Sunday, June 8, 2014

AVS Video Converter v8.4.1.540 Full version Free Download


ဗီဒီယိုတွေကို ဖိုင်းဆိုဒ်အသေးဆုံးဖြစ်အောင်ဖန်တီပေးမဲ့ဆော့ဝဲလေးတစ်ခုဖြစ်ပါတယ် ဒီဆော့ဝဲလေးကိုသုံးဖူးသူတိုင်းသိကြပါတယ်
ကျွန်တော်ကတော့မသုံးဘူးလို့မသိသေးပါဘူး ကျွန်တော် စမ်းသုံးပြီး အချိန်ရရင် အသုံးပြုနည်း တင်ပေးပါမယ်နော် ခုတော့မသိသေးသူတွေ အတွက် ဆော့ဝဲလ်ကောင်းလေး မိတ်ဆက်ပေးလိုက်ပါတယ်နော် လိုအပ်သူများအောက်မှာဒေါင်နိုင်ပါတယ် လင့်များသေခဲ့ရင်FB ချက်ဘောက်မှာပြောနိုင်ပါတယ်နော်

( ဒီမှာ ) ဒေါင်းပါ 
( ဒီမှာ) ဒေါင်းပါ



RAR PASSWORD >>>>>>mitvillage.blogspot.com
ကျွန်တော်ဆိုက်လေးမှအမြဲကြိုဆိုပါတယ်ဗျာ မိတ်တို့လိုတာလေးများစုံလင်အောင်တင်ပေးနိုင်ဖို့ ကျွန်တော်ကြိုးစားရှာဖွေတင်ပေးသွားမှာပါ မိတ်ဆွေများဘက်မှ ကျွန်တော်အားဆေးအဖြင့် fb လေးမှာ LIKE လေးနဲ့အားပေးပါနော် SHARE ပေးရင်တော့ အတိုင်းထက်အလွန် ဝမ်းသာပါတယ်ဗျာ

Microsoft Office PROFESIONAL PLUS ACTIVATED 2013 x86 en



MS Office 2007/2010 ထက်ဒီဇိုင်း အပြင်အဆင် ပိုမိုလှပပြီး ပိုမိုပြည့်စုံကောင်းမွန်တဲ့ MS Office 2013
Pro Plus ကိုတင်ပေးလိုက်ပါပြီ။MS Office ကိုမရှိမဖြစ်သုံးနေကြရတဲ့သူများအတွက် နောက်ဆုံးထွက်
MS Office လန်းလန်းလေးကို သုံးစေချင်တဲ့စေတနာပါ။
ISO ဖိုင်ကို Power ISO,Ultra ISO,WinRAR..တခုတခုနဲ့ Extract လုပ်ပါ။
Setup ဆိုတဲ့ ဖိုင်လေးကို အင်စတောလုပ်ပါ။
ပြီးတဲ့အထိ စောင့်ပြိး Microsoft Office Word ကိုဖွင့်ကြည့်ပါ။
Activated လုပ်ပြီးသား ဖြစ်ပေမဲ့ (တကယ်လို့) Activate မဖြစ်ခဲ့ရင် KMSpico ကိုအင်စတောလုပ်ပြီး
Activated လုပ်ယူပါ။

en office professional plus 2013 x86 dvd 1123673 ISO (666 Mb) Download

KMSpico_Install_v3.2 (2.55 Mb)        Download


ကျွန်တော်ဆိုက်လေးမှအမြဲကြိုဆိုပါတယ်ဗျာ မိတ်တို့လိုတာလေးများစုံလင်အောင်တင်ပေးနိုင်ဖို့ ကျွန်တော်ကြိုးစားရှာဖွေတင်ပေးသွားမှာပါ မိတ်ဆွေများဘက်မှ ကျွန်တော်အားဆေးအဖြင့် fb လေးမှာ LIKE လေးနဲ့အားပေးပါနော် SHARE ပေးရင်တော့ အတိုင်းထက်အလွန် ဝမ်းသာပါတယ်ဗျာ

Activate လုပ်စရာမလို၊ ကီးမလိုဘဲ သုံးနိုင်တဲ့ 32 Mb သာရှိတဲ့ Microsoft Office 2010

MS Office 2010 Super Compressed- 32MB- Tiny Edition- No key needed
အံ့သြစရာ ကောင်းလောက်အောင် ဖိုင်ဆိုဒ်ကို ချုံ့ပေးထားတဲ့ Microsoft Office 2010 ဆော့ဝဲလေးပါ။
ဒေါင်းရတာ လွယ်ကူသလို အင်စတောလုပ်ပြီးရင်လဲ ကီးတို့၊Activator တို့ သုံးစရာ မလိုဘဲ Pro အဖြစ်
တန်းသုံးနိုင်တဲ့ တကယ့်အလန်းလေးပါ။Word,Exel,Power Point,Outlook...တို့ပါဝင်ပြီး WindowsXP/
Vista/7/8/Servers တို့မှာ သုံးနိုင်ပါတယ်။
ဖိုင်ဆိုဒ်ကတော့..32 Mb ပါ။

                                    DOWNLOAD

 

ကျွန်တော်ဆိုက်လေးမှအမြဲကြိုဆိုပါတယ်ဗျာ မိတ်တို့လိုတာလေးများစုံလင်အောင်တင်ပေးနိုင်ဖို့ ကျွန်တော်ကြိုးစားရှာဖွေတင်ပေးသွားမှာပါ မိတ်ဆွေများဘက်မှ ကျွန်တော်အားဆေးအဖြင့် fb လေးမှာ LIKE လေးနဲ့အားပေးပါနော် SHARE ပေးရင်တော့ အတိုင်းထက်အလွန် ဝမ်းသာပါတယ်ဗျာ - See more at: http://hlakooo999.blogspot.com/2014/06/microsoft-office-proffesional-plus-2010.html#sthash.seiJFpUi.dpuf
ကျွန်တော်ဆိုက်လေးမှအမြဲကြိုဆိုပါတယ်ဗျာ မိတ်တို့လိုတာလေးများစုံလင်အောင်တင်ပေးနိုင်ဖို့ ကျွန်တော်ကြိုးစားရှာဖွေတင်ပေးသွားမှာပါ မိတ်ဆွေများဘက်မှ ကျွန်တော်အားဆေးအဖြင့် fb လေးမှာ LIKE လေးနဲ့အားပေးပါနော် SHARE ပေးရင်တော့ အတိုင်းထက်အလွန် ဝမ်းသာပါတယ်ဗျာ

Microsoft Office Proffesional Plus 2010 Corporate Final Full Activated

Product Key မလို၊KMS Activator သုံးစရာမလိုဘဲ အင်စတောလုပ်ပြီးရင် Pro အဖြစ်နဲ့အသုံးပြုနိုင်တဲ့ Activated လုပ်ပြီး
သား Microsoft Office Proffesional Plus 2010 ဖြစ်ပါတယ်။ဆော့ဝဲတွေရှားပါးတဲ့မြန်မာပြည်ကသူငယ်ချင်းများအတွက်
တင်ပေးလိုက်ပါတယ်။ဖိုင်ဆိုဒ်က 748 Mb ရှိတဲ့အတွက် အပိုင်း(၂)ပိုင်းခွဲပြီးတင်ထားပေးပါတယ်။
အင်စတောလုပ်နည်း....
၁။အပိုင်း(၂)ပိုင်းစလုံးဒေါင်းလုပ်ယူပြီး WinRAR နဲ့ Extract လုပ်ပါ။
၂။Extract လုပ်တဲ့အခါ ဖိုင်ပေါင်း(၂၄)ဖိုင်ထွက်လာပါမယ်။အဲဒီ Microsoft Office Proffesional Plus 2010 Folder ကို
   c\Downloads\Programs မှာသိမ်းထားပါ။
၃။ဖိုင်(၂၄)ဖိုင်ထဲက အောက်ဆုံးမှာရှိတဲ့ Office ပုံလေးနဲ့ Setup ကို Instrall လုပ်ပါ။အင်စတောပြီးတာနဲ့သုံးနိုင်ပါပြီ။
File Size=748 Mb
OS       =XP/Vista/7/8

Part 1      Download

Part 2     Download

(ယခင် zippy share မှာတင်ထားတဲ့ လင့်ကပျက်သွားလို့ အသစ်ပြန်တင်ပေးထားပါတယ်။

ဆော့ဝဲများ ဒေါင်းလုပ်မရပါက အကြောင်းကြားပေးပါရန် မေတ္တာရပ်ခံပါသည်.)

ကျွန်တော်ဆိုက်လေးမှအမြဲကြိုဆိုပါတယ်ဗျာ မိတ်တို့လိုတာလေးများစုံလင်အောင်တင်ပေးနိုင်ဖို့ ကျွန်တော်ကြိုးစားရှာဖွေတင်ပေးသွားမှာပါ မိတ်ဆွေများဘက်မှ ကျွန်တော်အားဆေးအဖြင့် fb လေးမှာ LIKE လေးနဲ့အားပေးပါနော် SHARE ပေးရင်တော့ အတိုင်းထက်အလွန် ဝမ်းသာပါတယ်ဗျာ

KARAOKE စာတန်းထိုး ပြုလုပ်နည်း (ADOBE AFTER EFFECT 7.0) (HOW TO MAKE KARAOKE TEXT )



