Showing posts with label root( လုပ်နည်းများ). Show all posts
Showing posts with label root( လုပ်နည်းများ). Show all posts

Friday, August 29, 2014

Unlock Root Pro V-4.1.1 (Andriod ဖုန်း တွေနဲ့ Tablet ကို Root နိုင်တဲ့ ဆောဝဲ) (For Window 7/XP/8)


Andriod ဖုန်း တွေနဲ့ Tablet အမျိုးစားတော်တော်များ ကို Unlock Root Pro က Root ပေးနိုင်ပါတယ်။ Andriod ဖုန်းတော်တော်များများကို Root ပေးနိုင်တဲ့ ဆောဝဲကောင်းလေးပါ။ အရမ်းလည်းအသုံးဝင်ပါ တယ်။

ကျနော်တို့ Sumsang ဖုန်းမဟုတ်ပဲ တခြားသော Andriod ဖုန်းအမျိုးစားတွေအတွက် မြန်မာဖောင့် ထည့်ဖို့က Root ပြီးမှ ထည့်ရတဲ့အတွက် ဒီဆောဝဲလေးက တော်တော်လေး အသုံးဝင်တဲ့ နေရာမှာ ရှိပါတယ်။ Andriod ဖုန်းသုံးသူတိုင်း မရှိမဖြစ် ဆောင်ထားသင့်တဲ့ ဆောဝဲလေးပါ။Andriod Version 4.2.2 ထိကို Root နိုင်တာပါ။

တကယ်ကောင်းလား မကောင်း လားဆိုတာကို သုံးဖူးသူတိုင်း သိကြမှာပါ။ Tablet တော်တော် များကို ကျနော်ကိုယ်တိုင် စမ်းပြီးပါပြီ။ အရမ်းကို အဆင်ပြေပါတယ်။ Andriod တွေ Tablet တွေ ကို မြန်မာဖောင့်ထည့်ဖို့ အတွက် အဓိက လိုအပ်တဲ့ Root ဆောဝဲ လေးဆိုလည်း မှားပါဘူး။ နောက်ဆုံး ထွက် Version V-4.1.1 ကို တင်ပေး လိုက်ပါတယ်။
အောက်ကလင့်မှာဒေါင်းယူနိုင်ပါပြီ။



အားလုံးအဆင်ပြေပါစေ.......။
 

ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..photoshow world မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်.ကျွန်တော်တင်သမျှပိုစ့်တွေ Facebook ကနေရယူချင်တယ်ဆိုရင်  ဒီမှာ Like နှိပ်ပါ။ မန်ဘာဝင်ခဲ့ခြင်းဖြင့် ပိုစ့်အသစ်တင်တိုင်း မိမိ Gmail ထဲကိုတိုက်ရိုက်ရောက်ရှိမည်ဖြစ်ပါသည်။
ထို့ကြောင့်မန်ဘာဝင်ခဲ့ဖို့ဖိတ်ခေါ်ပါတယ်။
 

How To Root Samsaung Galaxy Note 3 ( ကဲ note 3 ကို root လိုက်ကြရအောင် )

