၁၀၀ အတွက် Standby ဖြစ်မယ့် 600mAh အား ဖြည့်တင်း ထားပါတယ်။ 2GM memory ပါရှိပြီး ကဒ် ထပ်ဆိုက် လို့ ရပါသေးတယ်။

ဖုန်းပြောဖို့၊ စာပို့ဖို့၊ အသံနဲ့ ပြောတဲ့ စကားကို စာအဖြစ် ပြောင်းလဲ ပေးမယ့် နည်းပညာ အစရှိသဖြင့် စုံစုံလင်လင် ပါရှိပြီး အင်တာနက်လည်း အသုံးပြု လို့ ရပါမယ်။ Facebook, Twitter, Instagram တို့လည်း ပါဝင်မှာ ဖြစ်ပါတယ်။ Android ကိုအခြေခံတဲ့ App အတော်များများကို စမတ်ဖုန်းမှာ အသုံးပြုသလို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ရေစုံခံ၊ အကြမ်းခံတဲ့ နာရီ ဖြစ်ပါတယ်။

ဒီတော့ ယခုလို Function စုံတဲ့ နာရီတစ်လုံးရဲ့  ဈေးဟာလည်း မနည်းပါဘူး။ ကာလတန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၁၇၉ သတ်မှတ်ထားပြီး ၂၀၁၃ နိုဝင်ဘာလမှာ စတင်ရောင်းချမှာ ဖြစ်ကြောင်း သိရပါတယ်။

Youtube

Aung Kham (TSJ team)
မူရင်း

ဘာကြောင့် ဟက်ကာတို့ Linux ကို ရွေးသလဲ

နိုင်ငံတကာက စစ်တမ်းကောက်ပြီး ပြောထားခြင်း ဖြစ် ပါတယ်တဲ့။ ရွေးစရာ အဖြစ် Windows နဲ့ Mac ရှိနေတာတောင် ဟက်ကာနဲ့ ပရိုဂမ်မာ အများစုက Linux OS ကိုပဲ ရွေးချယ်ကြသတဲ့။

အကြောင်းအရင်း ကတော့ အောက်ပါအတိုင်း ဖြစ်တယ်လို့ ဆိုထားပါတယ်။

- Linux ကို High Level OS ဟု လက်ခံခြင်း

- Hacker များအတွက် Comfortable ဖြစ်ခြင်း

- ၂၄ နာရီပတ်လုံး ဗိုင်းရက်စ်မဝင်နိုင်

- ပရိုဂမ်မာတို့ Software develop လုပ်ရန် အကောင်းဆုံး OS ဟု လက်ခံခြင်း

- Always Free ဖြစ်ခြင်း

- Linux သည် OS အားလုံး၏ မွေးဖွားရာ မူလပထမ ဖြစ်ခြင်း

- Programming Hacking tools နှင့် အမျိုးအစား ပေါင်းစုံ ရှိနေခြင်း

- Server နှင့် Client Scripting တွင် Linux က နံပါတ် ၁ ဖြစ်ခြင်း

- Window သည် Base ဖြစ်၍ Linux သည် Race ဟု သတ်မှတ်ခြင်း

- Linux သည် Open source OS ဖြစ်ခြင်း

Ref: com. freak

ရိုးရာလေး

iPad mini ကို ယှဉ်ပြိုင်မည့် LG G Pad 8.3

Apple ရဲ့  iPad mini ကိုယှဉ်ပြိုင်မယ့် မီနီ ကျောက်သင်ပုန်း ကွန်ပြူတာ ထွက်ရှိလာပါပြီ။ တောင်ကိုရီးယား LG မှ ထုတ်တဲ့ G Pad အမည်ရ Tablet ဖြစ်ပြီး သူ့ရဲ့  Specification ကိုအောက်ပါအတိုင်း ဖော်ပြ ထားပါတယ်။

အရွယ် ၈.၃ လက်မ Display ဖြစ်ပြီး Full HD အရည်အသွေး ပေးစွမ်းပါတယ်။ 1900x1200 resolution ပေး စွမ်း နိုင်ပြီး ppi 273 ရှိပါတယ်။ ဒီတော့ မျက်နှာပြင် အရည်အသွေး အင်မတန်ကောင်းတဲ့ Tablet အမျိုးအစားထဲမှာ ပါဝင်ပါတယ်။

1.7GHz Quad Core Snapdragon 600 processor ကို အသုံးပြုထားပြီး Storage က 16 GB ရှိပါတယ်။ battery က 4600 mAh မို့ အားကောင်းတဲ့ Tablet လည်း ဖြစ်ပါတယ်။ ကင်မရာ 5 megapixel ပါဝင်ပြီး ရှေ့ မှာ 1.3 mg ပါရှိပါသေးတယ်။ RAM က 2GB ပါ။ ဒီတော့ performance ကောင်းတဲ့ Tablet တစ်မျိုးပဲ ဖြစ်ပါတယ်။

Android 4.2 Jelly Bean ကိုပဲ အသုံးပြု ထားပါတယ်။ LG က သီးသန့်ပေးတဲ့ အခြား Service နဲ့ Feature တွေလည်း ပါဝင်ပါတယ်။ Bluetooth, Wi Fi, GSM Connection တို့ရနိုင်ပြီး Apple ရဲ့  iPad mini ကို တကယ်ယှဉ်နိုင်ပါတယ်။ ဈေးနှုန်း ဘယ်လောက်လဲ ဆိုတာ မသိသေးပါဘူး။ LG က IFA 2013 ပွဲမှာ ဒီထက် ပိုအသေးစိတ် ကျတဲ့ အချက်အလက် များအား ထုတ်ဖော် မိတ်ဆက်သွားအုံးမှာ ဖြစ်ကြောင်း သိရပါတယ်။