ကျနော်အချိန်ရတာနဲ့ Karaoke စာတန်းထိုး ပြုလုပ်နည်း (Adobe After Effect 7.0) tutorial ကို မသိသေးတဲ့ အခြေခံပုဂ္ဂိုလ်များအတွက် ရည်ရွယ်ပြီးတင်ပြပေးခြင်းဖြစ်ပါတယ်။ ကျနော့်အနေနဲ့ edit ဆရာတစ်ယောက်မ
ဟုတ်တော့ အာားနည်းချက်တွေ မပြည့်စုံတာတွေရှိကောင်းရှိနိုင်ပါတယ်။ အဲဒီအတွက် ကျနော်ကြိုတင်ပြီးအသိ
ပေးပါတယ်။ ကျနော် search engine မှာ ဒီ Karaoke စာတန်းထိုး ပြုလုပ်နည်း ကို တော်တော်များလိုက်ရှာခဲ့ပါ
တယ်။ ဒါပေမယ့် လိုချင်တဲ့အတိုင်းအတာထိမတွေ့ခဲ့ပါဘူး။ အဲဒါကြောင့် ကျနော်အချိန်ရရင် ဒီ tutorial ကိုရေး
မယ်လို့စိတ်ကူးထားတာကြာခဲ့ပြီးပေါ့ဗျာ။ အခုတော့ရေးလိုက်ပါပြီး။ လေ့လာသူများ၊ သိချင်လိုချင်တဲ့ပုဂ္ဂိုလ်များ
အနေနဲ့ ကျနော်တင်ပြတာလေးတွေနဲ့ပတ်သက်ပြီး နားမလည်တာလဲရှိမယ်။ အဲဒါကို ထပ်ခါထပ်ခါကြိုးစားကြည့်
ပါ။ အကြိမ်ပေါင်းများလာရင် နားလည်လာပါလိမ့်မယ်။ ပြုလုပ်တတ်လာပါလိမ့်မယ်။ ပညာတစ်ခုဟာ အချိန်တို
အတွင်းနဲ့ ရဖို့အင်မတန်ခဲယဉ်းပါတယ်။ လိုချင်ရင် စိတ်ရှည်ဖို့လိုပါလိမ့်မယ်။ ကျနော် ဒီလိုနိဒါန်းပျိုးရခြင်းသည် 
Karaoke စာတန်းထိုး ပြုလုပ်နည်းကို တစ်ခါမှမပြုလုပ်ဖူးတဲ့ပုဂ္ဂိုလ်များအတွက် လွယ်လွယ်နဲ့သဘောမပေါက်
နိုင်ဘူးဆိုတာကို ပထမသဘောပေါက်စေချင်တယ်။ နောက်ပြီးသီချင်းတစ်ပုဒ်ကို စိတ်ကြိုက်ပြီးစီးအောင်လုပ်ဖို့
က အနည်းဆုံး (၂)နာရီလောက် အချိန်ပေးရမယ်။ ဒါတောင် ကျွမ်းကျင်တဲ့ပုဂ္ဂိုလ်များအတွက်နော်။ ဒီtutorial
နဲ့ မကျွမ်းကျင်သေးဘူးဆိုရင် အဲဒီမကအချိန်ပေးရပါလိမ့်မယ်။ 
Karaoke စာတန်းထိုး ပြုလုပ်နည်း သဘောသွား…
Karaoke စာတန်းထိုး ပြုလုပ်နည်း---ကို ပြုလုပ်တဲ့နေရာမှာ (၁) မိမိပြုလုပ်မည့်စာတန်းကို Photoshop နဲ့ပြု
ခြင်း (၂) ၎င်းပြုလုပ်ထားသည့် psd ဖိုင်ကို adobe after effect ဆော့ဝဲမှာထည့်ပြီး Karaoke စာတန်းထိုး ပြု
လုပ်ခြင်းဆိုပြီး အပိုင်းနှစ်ပိုင်းနဲ့ပြုလုပ်ရပါမယ်။ 

အခုကျနော် ´ဂုဏ်ဓနမက်တဲ့သစ္စာတရားနဲ့ ငါ့လိုလူပါကွယ်´ ဆိုတဲ့ သီချင်းစာသားကို ပုံစံပြပြီး ဒီ tutorial မှာ တင်ပြသွားမှာဖြစ်ပါတယ်။ ဒီသီချင်းစာသားတစ်ချောင်းကိုပဲ လုပ်ကြည့်မယ်။ ဒါကိုလုပ်တတ်ပြီးဆိုရင်တော့ ကျန်
တဲ့ သီချင်းအပိုင်းတွေလဲ အလားတူလုပ်တတ်သွားမှာပါ။ 

အပိုင်း (၁)

(က) မိမိအသုံးပြုတဲ့ Photoshop ကိုဖွင့်လိုက်ပါ။ ကျနော်က Photoshop CS 2 ကိုအသုံးပြုတော့ အဲဒါကိုဖွင့် လိုက်ပါပြီး။ ဖွင့်ပြီးရင် Menu က File> New ကိုနှိပ်လိုက်ပါ။ Preset အကွက်တွင် NTSC DV 720+480 (with guide)ဆိုပြီး ဗွီဒီယိုဖိုင်နဲ့ ပတ်သက်တဲ့ format တစ်ခုခုကိုရွေးပါ။ ပြီးတော့ OK



(ခ) ´ဂုဏ်ဓနမက်တဲ့သစ္စာတရားနဲ့ ငါ့လိုလူပါကွယ်´ ဆိုတဲ့ စာသားကိုရိုက်ထည့်လိုက်ပါ။ ဒီစာသားကို ဗွီဒီယို တည်းတဲ့အခါ အရောင် quality မကျအောင် Eye Candy 4000 နဲ့ ကွတ်ထားရပါမယ်။ ဒီ Eye Candy 4000 ကို ဒီ Photoshop မှာ plug in ချိတ်ဆက်ထားရပါမယ်။ ဒါကလဲကျနော်ပြီးခဲ့တဲ့ပို့စ်တွေမှာရေးခဲ့ပါပြီး။ 

အဲဒါကို Menu> Filter> Eye Candy 4000 ကိုနှိပ်လိုက်ပါ။ အောက်ပါအတိုင်း ကာလာ ဘောက်စ်ပေါ်လာမှာဖြစ်
ပါတယ်။ ကျနော်ချိန်းထားတဲ့ ထားလို့ရသလို၊ မိမိလိုချင်တဲ့အတိုင်းလဲ အရောင်တွေချိန်ပြီးတော့ OK သာနှိပ်လိုက်
ပါ။



(ဂ) အဲဒီစာသားကို စိတ်ကြိုက်ပြင်ဆင်ပြီးဆိုရင် Layer အကွက်ထဲက စာသားကို ကလစ်နှစ်ချက်နှိပ်ပြီး 01 လို့
ရိုက်ထည့်ပါ။



ကျန်တဲ့ စာသားများကို Layer အသစ်ထပ်ယူပြီး စာသားများကိုထပ်ရိုက်ပါ။ ပြီးရင်အရောင်ကွတ်ဖို့ကီးဘုတ်
ပေါ်က Ctrl+F တွဲနှိပ်လိုက်ပါ။ ဒါဆို ပထမ layer က ကွတ်ထားတဲ့အရောင်အတိုင်းရလာမှာဖြစ်ပါတယ်။

အခုကျနော်က စာချောင်းတစ်ချောင်းအတွက် Layer တစ်ခုကိုသာ နမူနာတင်ပြခြင်းသာဖြစ်ပါတယ်။ သီချင်း
စာသားများလေလေ Layer များလေလေဆိုတာကိုတော့ နားလည်ထားစေချင်တယ်။ သီချင်းတစ်ပုဒ်ဆိုရင် 
Layer ပေါင်း ၂၀ လောက်ရှိမယ်ထင်ပါတယ်။ 

ကဲ…ဒီ Layer တစ်ခုကို ပြင်ဆင်တာပြီးပြီဆိုရင် Save as နဲ့သာ ၎င်း Layer ကိုနာမည်ပေးပြီး psd (photo
shot) format ကိုသာရွေးပြီးသိမ်းလိုက်ပါ။ ၎င်းဖိုင်အမည်ကိုလည်း သေချာမှတ်ထားပါ။ အခုကျနော်နမူနာပြမယ့်
ဖိုင်အမည်ကို MM လို့ပေးထားလိုက်ပါတယ်။

အပိုင်း (၂)

အပိုင်း (၂) မှာ ကျနော်တို့ခုဏက ပြုလုပ်ထားတဲ့ သီချင်းစာသား psd (photoshop) ဖိုင်နဲ့ သီချင်းတွေကို Ado
be After Effect မှာ Karaoke စာတန်းထိုးနည်းကို စတင်ပြုလုပ်ဖို့အတွက် Adobe After Effect ပရိုဂရမ်ကိုဖွင့်
လိုက်ပါ။ အောက်ပါပုံအတိုင်း Adobe After Effect ရဲ့ screenshot ဖြစ်ပါတယ်။




ဒီ Adobe After Effect ရဲ့ မိန်းဖန်သားပြင်မှာ အဓိကသိထားရမည့်နေရာလေးတွေကို ကျနော်စာသားတွေနဲ့
လိုက်ပြီးရေးထားပါတယ်။
၁။ Project နေရာ (မိမိပြုလုပ်ထားတဲ့ စာသားဖိုင်၊ သီချင်းတွေကိုခဏသိမ်းထားမည့်နေရာ)
၂။ Display Screen ဗွီဒီယို၊ စာသားသီချင်းတွေကို ကြည့်ရှုမည့် မြင်ကွင်းနေရာ
၃။ Timeline ဆိုတာ project က ဖိုင်တွေကို edit လုပ်ဖို့အတွက် စွဲထည့်ရမည့်နေရာ
၎။ Karaoke Text Edit Main Station ကရာအိုကေ သီချင်းစာသားဖြစ်ဖို့ အဓိကပြုလုပ်ရမည့်နေရာ
(အဲဒီမှာ Time indicator နဲ့ Time ruler နှစ်ခုပါရှိပါသည်)

ဒီနေရာမှာပိုပြီးရှင်းအောင် ကျနော်အပိုင်းပိုင်းလေးတွေကိုခွဲပြီးတင်ပြသွားပါ့မယ်….

အပိုင်း (က) Project နေရာတွင် မိမိတည်းဖြတ်ဖိုင်များခေါ်တင်ခြင်း…

အဆင့် (၁)
ပထမဆုံး Composition မှာ တည်းဖြတ်မည့်သီချင်းတွေကို အခန်းလိုက်အခန်းလိုက်ဖြစ်အောင် Duration အချိန်
ကိုကန့်သတ်ပေးရမှာဖြစ်ပါတယ်။ အဲဒီအတွက် Menu> Composition ကိုနှိပ်ပြီး New Composition ကိုဆက်
နှိပ်ပါ။ အောက်က Duration အကွက်တွင် ကျနော်သတ်မှတ်ထားတဲ့အတိုင်း 9 စက္ကန့်သာထားလိုက်ပါ။ OK



အဆင့် (၂)
ဒီအဆင့်မှာ Project နေရာမှာ မိမိတည်းဖြတ်မည့်ဖိုင်တွေကို ခေါ်တင်ဖို့ဖြစ်ပါတယ်။ အဲဒီအတွက် Menu> File> Import ကိုနှိပ် ဒါမှမဟုတ် Project နေရာမှာ လွတ်သောအကွက်တွင် ကလစ်နှစ်ချက်နှိပ်လိုက်ရင်လဲ မိမိဖိုင်ကို
ခေါ်တင်လို့ရပါတယ်။ မိမိ psd နဲ့ သီချင်းစာသားဖိုင်ကို ရွေးပြီး open ကိုသာနှိပ်ပါ။