 How to Root Samsung Note 3
မင်္ဂလာပါနော်  ကျနော် ဖုန်းပညာတွေ မကျွမ်းကျင်ပါဘူးး အမှန်ဝန်ခံပါရစေ.. ဒါပေမယ့် လေ့လာရှာဖွေပြီး
သဘောပေါက်သလို ပြန်လည် ရေးသား မျှဝေခြင်းဖြစ်ပါတယ်... လက်တွေ့ကျကျ လုပ်ဘူးတာတော့ အသင့်တင့်လောက်ပါဘဲနော်..ေိေိ.. အထင်ကြီးနေမှာချိုးယို့... ယောင်ဝါးးးးးးးးးးးးးးးးးးးးးပါ...ဟီးးးးးးးးးးး
ကဲ စလိုက်ရအောင်နော်  ကျနော် အတတ်နိုင်ဆုံး ပုံလေးတွေ နဲ့ ရှင်းပြပါမယ်နော်..အောက်မှာ ကြည့်လိုက်ပါနော်...အဆင်ပြေမှာပါ။
မိမိတို့ဖုန်းကို USB Debungging ဆိုတာကို 0n ထားရမှာ နော်..အဲအတွက် အောက်မှာ ကြည့်လိုက်ပါ
ဖုန်းတွေမှာ  အထူးသဖြင့် version 4.3 တွေမှာ Deveploer Option ဆိုတာကို ဖွက်ထားကြပါတယ်  အဲတော့ usb debungging ဆိုတာကိုရှာမေတွ့ဖြစ်တတ်ကြပါတယ် အဲအတွက် မိမိတို့ ဖုန်းရဲ့ Setting>>General>>About Device  ဆိုတာကိုကလစ်လိုက်ပါ

အဲခါမှာ Buildnumber  ဆိုတာကိုတွေ့ရမှာ ဖြစ်ပါတယ်  အဲပေါ်မှာ ( 7 ) ချက် တိတိ ကလစ်ပေးလိုက်ပါ နောက် back တချက်ဆုပ်လိုက်တာနဲ့ ထွက်လာပါပြီနော်
တွေ့တာနဲ့ ကလစ်လိုက်ပါနော်
အပေါ်ကပုံတွေတိုင်း အမှန်ခြစ်ပေးလိုက်ပါတော့နော်  ဒါဆို ဆက်လ်ုပလို့ရပါပြီနော်..
ပထမဆုံး  ROOT မလုပ်မှီ  သင့်ဖုန်းက DATA လေးတွေကို Backup ယူထားလိုက်ပါနော်..
လိုလိုမယ်မယ်ပေါ့..နော်... အရင်ဆုံး လိုအပ်တဲ့ ဆော့ဝဲလ်လေးတွေကို ဒေါင်းလိုက်ပါ


Downloads :
  • Odin3_v3.04 HERE
  • Odin3_v3.07 HERE
  • Samsung Mobile Driver HERE
  • Latest Samsung Kies HERE
  • "UPDATE-SuperSU-vX.XX.zip" HERE Made by chainfire
CMW recovery :
- See more at: http://www.w0lfdroid.com/2013/09/how-to-root-samsung-galaxy-note-3.html#sthash.NBRUM6CO.dpuf
Downloads :
  •     Odin3_v3.04      HERE
  •     Odin3_v3.07      HERE
  •     Samsung Mobile Driver      HERE
  •     Latest Samsung Kies        HERE
  •     "UPDATE-SuperSU-vX.XX.zip"      HERE      Made by chainfire
 CMW recovery :
Root ပေါက်ခြင်းရှိ/မရှိ ကို   Root Chacker   လေးနဲ့ စစ်ဆေးနိုင်ပါတယ်
ကဲ ဒါဆို ကျနော် လုပ်တဲ့နည်းလမ်းလေးကိုပုံလေးတွေ ပြမယ်နော်...အောက်မှာ ဆက်လက် လေ့လာလိုက်ပါအုံးနော်
Root တော့မယ်ဆိုတော့ အပေါ်က ဒေါင်းထားတဲ့ Odin နဲ့  UPDATE-SuperSU  ကိုစတင်အသုံးပြုပါမယ်နော်.. အဲတော့
ဒေါင်းထားတဲ့ Zip ဖိုင်လေးတွေကို ဖြည်ပေးလိုက်ပါ  UPDATE-SuperSU  ဖိုင်လေးကို အလွယ်တကူ ယူလို့ရနိုင်တဲ့ 
မိမိတို့ကွန်ပျူတာ Desktop ပေါ်တင်ထားပေးလိုက်ပေါ့... အိုကေ ပြီးတာနဲ့   Odin လေးကို ဖွင့်ပေးလိုက်ပါနော်..
အောက်ကပုံအတိုင်း ဖြစ်ပါတယ်...

