ဒီတစ်ခါ ညီအမတို့ ငါးသလောက်ဥဟင်းလေး ချက်စားမယ်နော်.........
စိတ်ထဲမှာလဲ စားချင်ချင်ဖြစ်နေတာနဲ့ တူတူချက်စားစို့လေ......
ပါဝင်ပစ္စည်းများ
════════
✧ငါးသလောက်ဥ ၃၀၀ ဂရမ်
✧ဂျင်း၁ဇွန်း(စားပွဲတင်)
✧ဆား၊ကြက်သားမှုန့်၂ဇွန်း(စားပွဲတင်)
✧ခရမ်းချဉ်သီး၁လုံး
✧အရောင်တင်မှုန့်၁ဇွန်း(စားပွဲတင်)
✧ဆနွင်းနဲနဲ
✧ကြက်သွန်နီ၁လုံး၊ ဖြူ ၃မွှာ
ဟင်းချက်နည်း
════════
ငါးသလောက်ဥများကိုရေစင်စင်ဆေးပြီးရင် ဂျင်း၊ဆား
၊ကြက်သားမှုန့်၁ဇွန်းတို့နဲ့ နယ်ထားပေးပါ။
ကြက်သွန်ထောင်းထားတာများဆီသတ်ပါ။
ကြက်သွန်ရွှေဝါရောင်သန်းရင် ငါးဥများထဲ့ကာ အိုးကိုလှုပ်ပေးပါ။ ကြက်သားမှုန့်၁ဇွန်း ထဲ့ပါ
၃မိနစ်ခန့်အကြာ ခရမ်းချဉ်သီးများထဲ့ကာ အနည်းငယ် လှိမ့်ပေးကာရေအနဲငယ်ထဲ့ပြီး ၁၅မိနစ်ခန့်အုပ်ပေးပါ။
ငါးဥလေးများကျက်ပြီးဆိုရင် နံနံပင်လေးအုပ်ပြီး ထမင်းပူပူနဲ့စားလို့ရပါပြီ။

♥♥ရေးသူ♥♥
ကိုဦး
ကျွန်တော်ဆိုက်လေးထဲဝင်ပြီးလိုတာလေးများလေ့လာနိုင်ပါတယ်ဗျာ
နောက်ထပ်လဲစုံလင်အောင်
ရှာကျန်တင်ပေးနေပါတယ်ဗျာ မိတ်ဆွေများမှကျွန်တော် fb
လေးမှာ like လေးလုပ်ပြီး share ပေးခြင်းဖြင့်အားပေးပါနော် ကျေးဇူးတင်ပါတယ်
No comments:
Post a Comment