အဆင့် (၃)
အထက်ပါ ဘောက်စ်တွင် open ကိုနှိပ်လိုက်တာနဲ့ အောက်ပါ Layer option ဘောက်စ်ပေါ်လာမယ်။ အခု ကျနော့်ဖိုင်က layer တစ်ခုတည်းဆိုတော့ပြဿနာမရှိပေမယ့်။ Layer များရင်တော့ ဘယ်Layer ကိုရွေးမ
လဲဆိုတာမျိုးရှိတတ်တယ်။ ပုံမှန်အားဖြင့် import of kind အတွက်တွင် Composition ကိုရွေးပြီး ထိုနောက် Merged layer ကိုသာရွေးပြီး OK



အဆင့် (၄) 
အဲဒီ စာသားရဲ့ သီချင်းဖိုင်ကိုခေါ်တင်ဖို့ဖြစ်ပါတယ်။ အထက်ပါအတိုင်း သီချင်းဖိုင်ကိုရွေးပြီး Open နှိပ်လိုက်ရုံပါပဲ။ 
psd ဖိုင်လို layer တွေ ရွေးစရာမလိုပါ။

project နေရာတွင် ကျနော်တည်းဖြတ်ဖို့ဖိုင်တွေရွေးထားတာ အာက်ပါပုံအတိုင်းမြင်နိုင်ပါတယ်။




အပိုင်း (ခ) Timeline အကွက်တွင် project ကနေ တည်းဖြတ်မည့်ဖိုင်များ စွဲထည့်ခြင်းနှင့် ကာလာ
အရောင်များပြင်ဆင်ခြင်း

အဆင့် (၁)
Project မှာရှိတဲ့ ဖိုင်တွေကို ဒီ Timeline ကိုရောက်အောင် မိမိတည်းဖြတ်မည့်ဖိုင်တွေထဲမှာ psd (photoshop)
ဖိုင်ဆိုရင် ၎င်းဖိုင်ကို ကလစ်နှစ်ချက်ခေါက်ပါ။ အောက်ပါပုံသည် MM ဆိုတဲ့ psd ဖိုင်ကို ကလစ်နှစ်ချက်ခေါက်
လိုက်တာနဲ့ Timeline အတွင်းမှာရောက်ရှိသွားတဲ့ပုံဖြစ်ပါတယ်။



01 ဆိုတဲ့ layer အမည်နဲ့ဖေါ်ပြပေးမှာဖြစ်ပါတယ်။ အခု layer တစ်ခုတည်းမို့လို့ 01 တစ်ခုပဲဖေါ်ပြပေးတာပါ။ 
အကယ်၍ သီချင်းတစ်ပုဒ်လုံးဆို layer က layer က အခု ၂၀ ကျော်လောက်ဖေါ်ပြမယ်။ 


အဆင့် (၂)
psd (photoshop) ဖိုင်ထည့်ပြီးလျှင် ကျန်တဲ့သီချင်းတွေထည့်ဖို့အတွက် Project ကနေ မိမိတည်းဖြတ်မည့် စာ
သားရဲ့ သီချင်းကို ဒီtimeline ကိုအတွင်းကိုရောက်ဖို့ drag and paste လုပ်ရမယ်။ ဒါဆို ၎င်းသီချင်းဖိုင်ကို
မောက်စ်နဲ့ဖိစွဲပြီး timeline မှာရှိတဲ့ Background ဖိုင်အောက်ရောက်ရင် မောက်စ်ကိုလွတ်လိုက်ပါ။ အဲဒါဆို
အောက်ပါပုံအတိုင်း Background ဖိုင်အောက်မှာ သီချင်းဖိုင်တစ်ခုရောလာမှာဖြစ်ပါတယ်။



Background ဖိုင်ကိုအသုံးမလိုသည့်အတွက် ၎င်းဖိုင်ကိုရွေးပြီး ကီးဘုတ်ပေါ်က delete ကိုသာနှိပ်ပြီးဖျက်လိုက်
ပါ။

အဆင့် (၃)
ဒီအဆင့်က layer တွေကို ပွားယူဖို့ဖြစ်ပါတယ်။ ကရာအိုကေစာတန်းရဲ့သဘောသည် layer တစ်ခုကနေ နှစ်ခု ပွားယူရမှာဖြစ်ပါတယ်။ သဘောက layer နှစ်ထပ်ရှိရမှာဖြစ်တယ်။ အဲဒါကရဖို့ 01 layer ကို select ပေးပါ။ ပြီးတော့ ကီးဘုတ်ပေါ်က Ctrl + D တွဲနှိပ်ပါ။ အောက်ပါပုံအတိုင်း 01 2 ဆိုတဲ့ layer တစ်ခု ထပ်ပိုလာမှာ ဖြစ်ပါတယ်။



အဆင့် (၄)
ပွားယူလို့ရလာတဲ့ layer (01 2) ကို အရောင်ကာလာဖြည့်ရမယ်။ အောက်ပါပုံအတိုင်း Menu> Effect>Color
Correction> Tint ကိုနှိပ်ပါ။



Tint ကိုနှိပ်လိုက်ပြီးတာနဲ့ အောက်က ကာလာဘောက်စ်ပေါ်လာမှာဖြစ်ပါတယ်။ အဲဒါကိုမိမိစိတ်ကြိုက်ဖြစ်မည့် အရောင်တွေကို ကျနော်ကွင်းထားတဲ့အဖြူ၊ အမည်းနေရာတွေမှာ မိမိစိတ်ကြိုက်အရောင်တွေနဲ့ဖြည့်လိုက်ပါ။

မှတ်ချက်…
ဒီနေရာမှာ layer အများအတွက်ကျနော်နည်းနည်းလောက်တင်ပြပေးချင်ပါတယ်။ layer 1 ကိုအပေါ်အတိုင်း 
layer ပွားယူတာတို့ အရောင်ဖြည့်တာတို့လုပ်တတ်ပြီးဆိုလျှင် ကျန်တဲ့ layer 2, 3, 4 စသည် ဘယ်လိုလုပ်ရမလဲ
ပေါ့နော်။ ဟုတ်ပါပြီး။ layer 01-01 2 အပေါ်ကအတိုင်း ကာလာအရောင်ဖြည့်ထားပြီးဆိုလျှင် ကီးဘုတ်ပေါ်က
Ctrl + C ကိုတွဲနှိပ်လိုက်ပါ။ copy ယူထားတဲ့သဘောပေါ့။ ပြီးတော့ layer ( 01-01 2) သီချင်းဖိုင်တွေကို lock
သော့ခတ်ထားလိုက်ပါ။ ကျန်တဲ့ layer များကို select ပေးပါ (တစ်ခုခုကို select ပေးပြီး Ctrl + A ကိုသာနှိပ်ပါ)
ထိုနောက် ကီးဘုတ်ပေါ်က Ctrl + D ကိုတွဲနှိပ်ပါ (လေယာတွေကိုထပ်ပွားဖို့)။ အဲဒါဆို layer တွေကို 02 02 2, 
03 03 2, 04 04 2 စသည်အားဖြင့်တွေ့ရမှာဖြစ်ပါတယ်။ ပွားယူလာတဲ့လေယာတွေကို အရောင်ဖြည့်ဖို့ ခုဏက
copy ယူထားပြီးဖြစ်သည့်အတွက် ကီးဘုတ်ပေါ်က Ctrl + V ကိုသာနှိပ်လိုပ်ပါ။ 

အကြမ်းအားဖြင့်…
Ctrl + A = Select All
Ctrl + C = အရောင်များကို ကော်ပီ
Ctrl + D = Layer များကို ပွားယူ
Ctrl + V = ၎င်းကော်ပီထားတဲ့ အရောင်တွေကို paste
အပိုင်း (ဂ) Karaoke Text Edit Main Box နဲ့ Display Screen လုပ်ဆောင်ချက်မျအဆင့် (၁)
ဒီ Karaoke Text Edit Main Box ကို အသုံးပြုနိုင်ဖို့ ပထမအသုံးပြုရမည့်ကီးဘုတ်ပေါ်က ကီးတွေကိုနည်းနည်း
ရှင်းပြချင်ပါတယ်။ အဲဒီဘောက်စ်မှာပါတဲ့ သီချင်းတွေကို နားထောင်ဖို့အတွက် Num Lock ဖက်ခြမ်းပါတဲ့ Del ကီး
ကိုခေါက်လိုက်ပါ။ ဒါဆို သီချင်းတွေက သူ့နေရာနဲ့သူပေါ်လာမှာဖြစ်ပါတယ်။



သီချင်းက Duration ကို သတ်မှတ်ထားသည့်အတွက် ကိုးစက္ကန့်သာ play လုပ်မှာဖြစ်ပါတယ်။ အဲဒါကို မိမိလိုချင် တဲ့သီချင်းနေရာနဲ့ကိုက်အောင်ဘောက်စ်မှာပါတဲ့ time indicator အတိုင်လေးကို လိုက်ရွေ့ပေးရပါမယ်။



အဆင့် (၂)
ဒီအဆင့်က သီချင်းနဲ့ စာသားကိုအစနဲ့အဆုံးမှတ်သားဖို့ဖြစ်ပါတယ်။ အဲဒါကို
timeline က (01 2) ကို select ပေးလိုက်ပါ။ lock ခတ်ထားရင် ပြန်ဖြုတ်လိုက်ပါ။ ကီးဘုတ်ပေါ် Num Lock ဖက်ခြမ်းက Del ကိုနှိပ်ပြီး သီချင်းကိုစနားထောင်းပါ။ သီချင်းရဲ့စတင်မည့်နေရာကိုချိန်ပြီး time indicator နဲ့ လိုက်ရွေ့ပါ။ သီချင်းနဲ့ မိမိတည်းဖြတ်မည့်စာသားကိုက်မည့်အနေအထားထိ ကိုမလဲဆိုတာကို Del (full stop) ကိုထပ်ခါတလဲနှိပ်ပြီး ချိန်ညှိပါ။ 
ချိန်ညှိလို့အဆင်ပြေပြီးဆိုရင် ´ဂုဏ်ဓနမက်တဲ့သစ္စာတရားနဲ့ ငါ့လိုလူပါကွယ်´ ဆိုတဲ့သီချင်းကို (ဂုဏ်) အစနဲ့
(ကွယ်) အဆုံးကို ကျနော်တို့ que အတုံးအဖြူလေးနဲ့မှတ်ထားရမယ်။ ဘယ်လိုမှတ်သားထားရမလဲဆိုတော့
Del (full stop) ကိုနှိပ်ပြီး သီချင်းကို play ထားလိုက်ပါ။ ပြီးတော့ (ကွယ်) ဆိုတဲ့သီချင်းဆုံးတာနဲ့ ကီးဘုတ်ပေါ်
က ခရေပွင့်နဲ့ ဇီးရိုးတွဲနှိပ်ထားလိုက်ရင် အောက်က que အဖြူတုံးလေးတစ်ခုပေါ်လာမှာဖြစ်ပါတယ်။ အကယ်၍
မကိုက်သေးဘူးဆိုရင် ၎င်း que အဖြူတုံးလေးကိုပြန်ဖျက်ချင်ရင် ၎င်းတည့်တည့်ကို Right Click ထောက် delete this mark ကိုနှိပ်လိုက်ရုံပါပဲ။ 
အောက်က ကျနော်ပြုလုပ်ထားတဲ့ပုံကိုကြည့်ပါ။ သီချင်းအဆုံးက (ကွယ်) ကိုအရင် que ချလိုက်ပါ။ ပြီးတော့ သီ
ချင်းကို ကီးဘုတ်ပေါ်က del (full stop) ကိုပြန်နှိပ်ပြီး အစ (ဂုဏ်) ကို ကြားတာနဲ့ ကီးဘုတ်ပေါ်က ခရေပွင့်နဲ့ ဇီးရိုးကိုတွဲနှိပ်လိုက်ပါ။ ဒါဆိုအစမှာ que အဖြူတုံးလေးတစ်ခုထပ်ရလာမယ်။
ဒါဆို que အဖြူတုံးလေးဟာ အစတစ်တုံးနဲ့ အဆုံးတစ်တုံးတွေ့ရမှာဖြစ်ပါတယ်။