သည်ကောင်လေးဟာ  သင့်ဖုန်းအတွက်
Root  သည်ဖြစ်စေ  Firmware  တင်သည်ဖြစ်စေ  သည်နည်းနဲ့ဘဲ သွားရတာပါနော်...
အိုကေ ဖုန်းကိုပါဝါ ပိတ်လိုက်ပါ နောက် Download Mode  ကိုဝင်ကြမယ်နော်....
 ပုံထဲကတိုင်း ၀င်ပြီးတာနဲ့  Odin ထဲက AP ဆိုတာလေးကလစ်ပါ ကွန်ပျူတာဖိုင်ကျလာမယ်
ဒါဆို မိမိတို့ ကွန်ပျူတာ ဖိုင်လေးတက်လာမယ်... စောစောက Desktop ပေါ်တင်ထားတဲ့  UPDATE-SuperSU 
ဖိုင်လေးဆီသွားလိုက်ပါ.. တချက်ကလစ်ပါ နောက် အောက်က  Open ဆိုတာကလစ်ပေးလိုက်တာနဲ့
ဖိုင်လေးဟာ  Odin  ထဲကိုဝင်နေမှာဖြစ်ပါတယ်...
ဒါဆို အောက်က Start   ကိုကလစ်ပြီး Root  လိုက်ပါတော့နော်..ခဏစောင့်ပါ....ပြီးတာနဲ့ သည်လိုပြမယ်
အိုကေ ဒါဆို ပြီးပါပြီ ပြီးတာနဲ့ မိမိဖုန်းလေး အော်တို restart ကျနေပါမယ်ပြန်တက်လာတာနဲ့ root ထားပြီးဖြစ်ပါမယ်..
နောက်ထပ်... ဖုန်းကို  CWM  သွင်းကြမယ်နော်...အဲအတွက် အပေါ်က ဒေါင်းခဲ့တဲ့ CWM ZIP လေးကို မိမိတို့ဖုန်းရဲ့
Memory Card ထဲကို ထည့်ပေးထာရမယ်နော်...
အဲအတွက်  Recovery Mode   ကိုဝင်လိုက်ပါ...အောက်မှာ ၀င်နည်းပါ
ဝင်တာကတော့ ဖုန်းပါဝါပိတ်လိုက်ပါ နောက်  ပါဝါခလုပ်+အသံချဲ့ခလုပ်+home ခလုပ်  သုံးခုကို
ပြိုင်တူ ဖိထားလိုက်ပါ... တက်လာတဲ့ အခြေနေ ပုံလေးကြည့်လိုက်ပါ..
ဒါဆို အပေါ်က ဒေါင်းထားတဲ့ CWM zip ဖိုင်လေးကို ထည့်ကြမယ်နော်..အိုကေ ဖုန်းထဲကပေးနေတဲ့ စာတွေထဲက
Install zip ဆိုတာကိုကလစ်ပါ   မိမိတို့ထည့်ထားတဲ့ zip လေးကို install ပေးလိုက်ပါနော်... ခဏစောင့်ပါ
ပြီးတာနဲ့ restart ကျပါမယ်  အကယ်၍  မကျခဲ့ပါက back ပြန်ပြီး reboot system now လ်ုပပေးလိုက်ပါနော်
ဒါဆို    မိမိတို့ဖုန်းကို  Root   လုပ်ခြင်း အောင်မြင်သွားပါပြီနော်....
ကျေးဇူးတင်ပါတယ်...အဆင်မပြေတာများရှိခဲ့ပါက   www.aungsanmks.com ရဲ့ချက်ဘောက်မှာ 
စာချန်ပြီး ပြောခဲ့နိုင်ပါတယ်နော်..
ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဘလော့ခရီးသည်မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်.. ကျွန်တော် ပိုင်ဆိုင်သောနေရာလေးများအား ဆက်လက် လည်ပါတ်လိုပါက ***************************************
ဘလော့ခရီးသည်သို့ { ဒီမှာ } သွားလိုက်ပါ
လယ်တီမြေသားသို့{ ဒီမှာ } သွားလိုက်ပါ
စာပေနန်းတော်သို့{ ဒီမှာ } သွားလိုက်ပါ
စွယ်စုံစာအုပ်စင်{ ဒီမှာ } သွားလိုက်ပါ
 

ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..photoshow world မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်.ကျွန်တော်တင်သမျှပိုစ့်တွေ Facebook ကနေရယူချင်တယ်ဆိုရင်  ဒီမှာ Like နှိပ်ပါ။ မန်ဘာဝင်ခဲ့ခြင်းဖြင့် ပိုစ့်အသစ်တင်တိုင်း မိမိ Gmail ထဲကိုတိုက်ရိုက်ရောက်ရှိမည်ဖြစ်ပါသည်။
ထို့ကြောင့်မန်ဘာဝင်ခဲ့ဖို့ဖိတ်ခေါ်ပါတယ်။
 

Galaxy Grand Quattro GT 18552 V-4.3 ကို ကွန်ပျူတာမလိုဘဲ ROOT ဖေါက်ကြမယ်


မင်္ဂလာပါ သည်နေ့တော့ ကျွန်တော်  လက်တွေ့ စမ်းသတ် အောင်မြင်ထားတဲ့ Root Tool လေးကိုမိတ်ဆက် လိုက်ပါရစေ...  သည် ROOT TOOL ကတော့ ကျွန်တော် စမ်းသတ်လိုက်တာက
S amsaung Galaxy  Grand Quattro .. Version 4.3 လေးကို စမ်းလိုက်တာပါ.. အရမ်းလွယ်ကူပြီး အဆင်ပြေတာကို တွေ့ရလို့ မိတ်ဆွေများ လိုအပ်ပါက အဆင်ပြေအောင် ပြန်လည် မျှဝေပေးလိုက်ခြင်းဖြစ်ပါတယ်.....နော်
အောက်မှာ လိုအပ်တဲ့ Root Tool နဲ့ နည်းလမ်း တွေကို သေခြာ ရှင်းပြလိုက်ပါတယ်... စမ်းလိုက်ပါနော်

