ထိုင်းနိုင်ငံမှ ထုတ်လုပ်ပြီး မြန်မာ နိုင်ငံတွင် Food Tech Co., Ltd မှ
တရားဝင် ဖြန့်ဖြူး ရောင်းချလျက် ရှိသော Red Bull (ကျွဲရိုင်း) အားဖြည့်
အချိုရည် ဈေးကွက် အတွင်းသို့ တရုတ်နိုင်ငံ နယ်စပ် များမှ တစ်ဆင့် Red Bull
(ကျွဲရိုင်း) အားဖြည့် အချိုရည် အတုများ တရားမဝင် ဝင်ရောက် လာသဖြင့်
အချိုရည် အတုများကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ နှင့် ထိုင်းနိုင်ငံ
ပင်မကုမ္ပဏီ တို့ ပူးပေါင်း၍ မန္တလေး မြို့ပေါ်ရှိ အရောင်းဆိုင် များသို့
ရှောင်တခင် ဝင်ရောက် စစ်ဆေး ခဲ့ကြောင်း သိရသည်။
ကျွဲရိုင်း
အချိုရည်ဘူးများ ပုံစံတူ အတုအပများ ဝင်ရောက်လာ နေခြင်းမှာ နှစ်အနည်းငယ်
ခန့်ရှိပြီ ဖြစ်ကြောင်း စားသုံးသူ များက ပြောပြသည်။ ယခင် ကျွဲရိုင်း
အချိုရည်ဘူး များကို နယ်စပ်မှ တစ်ဆင့် အောက်လိုင်း ဝင်ရောက်မှု များသဖြင့်
အတု၊ အစစ် ခွဲခြားရန် ခက်ခဲပြီး ကုန်သည် အများစု၏ လက်ဝယ်မှ တစ်ဆင့်
ဈေးကွက်တွင် ဖြန့်ဖြူး နေခြင်း ဖြစ်ကြောင်း သိရသည်။
၂ဝ၁၄ ခုနှစ်
မတ်လမှ စတင်၍ မြန်မာနိုင်ငံ အတွက် တစ်ဦးတည်း ကိုယ်စားလှယ် အဖြစ် Food Tech
Co., Ltd မှ ဖြန့်ဖြူး ခဲ့ပြီးနောက် အထက်ပါ ပစ္စည်းအတု များကို ထိရောက်စွာ
အရေးယူမှု ပြုလုပ် လာနိုင်ကြောင်း၊ ထို ပစ္စည်းအတု များမှာ ရန်ကုန်မြို့
အနီးတစ်ဝိုက်၊ မန္တလေးမြို့ နှင့် အခြားမြို့ကြီး များသို့ လည်း
ပျံ့နှံ့လျက် ရှိကြောင်း သိရသည်။
ဈေးကွက် ထဲတွင် အတု၊ အစစ်
ရောပြီး ရောင်းနေသည့် ဆိုင်များ တွေ့ရကြောင်း၊ ထို့ကြောင့် စစ်ဆေး
သိမ်းဆည်းမှုများ ပြုလုပ်နေကြောင်း၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့်
ပူးပေါင်း၍ ဥပဒေနှင့် အညီ ထိရောက်စွာ ဆက်လက် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း
Food Tech Co., Ltd မှ တာဝန်ရှိသူ တစ်ဦးက ပြောပြသည်။
လတ်တလော
အခြေအနေတွင် ဆိုင်ခန်းရှင် များအား အချိုရည်ဘူး အစစ်နှင့် အတု ကွာခြားမှု
များကို ယှဉ်တွဲပြသ၍ Product Knowledge ပေးလျက်ရှိပြီး တရားဝင်
လုပ်ကိုင်လျက် ရှိသည့် ကုမ္ပဏီများ ဖြစ်သည့် အတွက် အတုပြုလုပ် ရောင်းချ
သူများကို ဥပဒေနှင့် အညီ အရေးယူမှုများ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း
သိရသည်။ (၃၃၁)
ဖိုးသူတော် (www.phothutaw.com)
Credit: PyiChitThar
လမ်းပြကြယ်လေး ဇာနည်ဦး(နည်းပညာ): မြန်မာဈေးကွက်အတွင်း ၀င်ရောက်နေသော ကျွဲရိုင်းဘူး အတုများကို ပင်မကုမ္ပဏီက တာဝန်ရှိသူများ ရှောင်တခင် ၀င်ရောက်စစ်ဆေး >>>>> Download Now
ReplyDelete>>>>> Download Full
လမ်းပြကြယ်လေး ဇာနည်ဦး(နည်းပညာ): မြန်မာဈေးကွက်အတွင်း ၀င်ရောက်နေသော ကျွဲရိုင်းဘူး အတုများကို ပင်မကုမ္ပဏီက တာဝန်ရှိသူများ ရှောင်တခင် ၀င်ရောက်စစ်ဆေး >>>>> Download LINK
>>>>> Download Now
လမ်းပြကြယ်လေး ဇာနည်ဦး(နည်းပညာ): မြန်မာဈေးကွက်အတွင်း ၀င်ရောက်နေသော ကျွဲရိုင်းဘူး အတုများကို ပင်မကုမ္ပဏီက တာဝန်ရှိသူများ ရှောင်တခင် ၀င်ရောက်စစ်ဆေး >>>>> Download Full
>>>>> Download LINK