ဒီနေရာမှာ စာနဲ့ရေးပြရတော့ အနည်းငယ်အခက်အခဲရှိတယ်။ အဲဒါကို ကိုယ့်ကိုကျေနပ်လောက်အောင်ထပ်ခါ
လေ့ကျင့် ကြည့်ဖို့လိုပါတယ်။ 

အဆင့် (၃)
သီချင်းအစ အဆုံးကို que နဲ့မှတ်သားထားပြီးဆိုရင် အဲဒီ အဆုံး que ကို MaskShape နဲ့ ကန့်သတ်ရမှာဖြစ်ပါ
တယ်။ အဲဒါဆို time indicator အတိုင်လေးကို အဆုံးတစ်ခုဖြစ်တဲ့ que အဖြူတုံးနားမှာ မောက်စ်နဲ့ရွေ့ထား လိုက်ပါ။ ကီးဘုတ်ပေါ်က Ctrl Shift + N တို့ကိုတွဲနှိပ်ပါ။ ပြီးတော့ ကီးဘုတ်ပေါ်က M တစ်ခါတည်းဆက်နှိပ်ပါ။ ဒါဆို အောက်ပုံက ဘယ်ဖက်မှာရှိတဲ့ MaskShape ရဲ့နာရီလိုအလုံးလေးကိုမောက်စ်နဲ့တစ်ချက်နှိပ်ပါ။ အရောင်ကိုကန့်သတ်ပေးတဲ့သဘောဖြစ်ပါတယ်။ ပုံက ညာဖက်မှာအ၀ါရောင်လိုအစက်က လေးတစ်ခုတွေ့ရ မှာဖြစ်ပါတယ်။



MaskShape အတွက် ကီးဘုတ် short cut :
Ctrl Shift + N တစ်ချက် ။
M တစ်ချက် ။

အဆင့် (၄)
သီချင်းနဲ့စာသားကို que အဖြူတုံးနဲ့ MaskShape တို့ မှတ်သားထားလိုက်ပြီးဆိုရင် သီချင်းစာသားရဲ့ကာလာ အရောင်ပြေးဖို့ လုပ် ဆောင်ရမှာဖြစ်ပါတယ်။ အဲဒီအတွက် အောက်ကပုံအတိုင်း Display Screen မှာ အ၀ါရောင်
ဒေါက်တိုင်ကလေးတစ်ခုရှိပါတယ်။ အဲဒီဒေါက်တိုင်ကို ကီးဘုတ်ပေါ်က Shift ကိုဖိနှိပ်ထားပြီး ဒေါက်တိုင်ရဲ့ 
အောက်ခြေအလုံးလေးတည့်တည့်ကို မောက်စ်နဲ့တစ်ချက်နှိပ်လိုက်ပါ။ ပြီးတော့ shift ကိုနှိပ်ထားပြီး မောက်စ်နဲ့
ဒေါက်တိုင်အောက်ခြေရဲ့အလုံးလေးကို သီချင်းအဆုံး (ကွယ်)ထိ ရောက်အေင်ရွေ့ပါ။



အဆင့် (၅) 
ပြီးတော့ time indicator တိုင်လေးကို que ရဲ့ အစနားလေးမှာ ထပ်ရွေ့ထားလိုက်ပါ။ အောက်ကပုံကိုကြည့်ပါ။



အဆင့် (၆)
အဆင့် (၄)က အတိုင်း ကျနော်တို့ Display Screen က အဲဒီအ၀ါရောင်ဒေါက်တိုင်ကို ကီးဘုတ်ပေါ်က Shift ကိုဖိနှိပ်ထားပြီး ဒေါက်တိုင်ရဲ့ အောက်ခြေအလုံးလေးတည့်တည့်ကို မောက်စ်နဲ့တစ်ချက်နှိပ်လိုက်ပါ။ ပြီးတော့ shift ကိုနှိပ်ထားပြီး မောက်စ်နဲ့ဒေါက်တိုင်အောက်ခြေရဲ့အလုံးလေးကို သီချင်းအစ (ဂုဏ်)ထိ ရောက်အေင် ရွေ့ပါ။



အဆင့် (၇)
အထက်ပါအဆင့်များလုပ်ဆောင်ချက်ပြီးပြီဆိုရင် ဒီသီချင်းစာသားတစ်ပိုဒ်ကို အရောင်ပြေးလို့ရသွားပါပြီ။ သို့သော် 
အခုလက်ရှိတည်းဖြတ်ထားတဲ့ layer ကန့်သတ်ထားဖို့လိုလိမ့်မယ်။ အောက်ကပုံကိုကြည့်ပါ။ que အဖြူတုံးရဲ့အ
ထက်နားလေးမှာ ဟိုဖက်ဒီဖက်အပြာဖျော့ရောင်နဲ့တွေ့နိုင်ပါတယ်။ ဒါဆို အစနဲ့ အဆုံးကို ဘယ်လိုကန့်သတ်မလဲ
။ time indicator တိုင်ကို que အစနားမှာ ရွေ့ထားလိုက်ပါ။ ပြီးတော့ အစမှတ်ဖို့အတွက် ကီးဘုတ်ပေါ်က B ကို
နှိပ်။ ထိုနောက် time indicator တိုင်ကို que အဆုံးနားမှာ ပြန်ရွေ့ထားပါ။ အဆုံးကိုမှတ်ဖို့အတွက် ကီးဘုတ်ပေါ်
က N ကိုနှိပ်ပါ။

အစ B
အဆုံး N


ဒါဆို မိမိလုပ်ထားတွေကို ပြန်ပြီးကြည့်ဖို့အတွက် ကီဘုတ်ပေါ် Num Lock က ဇီးရိုးကိုနှိပ်လိုက်ပါ။ ဒါဆို သီချင်း
စာသားအရောင်တွေ ပြေးနေတာကိုတွေ့ရပါလိမ့်မယ်။

ဒီနေရာမှာ အရောင်ပြေးတာနဲ့ သီချင်းက မကိုက်ဘူးဆိုရင် ပြန်ပြင်လို့ရပါသေးတယ်။ ဥပမာ…သီချင်းက အရှေ့
ရောက်နေတယ်။ အရောင်က နောက်မှာကျန်နေတယ်။ အဲဒါဆို သီချင်းရောက်တဲ့နေရာမှာ ကီးဘုတ်ပေါ်က ခ
ရေပွင့်နဲ့ ဇီးရိုးကိုတွဲနှိပ်လိုက်ရင် que အဖြူတုံးတစ်ခုထပ်မှတ်လိုက်ပါ။ ပြီးတော့ time indicator တိုင်ကို ၎င်း
que နားမှာ ရွေ့ယူလိုက်ပါ။ ပြီးလျှင် Display Screen က အ၀ါရောင်ဒေါက်တိုင်ကို ခုဏက que နဲ့မှတ်ထား
တဲ့ သီချင်းစာသားနေရာထိရောက်အောင်ရွေ့ပါ။ ဒီလောက်ဆို နားလည်မယ်ထင်ပါတယ်။ 

အဆင့် (၈)
ကဲ…ဒီ Layer ကို ပြင် edit လုပ်တာ စိတ်ကြိုက်ဖြစ်ပြီးဆိုရင် ဒီ layer ကို အစနဲ့ အဆုံးကန့်သတ်လိုက်မယ်။ အဲဒါ
ဆို အောက်ကပုံအတိုင်း ကျနော်ကွင်းထားတဲ့ scroll မျှားကို တစ်ချက်နှိပ်လိုက်ပါ။




ပြီးတော့ layer 01 နဲ့ layer 01 2 နှစ်ခုစလုံးကို select ပေးလိုက်ပါ။ time indicator တိုင်ကို que အစမှာရွေ့
ထားပါ။ ကီးဘုတ်ပေါ်က Alt + { နှစ်ခုကိုတွဲနှိပ်ပါ။ အောက်ကပုံအတိုင်း လေယာအစဖက်မှာ ပြတ်ထွက်သွား
တာတွေ့ရပါလိ့မ်မယ်။ အလားတူ အဆုံးဖက်ခြမ်းမှာလဲ ပြတ်သွားအောင် time indicator တိုင်ကို que အဆုံးမှာ ရွေ့ထားပါ။ ကီးဘုတ်ပေါ်က Alt + } နှစ်ခုကိုတွဲနှိပ်ပါ။ ကဲ..အောက်ကပုံအတိုင်းလိုဖြစ်သွားပါပြီးဗျာ။