အရင်ဆုံး လိုအပ်တဲ့ apk တွေ အောက်မှာ ဒေါင်းယူလိုက်ပါ


ကဲ အောက်မှာ ကျွန်တော် လုပ်ထားတာလေးကို ပုံလေးနဲ့ ရှင်းပြထားပါတယ်..နော်.လွယ်ကူပါတယ်..
ပထမဆုံး မိမိ ဒေါင်းထားတဲ့ apk တွေကို ဖုန်းမှာ အင်စတော လုပ်ပေးလိုက်ပါ....နောက် Root Apk လေးကို ဖွင့်ပေးလိုက်ပါနော်...
အပေါ်ကပုံလေးအတိုင်း Root ဆိုတာကလစ်ပေးလိုက်ပါ ပေါ်လာတဲ့ ဘောက်လေးကို ညာဘက် တရုတ်စာ တန်းကိုကလစ်ပေးလိုက်ပါ Root မှာ အစိမ်းလေးနဲ့ အမှန်ခြစ်ပေးပါလိမ့်မယ်.. ဒါဆို
မိမိဖုန်းရဲ့ Root ခြင်းကို အောင်မြင်ပါတယ်..နော်.. နောက်ထပ် သေခြာအောင်
Root Chacker လေးနဲ့ ဖွင့်ပြီးစစ်ဆေးကြည့်လိုက်ပါ... 
သည်နေရာမှာ တခုသတိပေးခြင်ပါတယ်  Root Chacker ကို စစ်သည်ဖြစ်စေ Smart Zawgyi ကို ဖေါင့်ချိန်းသည်ဖြစ်စေ  ဖွင့် ပြီး အလုပ်မလုပ်ဖြစ်တတ်ပါတယ်  အဲတာ ဘာကြောင့်လည်းဆိုတော့ Root Tool ကနေ သူတို့ကို အသိမှတ်မပြုရသေးတဲ့ အတွက် ကြောင့် ဖြစ်ရတာပါ... ဒါဆို ကျွန်တော်တို့ ပြန်ဆုပ်ပြီး ဖုန်းမှာ Root Tool လေးကို ပြန်ဖွင့်ပေးလိုက်ပါ အဲထဲမှာ Root Chacker တို့ MMSD တို့တွေ့မယ်  အဲတာလေးတွေကို ကလစ် အမှန်ခြစ် ချိန်းပေးလိုက်ပါ.. ဒါမှ Root Tool ကနေသိပြီဆိုမှ... Root Chacker တို့ MMSD   တို့ကို ပြန် ပြီးလုပ်ပေးလိုက်ပါနော်.. အိုကေပါတယ်...
Root Chacker ကိုတော့ သ်ညလိုလေး တွေ့ပါမယ်..
ROOT ACCESS  ဆိုတာမှ YES ပြနေပါပြီ... မိမိဖုန်း အောင်မြင်ကြောင်းပေါ့..
MMSD ကတော့ သည်လိုပါနော် သူ့ကို ဖွင့်လိုက်ပါ  Root ရှိမရှိစစ်ဆေး လိုက်ပါ.. ခဏစောင့်လိုက်ပါ..
နောက် Huawei နှင့်အခြားဖုန်းများ ဆိုတာကလစ်ပြီး ချိန်းပေးလိုက်ပါ ခဏစောင့်ပါနော်...
reboot ကျဖို့ ပြောလာပါမယ်... မိမိဖုန်း reboot ကျ ပြန်တက်လာတာနဲ့ Root လုပ်ခြင်း မြန်မာစာ ထည့်သွင်းခြင်းမှ ပြီးဆုံးပါပြီ.....
အားလုံး အဆင်ပြေကြမယ်လို့ မျှော်လင့်ပါတယ်..သည် ROOT  TOOL လေးကို အခြားသော ဖုန်ူးများ ကိုလည်း စမ်းသတ် ကြည့်လိုက်ကြပါ.... ကျွန်တော် ကတော့ သည်ဖုန်းကို စမ်းသတ်လိုက်တာ အိုကေတာနဲ့  ခုလိုပြန်လည် မျှဝေလိုက်ခြင်းဖြစ်ပါတယ်...
 ခုဆို ဖုန်းမှာ ROOT နိုင်တဲ့  TOOL APK တွေ များကြီးပေါ်နေပါတယ်.. ဒါပေမယ့်  ဘယ်ကောင်က ဘယ်ဖုန်းနဲ့ ကိုက်ညီတယ်  သေခြာတယ် ဆိုတာတော့ ဘယ်သူမှ သိပ် မရေးကြဘူးထင်ပါတယ်..
ဒါကြောင့် တွေ့ရာတိုင်း ဒေါင်း ဖုန်းမှာ ထည့် စမ်းသတ်  ဟူးးးးးးးးးးးးမအောင်မြင်....ဒါနဲ့
တော်တော် တိုင်ပါတ်စေပါတယ်...  ကျွန်တော် ကတော့ ရလာတဲ့ အသိပညာ စမ်းသတ်အောင်မြင်မှုလေးတွေကို  လက်တွေ့ လုပ်ထားသလို ပုံလေးတွေပြ သေခြာ ရှင်းလင်းစေလိုပါတယ်.. ဒါမှ ကိုယ့်လို လူပြိန်းတွေအတွက်  ကွက်စိ ဖြစ်မယ်လေ... ဟုတ်ဘူးလား...ေိေိ
ကျွန်တော် ဖုန်းပညာမှာ တော် တော် တုန်းပါတယ်.. တုန်းဆို မသိသလောက်ကိုပါဘဲ...
ဒါကြောင့် လက်တည့်စမ်း တန်းတိုးတာလေးတွေကို အစဉ်မပြတ် တင်ဆက်နေပါ့မယ်....နော်...
အားပေးမှုအတွက် အထူးကျေးဇူးတင်ပါတယ်..
ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဘလော့ခရီးသည်မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်.. ကျွန်တော် ပိုင်ဆိုင်သောနေရာလေးများအား ဆက်လက် လည်ပါတ်လိုပါက ***************************************
ဘလော့ခရီးသည်သို့ { ဒီမှာ } သွားလိုက်ပါ
လယ်တီမြေသားသို့{ ဒီမှာ } သွားလိုက်ပါ
စာပေနန်းတော်သို့{ ဒီမှာ } သွားလိုက်ပါ
စွယ်စုံစာအုပ်စင်{ ဒီမှာ } သွားလိုက်ပါ
 

ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..photoshow world မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်.ကျွန်တော်တင်သမျှပိုစ့်တွေ Facebook ကနေရယူချင်တယ်ဆိုရင်  ဒီမှာ Like နှိပ်ပါ။ မန်ဘာဝင်ခဲ့ခြင်းဖြင့် ပိုစ့်အသစ်တင်တိုင်း မိမိ Gmail ထဲကိုတိုက်ရိုက်ရောက်ရှိမည်ဖြစ်ပါသည်။
ထို့ကြောင့်မန်ဘာဝင်ခဲ့ဖို့ဖိတ်ခေါ်ပါတယ်။
 

Monday, June 30, 2014

Android ဖုန်းများအား ကွန်ပျူတာမလိုပဲ Root ဖေါက်ပြီး မြန်မာစာထည့်နည်း

Lenovo A516 Android 4.2.2 ဖုန်းအား Baidu Root APK ဖြင့် Root ဖေါက်ပြီး မြန်မာစာထည့်နည်း
ဒီဆော့ဝဲလ်လေးတွေနဲ့ ဒီပိုစ့်ကို တင်ပေးဖို့ ပုံတွေစုထားတာ အနည်းငယ် ကြာသွားပါပြီ..။ အရင် တစ်လကျော်လောက် ကတည်းက Lenovo Android စမတ်ဖုန်းတွေ ဈေးကျလာတဲ့အတွက် မြန်မာပြည်သားများ အသုံးပြုတာလည်း များလာပါတယ်..။ မြန်မာစာ ထည့်ပေးဖို့.. ဖုန်းအသစ်ဝယ်ပြီးတိုင်း ကျနော့်ဆီကို ရောက်လာတတ်တဲ့သူငယ်ချင်းတွေ ရှိတာကြောင့် ကွန်ပျူတာမလိုပဲ အလွယ်တကူ လုပ်ပေးလို့ ရတဲ့ Root တူး လေးတွေနဲ့ မြန်မာဖေါင့် Zawgyi Changer လေးတွေကို ရှာဖွေ စုဆောင်းထားတဲ့ထဲက ဒီ Lenovo ဖုန်းတွေနဲ့ အဆင်ပြေစေတဲ့ APK လေးတွေကို ဒီပိုစ့်နဲ့ အတူ စုပြီး တင်ပေးလိုက်ပါတယ်..။ Lenovo Android 4.2.2 တွေကို Root ဖေါက်နိုင်တဲ့ APK လေးကတော့ Baidu 2.3.9 တရုတ် Root apk လေးပဲ ဖြစ်ပါတယ်..။ နောက်ဆုံးထွက် ဗါးရှင်းလေးပါ..။ တရုတ်ဘာသာနဲ့ပဲ အသုံးပြုရမှာ ဖြစ်ပါတယ်..။ ကျနော် တရုတ်စာ တတ်လို့ မဟုတ်ပါ..။ ရမ်းနှိပ်ရင်း မှန်သွားလို့၊ ဒီကောင်လေးကို အသုံးပြုတတ်အောင်ပါ နှိပ်ရမယ့် နေရာလေးတွေနဲ့ မြန်မာစာ ထည့်ပေးတဲ့ Zawgyi Installer လေးတွေကိုပါ ထည့်တတ်အောင် ပုံလေးတွေနဲ့ တဆင့်စီ ပြပေးထားပါတယ်..။ Lenovo Android 4.2.2 တွေမှာတော့ မြန်မာစာ အားလုံးပေါ်စေတဲ့၊ ကီးဘုတ်ပါ တွဲရက်ပါလာတဲ့ Smart Zawgyi Changer လေးတွေနဲ့သာ အဆင်ပြေပါတယ်..။ တခြား font changer တွေနဲ့ မရပါ။ 