Ref: pocketlint

Aung Kham (TSJ team)

Techspace Journal

အမေရိကန်တို့ တီထွင်သော အသံထက် ငါးဆမြန်သည့် လေယာဉ်

Boeing X-51 လို့ အမည်ပေးထားတဲ့ လေယာဉ် ဖြစ်ပြီး ၂၀၁၀ ခုနှစ် မေလ ကတည်းက စမ်းသပ်လာတာ ယခု နောက်ဆုံး စံချိန်တင်နိုင်မှု ကတော့ တစ်နာရီ မိုင် ၄၀၀၀ ပဲ ဖြစ်ပါတယ်။

ကုန်းပေါ်က တစ်နာရီမိုင် ၂၆၀ ပြေးတဲ့ ကားတောင် ကမ္ဘာ့အမြန်ဆုံး မြေပေါ် သွားကားလို့ သတ်မှတ်ထားတာ။ လေထဲမှာ တစ်နာရီ မိုင် ၄၀၀၀ နဲ့သွားရင် မြင်တောင် မြင်လိုက်ရမှာ မဟုတ်ပါဘူး။ မျက်စိ တစ်မိတ် အတွင်းကို Boeing X-51 အစီး ၅၀ အစဉ်လိုက်ဖြတ်ပြန် သွားရင်တောင် မြင် ရဖို့ ခဲနိုင်ပါတယ်။

စုစုပေါင်း ၄ စီးရှိပြီဖြစ်ပြီး နောက်ဆုံးအစီးမှာ အောင်မြင်သွားတာပါ။ အမြင့်ပေ ၅သောင်းက နေပြန်သန်းပြီး အသံထက် စံချိန်ချိုးနိုင်ခဲ့ ပါတယ်။ ပင်တဂွန်စစ်ဌာနချုပ်နဲ့ နာဆာတို့ ပူးပေါင်း ဖန်တီးထားတဲ့ လေယာဉ် ဖြစ် ပါတယ်။ လူမပါပါဘူး။ လူမဲ့လေယာဉ် ဖြစ်ပြီး စွယ်စုံ အသုံးပြုမှာ ဖြစ်ပါတယ်။

အရွယ်အစားလည်း ကြီးတဲ့အတွက် အာကသ စခန်းပို့တာမျိုး၊ တိုက်ခိုက်ရေး မှာ အသုံးပြု တာမျိုးတို့ ပြု လုပ်ပါ။ ပစ်လွတ်လိုက်တဲ့ ဒုံးကျည်ထက်တောင် သူက အများကြီးမြန် နေပါ တယ်။ မြေပြင်ထိန်း ချုပ်ရေး အဖွဲ့ က အရေးကြီး ပါတယ်။

Boeing X-51 တစ်စီး ရဲ့  ကာလတန်ဖိုးဟာ အမေရိကန်ဒေါ်လာ သန်း ၃၀၀ ရှိကြောင်း သိရပါတယ်။

Ref:techblog

ရိုးရာလေး

အမေရိကန်ထုတ် HDMI Pocket Projector

တွေ့ဖူးသမျှ အိတ်ဆောင် ပရောဂျက်တာ တွေထဲမှာ စွမ်းဆောင်ရည်ကော အရည် သွေးပါ အကောင်းဆုံး ပရောဂျက်တာ ဖြစ်လာနိုင်ပါတယ်။

ဘယ်လို စမတ်ဖုန်း အမျိုးအစားနဲ့ မဆို တပ်ဆင် အသုံးပြုနိုင်မယ့် အပြင် Tablet, computer, video players,camera အစရှိတဲ့ အရာတွေနဲ့ပါ ချိတ်ဆက် အသုံးပြုလို့ အဆင်ပြေစေမှာပါ။

HDMI mode တွေအနေနဲ့ HDMI cable,Mircro HDMI,mini HDMI နဲ့ AC adapter စတာတွေကိုပါ ထည့်သွင်းပေး ထားပါတယ်။ Apple ကထုတ်တဲ့ devices အတွက်တော့ Apple Digital AV Adapter ကိုသီးသန့်ဝယ်ယူ အသုံးပြုမှ အဆင်ပြေ စေမယ်လို့လည်း ဆိုထားပါတယ်။
စွမ်းဆောင်ရည် Resolution ကလည်း 1080p HD ရုပ်ထွက်ကို ပေးစွမ်းမှာဖြစ်တဲ့ အတွက် ကြည်လင်တဲ့ ရုပ်ပုံကို ရရှိစေမှာ ဖြစ်သလို ဖျော်ဖြေမူ အနေနဲ့ အသုံးပြု ရုံတင်မက စီးပွားရေး ဆိုင်ရာ Project များ ချပြတဲ့ အခါမှာလည်း အဆိုပါ ပရောဂျက်တာကို အသုံးပြုမယ် ဆိုရင် အဆင်ပြေ စေမှာပါ။

ဘက်ထရီ အားပြည့်ဖို့ အတွက် ကြာမြင့်ချိန် ၂ နာရီသာ ရှိမှာဖြစ်ပြီး တာရှည်ခံ ဘက်ထရီ 3800mAh battery doubles အသုံးပြု ထားပါတယ်။ နိုင်ငံတကာမှာ စတင်ဖြန့်ချိနေပြီ အွန်လိုင်း စတိုးမှာတော့ အမေရိကန် ဒေါ်လာ ၃၀၀ ဝန်းကျင်နဲ့ ရောင်းချပေး နေတယ်လို့ သိရပါတယ်။
Ref:techblog
Khun Nay(August Myanmar Media Group)