အထက်ပါတင်ပြချက်များသည် layer (သီချင်းစာသားတစ်ပိုဒ်)အတွက်မျှသာ ဖြစ်ပါတယ်။ ကျန်တဲ့ layer များအ
တွက်ဆို အပိုင်း (ဂ) က အဆင့်တိုင်းအားလုံးနည်းတူလုပ်ဆောင်ရမှာဖြစ်ကြောင်း လေ့လာသူများသိစေချင်ပါ
တယ်။ လေယာတစ်ခုလုပ်ပုံလုပ်နည်းကောင်းကောင်းသိထားပြီးဆိုရင် ကျန်လေယာများအတွက်မခက်တော့ပါ။
သို့သော် ကျနော်စကားချပ်အနေဖြင့် ပြောရလျှင် ကျန်လေယာများဆက်လုပ်ဖို့ဆိုရင် မိမိပြုလုပ်မည့်လေယာမှ
အပ ကျန်လေယာအားလုံးကို ဘယ်ဖက်ခြမ်းက မျက်လုံးများအာလုံးပိတ်ထားလိုက်ပါ။ မဟုတ်ရင် ကြည့်ရတာ
အဆင်ပြေမည်မဟုတ်ပါ။ ကျနော်အနေနဲ့ အကြံပေးချင်တာက layer မကျွမ်းကျင်သေးသောပုဂ္ဂိုလ်များအတွက်
layer ကို အချိန်ယူပြီးလေ့လာစေချင်ပါတယ်။ 

နောက်တစ်ခုထပ်ပြောပါရစေ။ သီချင်းတစ်ပုဒ်လုံးဟာ နှစ်ကြော့ရှိပါတယ်။ ကျနော်တို့က သီချင်းစာသားကို ပထ
မအကြော့အတွက်ပဲလုပ်ထားတာများပါတယ်။ ဒုတိယအကြော့က သီချင်းကတူနေတော့ ပထမကြော့က သီချင်း
စာသား layer တွေကိုပဲ ကောပီပြန်ကူးယူရမှာပါ။ ဥပမာ…သီချင်းပထမကြော့အတွက် layer အခုနှစ်ဆယ်
လောက်ရှိတယ်ပေါ့ဗျာ။ အဲဒီအခုနှစ်ဆယ်စလုံးကို select ပေးပြီး ကော်ပီယူထားလိုက်ပါ။ ဒုတိယကြောင့်ပြန်စ
မယ့် သီချင်းကို time indicator တိုင်နဲ့ ရွေ့ထားလိုက်ပါ။ ပြီးတော့ Ctrl + V လုပ်လိုက်ရုံပါပဲ။ 

ဒါကလဲ ကျနော်အကြမ်းဖျင်းအားဖြင့်သာ ပြောပြနိုင်တာပါ။ တကယ်လုပ်တတ်ချင်ရင် ကိုယ့်ကိုကြိုးစားကြည့်ပါ။
တစ်ကြိမ်းမရရင် နောက်တစ်ကြိမ်ပေါ့။ အကြိမ်များလာရင် အဆင်ပြေမှာပါ။ ကျနော်က တဒေါင့်တနေရာမှာ အ
ထောက်အကူဖြစ်စေတဲ့ သဘောမျိုးနဲ့ ကြိုးစားရေးပေးတဲ့သဘောပါပဲ။ 

project ဖိုင်ကို သိမ်းခြင်း

၁။ မိမိတည်းဖြတ်တာတွေကို စိတ်ကြိုက်ဖြစ်ပြီးဆိုလျှင် ဖိုင်ကိုသိမ်းစည်းရတော့မယ်။ သိမ်းသည်းရမည့်ဖိုင်
format အမျိုးအစားက AVI ပဲဖြစ်ပါတယ်။ အဲဒါကိုသိမ်းဖို့အတွက် ကီးဘုတ်ပေါ်က Ctrl + M ကိုတွဲနှိပ်
လိုက်ပါ။ ဘောက်စ်တစ်ခုပေါ်လာရင် ဖိုင် name ကိုပေးပြီး OK (မပေါ်ရင် ဘာမှလုပ်စရာမလို)
ထိုနောက် Best Setting ၊ Out put Module Template နှစ်ခုတို့တွင် Setting ကို Best Setting ရွေး၊
ပြီးတော့ Out put Module Template ကိုနှိပ်လိုက်ပါ။ (အကယ်၍ အဲဒါတွေမပေါ်ခဲ့ရင် Menu က Edit> 
Preference ကို နှိပ်လိုက်ရင် Best Setting ၊ Out put Module Template နှစ်ခုကိုတွေ့နိုင်ပါတယ်။
ထိုနောက် အောက်ကပုံအတိုင်း New ကိုနှိပ်ပါ။



၂။ Format Option ကိုနှိပ်ပါ။ ပေါ်လာတဲ့ဘောက်စ်တွင် Microsoft DV ကိုရွေးပြီး OK



၃။ အောက်ကပုံမှာ ကျနော် ခြစ်ထား၊ ရွေးထားအတိုင်း လိုက်ပြီး ခြစ်ထား၊ ရွေးထားလိုက်ပါ။ Stretch ကိုအမှန်
ခြစ်၊ Custom နေရာတွင် NTSC DV ကိုရွေး၊ Crop၊ Audio Out Put ကိုအားလုံးအမှန်ခြစ်လိုက်ပါ။



၎။ အားလုံးပြီးလျှင် save ဖို့အတွက် Render ကိုနှိပ်ပါ။



အောက်ကပုံမှာ ဖိုင်ကိုသိမ်းတဲ့အနေအထားဖြစ်ပါတယ်။ ခဏစောင့်လိုက်ပါ။ ကလင်…ဆိုတဲ့အသံမြည်လာတာနဲ့
မိမိသိမ်းထားတဲ့ဖိုင်ပြီးဆုံးသွာပါပြီးခင်ဗျာ…

အမှာ ။ ။
ကျနော် ဒီ tutorial ကိုရေးဖို့အချိန်အနည်းငယ်ပေးဆပ်ခဲ့ရပါတယ်။ အထက်ကပြောခဲ့အတိုင်း ဆရာများအတွက် ရည်ရွယ်ပြီးရေးတာမဟုတ်ပါ။ မသိသေးသောပုဂ္ဂိုလ်များအတွက်သာဖြစ်ပါတယ်။ ဒီ tutorial နဲ့ အခြေခံပုဂ္ဂိုလ်
များအတွက် အတိုင်းအတာတစ်ခုထိအဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်။ စာနဲ့ ပုံရေးပြထားသော်လည်း လိုအပ်
ချက်တွေတော့ ရှိနေမှာသေချာတယ်။ အဲဒီလိုအပ်ချက်တွေကို မိမိကိုယ်နိုက်ကလဲ ထပ်မံပြီးလေ့လာဖို့လိုပါလိမ့်
မယ်။ ကျနော်ကတော့ ဒီ ´ကရာအိုကေ စာတန်းထိုးနည်းကို´ မြန်မာလိုရေးထားတာများရှိမလားဆိုပြီး search
engine ကနေ အချိန်ပေါင်းများစွာ လိုက်ရှာခဲ့ပါတယ်။ ဒီဆော့ဝဲနဲ့ရေးထားတော့ မတွေ့မိခဲ့ပါ။ တစ်ခြားလုပ်နည်း
ကတော့ အနည်းငယ်ရေးထားတော့တွေ့တယ်။ သို့သော် စိတ်တိုင်းကျမဖြစ်တာနဲ့ ဒီဆော့နဲ့လုပ်ပုံလုပ်နည်းကို
ထပ်ခါတလဲလေ့လာပြီးတော့ အနည်းငယ်ကိုယ့်ကိုသဘောပေါက်ပြီးလို့ ယူဆရတဲ့အချိန်မှာ ဒီ tutorial ကိုရေး
ခြင်းဖြစ်ပါတယ်။ 
ကျန်တဲ့ ဒီဆော့ဝဲနဲ့ effect လုပ်ဆောင်ပုံ၊ ပြုလုပ်ပုံတွေကို ၀ါသနာပါရင် youtube.com သွားရောက်လေ့လာ
နိုင်ပါတယ်။ အဲဒီမှာ ဒီစာတန်းထိုးနည်းမတွေ့နိုင်ပေမယ့် တစ်ခြား effect tutorial ပြုလုပ်နည်းတွေကတော့
မြောက်များစွာတင်ထားပါတယ်။ ကျနော်ရေးတဲ့ tutorial ကိုဖတ်ပြီး အနည်းငယ်မျှ အကျိုးရှိရင်လည်း
ကျနော် ပညာပါရမီကို ဖြည့်ရတဲ့အတွက် ကျနော်ဝမ်းသာပါတယ်လို့ပြောပါရစေ…

အားလုံးကိုကျေးဇူးတင်ပါတယ်

စောလင်းနက်စ်

ကျွန်တော်တင်သမျှပိုစ့်တွေ Facebook ကနေရယူချင်တယ်ဆိုရင်  ဒီမှာ Like နှိပ်ပါ။
မန်ဘာဝင်ခဲ့ခြင်းဖြင့် ပိုစ့်အသစ်တင်တိုင်း မိမိ Gmail ထဲကိုတိုက်ရိုက်ရောက်ရှိမည်ဖြစ်ပါသည်။
ထို့ကြောင့်မန်ဘာဝင်ခဲ့ဖို့ဖိတ်ခေါ်ပါတယ်။
 မိတ်ဆွေများအဆင်ပြေစေဖို့ pdf ဖိုင် စာအုပ်းလေး ကျွန်တော်ပြန်လည်ပြုလုပ်ပေးလားပါတယ် စာအုပ်အဖြစ်လိုချင်သူများအောက်မှာဒေါင်းလိုက်ပါနော်

ကရာအိုကေစာတန်းထိုးနည်း Video Capture Tutorial

ကရာအိုကေစာတန်းထိုးနည်း Video Capture Tutorial
ကရာအိုကေစာတန်းထိုးနည်းကို ကျနော်စာနဲ့ပုံတွဲပြီးရေးပြထားသော်လည်း လိုက်လုပ်ရတာအခက်အခဲရှိတယ်လို့ ပြောလည်သည့်အတွက် အခု Video Capture Tutorial နဲ့ ပြန်ပြီးကြိုးစားပေးပါတယ်။ ဗွီဒီယိုကိုကြည့်ပြီးမရှင်းသေး ဘူးဆိုလျှင် ထပ်ပြောပါ။ ကျနော်ဖြေးဖြေးအသေးစိပ်ထပ်ရှင်းပြပါမယ်။ ပညာဆိုတာပေးဆပ်ဖို့ပဲ ချန်ထားလျှိုထား ဖို့မဟုတ်ဘူး။ ကျနော်အခွင့်အရေးရှိတုန်း အချိန်ရှိတုန်းသိတာလေးတွေကို ပြန်ဝေငှခြင်းဖြစ်ပါတယ်။ ကဲ... ဒီတစ်ခါတော့ အဆင်ပြေပါစေ...
ကရာအိုကေစာတန်းထိုးနည်း Video Capture Tutorial
Related

Related Posts...! {ဆက်စပ်ပို့စ်များ}

ကျနော် စောလင်းနက် PC World မှ ကူယူတင်ပြပါသည်
မူရင်းဆိုဒ်သို့သွားရန် ဒီနေရာကိုနှိပ်ပါ
ကျွန်တော်တင်သမျှပိုစ့်တွေ Facebook ကနေရယူချင်တယ်ဆိုရင်  ဒီမှာ Like နှိပ်ပါ။
မန်ဘာဝင်ခဲ့ခြင်းဖြင့် ပိုစ့်အသစ်တင်တိုင်း မိမိ Gmail ထဲကိုတိုက်ရိုက်ရောက်ရှိမည်ဖြစ်ပါသည်။
ထို့ကြောင့်မန်ဘာဝင်ခဲ့ဖို့ဖိတ်ခေါ်ပါတယ်။

Windows7 မှာ System Restore ပြုလုပ်ခြင်းနှင့် နည်းပညာများ


ဒီနည်းလေးကို အားလုံးပဲ သိသင့်တယ်ထင်လို့ ဒီနေ့ဒီပိုစ့်လေးကို ရေးလိုက်ရပါတယ်..။ အခုဒီနည်းက Backup Files လုပ်မထားတဲ့ စက်တွေမှာ အလွယ်သုံးတဲ့ နည်းလေးပါ..။ များသောအားဖြင့် ရတတ်သလို ၊ လုပ်မရတဲ့ အခါများလည်း ရှိပါတယ်..။ ကျနော်တို့ရဲ့ ကွန်ပျူတာမှာ ဆော့ဝဲလ်တွေကို အမြဲသွင်းလိုက်၊ ထုတ်လိုက် လုပ်နေတဲ့ အခါမှာ System Restore Point တွေဟာ များများလာပါတယ်..။ ဘာလို့လဲဆိုတော့ ဆော့ဝဲလ်တွေက သူတို့ကို သွင်းလိုက်တဲ့ အချိန်မှာ Restore Point တွေဖြစ်ပေါ်လာအောင် ကွန်မန်းတွေ ပါလာလို့ပါ..။ ဒါပေမယ့် တချို့ဆော့ဝဲလ်တွေကျတော့ ရှိပြီးသား Restore Point တွေကို ဖျက်ပစ်ပြီး ဒီဆော့ဝဲလ်ကို သွင်းတဲ့ အချိန်ကိုပဲ Restore Pointမှာမှတ်ထားပါတယ်..။ တချို့ဆော့ဝဲလ်တွေ ကျပြန်တော့ ရှိပြီးသား Restore Pointတွေအားလုံးကို ဖျက်ပစ်လိုက်ပါတယ်..။ အဲလိုဆော့ဝဲလ်မျိုးနဲ့ ကြုံခဲ့ရင်တော့ Restore Point ကို ပြန်ရှာလို့ မရနိုင်ပါဘူး..။ ဒီပိုစ့်မှာတော့ Restore Point တွေအများကြီး ရှိတဲ့ အထဲက.. တခုနဲ့ မရရင် တခုပြောင်းပြီး လုပ်တတ်အောင်လို့ ပြပေးသွားမှာ ဖြစ်ပါတယ်..။ စက်လေးလာတဲ့ အခါမျိုး၊ ဝင်းဒိုးပျက်တဲ့ အခါမျိုး၊ Error အမျိုးမျိုးကြောင့် ဘယ်ပရိုဂရမ်မှ ဖွင့်သုံးလို့ မရတော့တဲ့ အခြေနေမျိုးတွေမှာ..စက်ကိုပြန်ကောင်းလာစေဖို့.. လေးနေရာကနေ ပြန်ပြီးသွက်လက်လာစေဖို့ ဆိုရင်System Restore ကိုအသုံးပြုတတ်ကြပါတယ်..။ System Restore ဆိုတာ စက်ကောင်းနေတဲ့ အချိန် လွန်ခဲ့တဲ့ တပါတ်၊ တစ်လ ဒါမှမဟုတ် ၃၊၄ လလောက်အချိန်ထိ ပြန်ဆုတ်ပေးနိုင်ပါတယ်.. နာရီ၊ နေ့ရက် အချိန်တွေကတော့ ဒီနေ့ဒီအချိန်တိုင်း ရှိနေမှာပါ..။ ဒါကြောင့်ဒီနည်းလေးကို ကွန်ပျူတာရှိတဲ့လူတိုင်း တတ်ထားသင့်ပါတယ်..။ တော်ယုံ Error လောက်ကို ဆိုင်မှာသွားပြစရာမလိုပဲ မိမိတို့ ဖာသာ ဖြေရှင်းနိုင်ပါလိမ့်မယ်..။
System Restore ကို ဝင်တဲ့ နေရာမှာ တခုက စက်ဖွင့်လို့ ရတဲ့စက်တွေမှာ ဝင်နည်းတမျိုးနဲ့.. နောက်တခုက ဝင်းဒိုးမတက်တဲ့ (စက်ဖွင့်လို့ မရတဲ့)စက်တွေမှာ Safe Mode ကနေ ဝင်လို့ရတဲ့နည်း လေးတွေကို တင်ပြပေးသွားပါ့မယ်..။ ဒီပိုစ့်လေးကို တင်ပေးချင်နေတာ ကြာပါပြီး..။ ပုံတွေက အဆင်သင့် မရှိသေးလို့ ကြာနေတာပါ..။ အခုတော့ လိုအပ်နေတဲ့ ညီအစ်ကိုတွေလည်း ရှိလာပြီ ဆိုတော့ ဒီပိုစ့်လေးကို ပုံတွေအမြန် ဖန်တီးပြီး တင်ပေးလိုက်ပါတယ်..။ လိုအပ်တာလေးများ ရှိခဲ့ရင်လည်း သီးခံပြီး ဖတ်ပေးပါဗျာ..။ အရင်တုန်းက သူငယ်ချင်းတယောက်စက်မှာ ဝင်းဒိုးတင်ပေးပြီး ၆ရက်ပဲ ရှိသေးတယ် Internet Explorer Error တက်ပါလေရော..။ Broadband ဆော့ဝဲလ်ကို စက်ထဲထည့်လိုက်တာနဲ့ Internet Explorer Error တက်လာတာပါ..။ ဘယ်လိုက ဘယ်လို အခန့်မသင့် ဖြစ်သွားလဲတော့ မသိဘူး..။ ဝင်းဒိုးတော့ တက်လာတယ်..။ ဘယ်ပရိုဂရမ် တခုမှ ဖွင့်လို့ မရဘူး..။ ဘာပဲဖွင်ဖွင့် Internet Explorer Error ဘောက်စ်ပဲ ပေါ်လာပြီး ဘာမှဖွင့်လို့ကို မရဘူး..။ Desktop ပေါ်မှာရှိတဲ့ Icon တွေအားလုံး Internet Explorer ပုံတွေ ဖြစ်ကုန်တယ်..။ အဲဒီစက်မှာလည်း ဒီနည်းနဲ့ အဆင်ပြေသွားပါတယ်..။ Adobe Reader Error တက်တဲ့စက်မှာလည်း ဒီနည်းနဲ့ အဆင်ပြေသွားပါတယ်..။ စက်တိုင်းကို ရမယ်လို့ မပြောပါဘူး..။ ရတဲ့ စက်တွေလည်း ရပါတယ်..။ မရတဲ့ စက်တွေလည်း ရှိခဲ့ပါတယ်..။ တကယ်လို့ ဒီနည်းနဲ့ မရခဲ့ရင်Backup Files လုပ်ထားပြီးသား လိုပါတယ်..။ Backup Files နဲ့ဆို မရတာ မရှိပါဘူး..။ Backup Files မှ မရှိရင်တော့ Windows အသစ်သာ ပြန်တင်ဖို့ပဲ ရှိပါတော့တယ်..။ Backup Files ပြုလုပ်ပုံကို နောက်ပိုင်းမှာ ပိုစ့်တွေတင်ပေးသွားပါ အုန်းမယ်..။ အခုတော့ စာလည်းရှည်နေပြီဆိုတော့ ဒီနည်းလေးကို စလိုက်ကြရအောင်ဗျာ..။
အောက်ကပုံကတော့ စက်ကို စဖွင့်ဖွင့်ချင်း ဝင်းဒိုးမတက်ခင်မှာ.. F8 နဲ့ Safe Mode ထဲကို ဝင်တဲ့အခါ အရင်ဆုံးစတွေ့ ရမယ့်ပုံပါပဲ..။ အများအားဖြင့် စက်အများစုမှာ Safe Mode ထဲ ဝင်တဲ့ ကီးဟာ F8 ကီးပါ..။ တချို့ စက်တွေမှာတော့ မတူပါဘူး..။ မတူတဲ့ စက်တွေအတွက် F8 နဲ့ Safe Mode ထဲကို ဝင်လို့ မရရင် Google မှာ မိမိတို့ စက်ရဲ့ Model အမျိုးအစားနဲ့ စာရိုက်ပြီး ရှာကြည့်ပါ..။ ရှာလို့ ရပါတယ်..။ ကျနော် အရင်တုန်းက ဒီလိုပဲ ရှာခဲ့တာပါ..။ အောက်မှာ ပြထားတဲ့ ပုံလေးကို မြင်ရရင် အနီဝိုင်းထားတဲ့ စာသားနေရာကို ကီးဘုတ်က အပေါ်အောက်မျှားနဲ့ ရွှေ့ပြီး Enter ခေါက်လိုက်ပါ..။ ဒုတိယပုံအတိုင်း မြင်ရရင် System Restore စာသားနေရာကို ကီးဘုတ်မျှားနဲ့ ရွှေ့ပြီး Enter ဆက်ခေါက်ပါ..။


အပေါ်ပုံအတိုင်း ပေါ်လာပြီးရင် အောက်ပုံအတိုင်း မြင်ရပါလိမ့်မယ်..။ Choose a different restore point စာသားနေရာကို တချက်ကလစ်လိုက်ပါ..။




အပေါ်ပုံအတိုင်းမြင်ရရင်.. အောက်ပုံမှာ ဝင်းဒိုးထဲကနေ System Restore ကို ဘယ်လိုဝင်ရလဲဆိုတာ ပြထားပါတယ်..။ ဝင်းဒိုးတက်တဲ့ စက်တွေမှာ အောက်မှာပြထားတဲ့ ပုံအတိုင်း Search Box မှာ Restore လို့စာရိုက်ပြီး နံပါတ်စဉ်တိုင်း ဝင်သွားလိုက်ပါ..။ အပေါ်ပုံတွေကတော့ ဝင်းဒိုးမတက်တော့တဲ့ စက်တွေမှာ Restart ချပြီး F8 နဲ့ ဝင်ရမယ့် နည်းလေးပါ..။ ဒီအဆင့်ကို ရောက်ရင် အားလုံးတူသွားပါတယ်..။ ဒါကြောင့် ဒီနေရာမှာ အပေါ်နဲ့ အောက်လုပ်နည်း ၂ ခုကိုတွဲပြီး ပြထားတာပါ..။ ဝင်းဒိုးတက်တဲ့ စက်တွေမှာ အောက်ပုံလေးအတိုင်း နံပါတ်စဉ်တိုင်း နှိပ်သွားလိုက်ပါဗျာ..။



အပေါ်ပုံအဆင့်ကို ရောက်ရင် အစောဆုံး နေ့ရက်ကို ရွေးပြီး တချက်ကလစ် ယူပါ..။ 3 နေရာမှာ ပြထားပါတယ်..။ ပြီးရင်တော့ 4 နေရာကို ကလစ်လိုက်ရင် အောက်ပုံအတိုင်း မြင်ရပါလိမ့်မယ်..။
Finish ပေးလိုက်ပါ..။ ခဏကြာရင် မီတာချောင်းလေး ပြေးပြီး.. စက်ပိတ်ပြီး ပြန်ပွင့်လာပါလိမ့်မယ်..။


အပေါ်က ပုံမျိုးပေါ်လာရင်တော့ အောင်မြင်စွာ ရသွားပါပြီ..။ တကယ်လို့ မအောင်မြင်လို့ မရင်ရင်တော့ အောက်ကပုံမျိုးလေး ပေါ်လာပါလိမ့်မယ်..။ အဲဒါဆိုရင်တော့ System Restore Point မှာရှိတဲ့ မတူတဲ့ တခြားနေ့ရက်တွေကို ပြောင်းပြီး ထပ်လုပ်ပါ..။ တခုမဟုတ် တခုနဲ့ အဆင်ပြေသွားပါလိမ့်မယ်..။ တကယ်လို့ မိမိတို့ရဲ့ စက်မှာ System Restore Point တွေ မရှိတော့ဘူး ဆိုရင်တော့ ဒီအဆင့်ကို ရောက်လာမှာ မဟုတ်ပါဘူး..။ Safe Mode နဲ့ ဝင်တဲ့Windows Repair မှာတင် ပြတ်ကျသွားပါလိမ့်မယ်..။


ဒီလောက်ဆိုရင်တော့ System Restore ကို အသုံးပြုတတ်လောက်ပါပြီ..။ အားလုံးပဲ လုပ်တတ်ကိုင်တတ်၍ အဆင်ပြေကြပါစေဗျာ..။ စာလည်း အတော်ရှည်သွားပြီ..။
လွင်မင်းဗိုလ်ရဲ့မူရင်း Link ကိုထားပေးပါတယ်။

Startup Repair အသုံးပြုနည်းနှင့် Registry Repair မလုပ်ခင် Restore Point ဖန်တီးခြင်း-အသုံးပြုခြင်း

Windows Startup အဆင်မပြေတဲ့သူများနဲ့ မိမိတို့စက်မှာ ဆော့ဝဲလ်တွေ မထည့်ခင်၊ ဝင်းဒိုးထဲက Registry Error-Repair မလုပ်ခင် အချိန်တွေမှာ System Restore Point ဖန်တီးထား တတ်ဖို့နဲ့ ပြန်ပြီး Restore လုပ်တတ်အောင်ပါ..ဒီပိုစ့်မှာ ရှင်းပြထားပါတယ်..။
အရင်တုန်းက ပိုစ့်တခုတင်ပေးခဲ့ဖူးပါတယ်..။ အခုဟာကတော့ System Restore Point ဖန်တီးတတ်ဖို့နဲ့ ဖန်တီးထားပြီးသားကို ပြန်ပြီး Restore လုပ်တတ်အောင်ပါ ပြပေးထားပါတယ်..။ ဆော့ဝဲလ်တွေထည့်တဲ့အခါနဲ့ Windows Updateတက်သွားတဲ့အခါတွေမှာ အရင်ရှိပြီးသား Restore Point
တွေ ပျက်ကုန်တတ်တဲ့အတွက် မိမိတို့အနေနဲ့ သတိထားပြီး Restore Point
တွေကို မကြာမကြာဖန်တီးပေးထားပါ..။ ဒါမှသာ ဝင်းဒိုးမှာ ကြီးကြီးမားမား Error တွေကနေ ကာကွယ်ပြီးသား ဖြစ်မှာပါ..။ Starting Windows မတက်နိုင်အောင် အများဆုံးဖြစ်တတ်တဲ့ အခါတွေကတော့ ဝင်းဒိုးထဲက Registry Error တွေကို ဆော့ဝဲလ်တွေသုံးပြီးရှင်းတဲ့အခါတွေမှာ အဖြစ်များပါတယ်..။CCleaner နဲ့ Advanced System Care လို System Tools တွေကို အသုံးပြုပြီးတဲ့အခါတိုင်း စက်ကို Restart မချပဲ တခြားဆော့ဝဲလ်တွေ ထပ်ပြီး Install ထည့်လိုက်ရင် ဒီလို Starting Windows မတက်နိုင်တော့တဲ့ Error တွေ ဖြစ်တတ်ပါတယ်..။ ဒီ System Tools တွေက တကယ်တော့ ဝင်းဒိုးတွေအတွက် အရမ်းကောင်းပါတယ်..။ ဒါပေမယ့် မသုံးတတ်ရင် အန္တရာယ်ဖြစ်တယ် ဆိုသလိုပဲ ဒီ System Tools တွေကို အသုံးမပြုခင် ဒီပိုစ့်ကအတိုင်း Restore Pointတခုအရင်လုပ်ထားပါ..။ System Tools
တွေကို အသုံးပြုပြီးတဲ့အခါတိုင်း တခြားဆော့ဝဲလ်တွေ မထည့်သေးပဲ မိမိတို့ရဲ့ စက်ကို အရင် Restartချပေးလိုက်ပါ..။ စက်ပြန်တက်လာမှ တခြားဆော့ဝဲလ်တွေကို ထည့်သုံးပါ..။ ဒီလိုဆိုရင် ဝင်းဒိုး မတက်နိုင်တော့တဲ့ ဘေးက ကင်းဝေးပါလိမ့်မယ်..။

နောက်တခုက Startup Repair လုပ်တတ်ဖို့ပါ..။ Startup Repairလုပ်တယ်ဆိုတာလည်း အမြဲတမ်းကြီး Repair လုပ်လို့ ရလိမ့်မယ်လို့ မမှတ်ထားသင့်ပါ..။ လုပ်လို့ ရတဲ့အခါတွေ ရှိသလို Repair လုပ်မရတဲ့အခါတွေလည်း ရှိပါတယ်..။ လုပ်လို့ရသည်ဖြစ်စေ၊ လုပ်လို့ မရသည်ဖြစ်စေ အားလုံးပဲ Startup Repair အသုံးပြုတတ်အောင် ဒီပိုစ့်မှာ ရှင်းပြပေးထားပါတယ်..။ ပုံတွေများလို့ ကြည့်ရတာ ရှုပ်တဲ့သူများအတွက် အလွယ်ကြည့်လို့ရမယ့် Video ဖိုင်လေးပါ ရှာပြီး ဒီပိုစ့်ရဲ့ အောက်ဆုံးမှာ ချိတ်ပေးထားပါတယ်..။ ဒီ Video လေးနဲ့လည်း အဆင်ပြေပါတယ်..။
Windows Boot Manager စာသားနဲ့ ပေါ်လာတယ်ဆိုရင်တော့ Startup Repair နဲ့ အဆင်မပြေနိုင်ပါ..။ ဒါပေမယ့် Startup Repairအရင်လုပ်ကြည့်သင့်ပါတယ်..။ မရတော့မှ Safe Mode နဲ့ဝင်ပြီး နောက်ဆုံးInstall ထည့်ခဲ့တဲ့ ဆော့ဝဲလ်၃၊၄ခုကို Uninstall နဲ့ ပြန်ထုတ်ပစ်လိုက်ပါ..။ အဲ့ဒါမှ မရသေးရင် System Restore နဲ့ ၁၀ရက်၊တစ်လ (Restore Pointဖန်တီးထားပြီးသား မရှိရင် ပေါ်သလောက်၊ ရှိသလောက် Restore Pointကို ရွေးပြီး) နောက်ပြန်ဆုတ်ပေးလိုက်ပါ..။ Restore Point တွေမှာလည်း သုံးလို့ရတဲ့ Point တွေရှိသလို၊ သုံးလို့မရတဲ့ Point တွေရှိနေပြန်ပါတယ်..။ ဒါကြောင့် Restore Point နဲ့ မရခဲ့ရင် Windows Image Backup File (OR) Recovery (Hidden Partition) အပိုင်းနဲ့သာ ရပါလိမ့်မည်..။ အဲ့ဒါတွေ မရှိရင်တော့ ဝင်းဒိုးအသစ်ပြန်တင်ဖို့သာ ရှိပါတော့တယ်..။ Windows Image Backup File ဖန်တီးနည်းနဲ့ Restore ပြန်လုပ်နည်း ကို အရင်တုန်းက ပိုစ့်တင်ပေးထားပြီးသားပါ..။ မလုပ်တတ်သေးတဲ့သူများ ပြန်ကြည့်ပေးပါ..။ အခုဒီပိုစ့်မှာ ဝင်ဒိုး Start up Repair အသုံးပြုနည်းနဲ့ Restore Point ဖန်တီးနည်းကို အောက်မှာ ပုံလေးတွေနဲ့ ဆက်ကြည့်နိုင်ပါတယ်..။

ဒီအောက်က ပုံလိုမျိုး Windows Boot Manager စာသားနဲ့ Error ပေါ်ခဲ့ရင်တော့ Start up Repair အပြင် System Restore Point ကို အသုံးပြုမှ အဆင်ပြေနိုင်ပါတယ်..။ ဒါကြောင့် ဒီ ၂မျိုးလုံး အသုံးပြုတတ်အောင် ဒီပိုစ့်မှာ ရှင်းပြပေးထားပါတယ်..။ လိုအပ်တဲ့သူများ အောက်မှာ ဆက်ကြည့်ပေးပါ..။
(Windows Boot Manager မှာလည်း Error နံပါတ်တွေ မတူတတ်ပါဘူး..။ Errorနံပါတ်မတူသလို ဖြေရှင်းနည်းတွေလည်း မတူပါဘူး..။ ဒါကြောင့်ဒီလို A, B,နဲ့ပြပေးလိုက်တာပါ..။ C, ကတော့ F8 ကီးနဲ့ Repair နေရာကို ဝင်ခိုင်းတာပါ..။)
မိမိတို့ရဲ့စက်မှာ တခုခုအပြောင်းအလဲ လုပ်တော့မယ်ဆိုရင်.. ဒါမှမဟုတ် ဆော့ဝဲလ်တွေ Install မထည့်ခင်၊ Registry Repair မလုပ်ခင် Restore Pointတခုကို အရင်ဖန်တီးထားသင့်ပါတယ်..။ အဲ့လိုမျိုး Restore Point ဖန်တီးနည်းကို ဒီအောက်က ပုံလေးတွေ အတိုင်း လုပ်ပေးလိုက်ပါ..။
ပုံမှာ ပြထားတဲ့အတိုင်း အရင်ဆုံး Start ကနေသွားပြီး Computer >> Right Click >> Properties ကို ကလစ်လိုက်ပါ..။



ပေါ်လာတဲ့ ဘောက်စ်မှာ အောက်ကပုံအတိုင်း System Protection ကနေသွားပြီး Create ကို ကလစ်ပါ..။


နောက်ထပ်ပေါ်လာတဲ့ ဘောက်စ်ထဲမှာတော့ အောက်ကပုံအတိုင်း မိမိတို့ မှတ်မိလွယ်တဲ့ နာမည်၊ ဂဏန်း တခုခု ရေးထည့်လိုက်ပါ..။ ဒီမှာတော့ ကျနော်က ဒီိနေ့ Date ကိုပဲ ရေးထည့်လိုက်ပါတယ်..။ ပြီးရင်တော့ Create ကိုနှိပ်ပါ..။


အပေါ်ပုံအတိုင်း Successfully စာသားပေါ်လာရင် Close ပေးလိုက်လို့ ရပါပြီ..။ ပြီးရင်တော့ အောက်ကပုံအတိုင်း Apply >> OK ပေးလိုက်ပါ..။ အပေါ်ပုံမှာ ပြထားတဲ့ မျှားကတော့ မိမိတို့ ဖန်တီးလိုက်တဲ့ Restore Point ကို တကယ်ရှိမရှိ အဲ့ဒီ System Restore ကနေ ပြန်ဝင်ကြည့်လို့ ရပါတယ်..။ တကယ်လို့ ဝင်းဒိုး ဖွင့်လို့ ရပြီး စက်က ကြောင်ကြောင်တောင်တောင် ဖြစ်နေတယ်ဆိုရင် ဒီ SSystem Restore နေရာကနေ မိမိတို့ ဖန်တီးခဲ့တဲ့ Point သို့မဟုတ် တခြား Point တခုခုကို ရွေးပြီး စက်ကို နောက်ပြန်ဆုတ်ပေးလိုက်ရင် အရင်တုန်းက အတိုင်း ဝင်းဒိုး ပြန်ကောင်းသွားပါလိမ့်မယ်..။


အပေါ်ကပုံကတော့ Start >> Search နေရာမှာ Restoreလို့ရိုက်ထည့်လိုက်ရင် အပေါ်ဆုံးမှာ ဝိုင်းပြထားတဲ့ System Restore ပေါ်လာပါလိမ့်မယ်..။ ကလစ်လိုက်ရင် အောက်ကပုံတွေအတိုင်း ဆက်ပြီး ပေါ်လာပါလိမ့်မယ်..။ ဒီအောက်ကပုံကတော့ Restore Pointဖန်တီးထားတဲ့ နေရာကနေ ဝင်ပြီး လုပ်ပြထားတာပါ..။ ဘယ်နေရာကနေဝင်ဝင် အတူတူပဲ.. ဒီအောက်ကပုံ Next နှိပ်ရမယ့် နေရာကို ရောက်လာပါတယ်..။ အရင်တုန်းက တင်ပေးခဲ့တဲ့ ပိုစ့်မှာတုန်းကတော့ F8 နဲ့ Repair Your Computer နေရာကနေ ဝင်ပြီး System Restore အသုံးပြုနည်းကို လုပ်ပြပေးခဲ့တာပါ..။ ဝင်းဒိုး မတက်တော့တဲ့ စက်တွေမှာတော့ အဲ့ဒီနည်းနဲ့ လုပ်ယူရမှာပါ..။



နောက်တဆင့် ပေါ်လာရင် အမှန်ခြစ်ပေး မိမိတို့ နောက်ပြန်ဆုတ်လိုတဲ့ Pointတခုကို ကလစ်ပြီး Next ကိုနှိပ်သွားပါ..။ ဒီမှာတော့ ကျနော်ဖန်တီးထားတဲ့Restore Point ကိုပဲ ကလစ်ပြီး ပြပေးထားပါတယ်..။




အပေါ်ပုံတိုင်း ဆက်ပေါ်လာရင်တော့ Finish ပေးပြီး Yes ထပ်ပေးလိုက်ရင် System Restore အလုပ်လုပ်ပါပြီ..။ မိနစ်အနည်းငယ် အလုပ်လုပ်ပြီးရင် စက် Restartကျပြီး ပြန်တက်လာရင် System Restore အလုပ်လုပ်လို့ ပြီးသွားပါပြီ..။ တကယ်လို့ မအောင်မြင်ရင် နောက်တခါ Restore Point ထဲပြန်ဝင်ပြီး တခြား Pointတခုကို ထပ်ရွေးပြီး ထပ်လုပ်ပေးပါ..။ Point တခုမဟုတ် တခုနဲ့ အဆင်ပြေသွားပါလိမ့်မယ်..။
ဒီအောက်ကပုံတွေကတော့ Startup Repair လုပ်ဖို့ အရင်ဆုံး ဝင်ရမယ့် နေရာကို ပြပေးထားတာပါ..။ တချို့စက်တွေမှာ F8 နဲ့ Advanced Boot Options ထဲဖြစ်တဲ့ Repair Your Computer နေရာကို ဝင်လို့ရပေမယ့် တချို့စက်တွေမှာတော့ ဝင်းဒိုး Error ကြောင့်၊ ဗိုင်းရပ်စ်ကြောင့် F8 ကီးနဲ့ အလုပ်မလုပ်နိုင်ပါဘူး..။ အဲ့လိုဆိုရင်တော့ စက်ကောင်းတုန်းက ဖန်တီးထားတဲ့ System Repair Disc နဲ့ (မရှိရင်) ဝင်းဒိုးတင်လို့ ရတဲ့ DVD သို့မဟုတ် USBလိုအပ်ပါတယ်..။ အဲ့ဒါတွေကို အသုံးပြုပြီး မျှားပြထားတဲ့ နေရာ Repair Your Computer စာသားနေရာကို ရောက်အောင် ကီးဘုတ်က အပေါ်၊အောက်မျှားနဲ့ ရွှေ့ပါ..။ အဲဒီစာသားနေရာကို ရောက်ရင် Enter တချက်ခေါက်ပါ.. အောက်က ပုံတွေအတိုင်း ဆက်ပေါ်လာပါလိမ့်မယ်..။
F8 နဲ့ Safe Mode ထဲဝင်လို့ မရရင် Windows7 ခွေနဲ့ အောက်ကပုံလေးအတိုင်း ဝင်ပါ..။ System Repair Disc နဲ့ ဝင်မယ်ဆိုရင် Windows တင်နည်းအတိုင်း မိမိတို့စက်ရဲ့ Boot မီနူးထဲဝင်လို့ရတဲ့ F2, F12, Del, Esc စသဖြင့် မိမိတို့စက်ရဲ့ အမျိုးအစားအလိုက် ပေါ်လာတဲ့ ကီးတွေကို နှိပ်ပြီး ဝင်သွားလိုက်ရင် အောက်ကပုံအတိုင်း အဆင့်ဆင့် ပေါ်လာပါလိမ့်မယ်..။ ဝင်းဒိုးမတက်နိုင်တော့တဲ့ စက်တွေမှာ System Restore ကိုဒီအောက်က မျှားပြထားတဲ့ ပုံအတိုင်း ဝင်သွားလို့ ရပါတယ်..။

Startup Repair ကို ကလစ်ပြီး လုပ်ပေးလိုက်ရင်တော့ အောက်ကပုံလေးတွေအတိုင်း အဆင့်ဆင့် ပေါ်လာပါလိမ့်မယ်..။



Startup Repair ရတဲ့စက်တွေမှာတော့ အပေါ်ကပုံအတိုင်း ပေါ်လာပြီး Restartချခိုင်းရင် Finish ပေးလိုက်ပါ..။ လုပ်လို့မရရင်တော့ အောက်ကပုံတွေအတိုင်း ပေါ်လာပါလိမ့်မယ်..။ အဲ့ဒါဆိုရင်တော့ System Restore ကို အသုံးပြုပေးလိုက်ပါ..။
Startup Repair is checking your system for problem...ဆိုပြီးပေါ်လာရင်တော့ System Restore အသုံးပြုမှာလာ မေးလာရင်တော့ မိမိတို့ ကြိုက်ရာရွေးပြီးသာ လုပ်ပေးလိုက်ပါ..။ ဒီနေ့ကျနော်ရေးတဲ့ပိုစ့်က ဒီမှာတင် ပြီးဆုံးသွားပါပြီ..။

Finish ပေးပြီး ထွက်လိုက်လို့ ရပါပြီ..။ လိုအပ်ရင် အောက်က Video လေးနဲ့လည်း အဆင်ပြေပါတယ်..။ အားလုံးပဲ လုပ်တတ်ကိုင်၍ အဆင်ပြေကြပါစေ..။
Startup Repair Video
လွင်မင်းဗိုလ်ရဲ့ မူရင်းဆိုဒ်ကို   ဒီကနေ   သွားကြည့်နိုင်ပါတယ်။
ကျွန်တော်တင်သမျှပိုစ့်တွေ Facebook ကနေရယူချင်တယ်ဆိုရင်  ဒီမှာ Like နှိပ်ပါ။
မန်ဘာဝင်ခဲ့ခြင်းဖြင့် ပိုစ့်အသစ်တင်တိုင်း မိမိ Gmail ထဲကိုတိုက်ရိုက်ရောက်ရှိမည်ဖြစ်ပါသည်။
ထို့ကြောင့်မန်ဘာဝင်ခဲ့ဖို့ဖိတ်ခေါ်ပါတယ်။
 မိတ်ဆွေများအဆင်ပြေစေဖို့ pdf ဖိုင် စာအုပ်းလေး ကျွန်တော်ပြန်လည်ပြုလုပ်ပေးလားပါတယ် စာအုပ်အဖြစ်လိုချင်သူများအောက်မှာဒေါင်းလိုက်ပါနော်