ဒီ Baidu Root apk နဲ့ Smart Zawgyi Changer ကို Lenovo စမတ်ဖုန်း ၅-လုံးလောက်မှာ မြန်မာစာအမှန်ပေါ်အောင် အဆင်ပြေစေခဲ့ပြီ..။ ဒါကြောင့် Lenovo စမတ်ဖုန်းတွေ ဈေးကျလာလို့ အသုံးပြုလိုတဲ့ သူများနဲ့၊ ဖုန်းဆိုင်တွေနဲ့ ဝေးပြီး မြန်မာစာ ထည့်ဖို့ အခက်တွေ့နေတဲ့ သူများအတွက် ကိုယ်တိုင်လုပ်တတ်ပြီး အဆင်ပြေအောင် ဒီနေ့ ဒီပိုစ့်လေးကို တင်ပေးလိုက်ပါပြီ..။ မနေ့ကလည်း Sony xperia Z (Android 4.2.2) စမတ်ဖုန်းတလုံးကို အခုတင်ပေးလိုက်တဲ့ ဆော့ဝဲလ်လေးတွေနဲ့ Root ဖေါက်ပြီး မြန်မာစာ ထည့်ပေးလို့ရပြီ..။ 
တခုသတိပြုရမှာကတော့ ဖုန်းတွေကို Root ဖေါက်တယ်ဆိုတာ ကောင်းတာရှိသလို မကောင်းတဲ့အခါမှာလည်း ဖုန်းပျက်တတ်ပါတယ်..။ ဒါကြောင့် ဒီဆော့ဝဲလ် apk တွေကို အသုံးပြုမယ့် သူများကတော့ ဖုန်းပျက်တဲ့အခါ ကျနော့်ကို အပစ်မတင်ဖို့ ကြိုတင် တောင်းပန်အပ်သည်..။ ဖုန်းပျက်မှာ ကြောက်တဲ့သူများကတော့ Root မဖေါက်ပါနဲ့လို့သာ အကြံပြုရပေတော့မည်..။ အသုံးပြုလိုတဲ့ သူများကတော့ အောက်ကလင့်တွေကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ Baidu Root , Smart Zawgyi Changer (၂-မျိုး) , Root ရမရ စစ်ပေးမယ့် Root Checker Pro စတဲ့ APK လေးတွေ စုထည့်ပေးထားလို့ 7 MB ရှိပါတယ်..။
(OR)
Lenovo ဖုန်းတွေမှာတော့ ဖုန်းမော်ဒယ်နဲ့ Android ဗါးရှင်းကို Setting >> Version Infos ကနေ ကြည့်ရင် အောက်ကပုံလေး အတိုင်း တွေ့ရမှာပဲ ဖြစ်ပါတယ်..။
အပေါ်မှာ တင်ပေးထားတဲ့ APK လေးတွေကို ဒေါင်းယူပြီးရင်တော့ via USB Cable or Card Reader နဲ့ မန်မိုရီကတ်ထဲကို ကူးထည့်ပါ..။ ပြီးရင်တော့ Lenovo ဖုန်းရဲ့ File Browser ကနေသွားပြီး တရုတ်စာနဲ့ ရေးထားတဲ့ root 2.3.9 ဆိုတဲ့ APK လေးကို တခြားဆော့ဝဲလ်တွေနည်းတူ Install အရင်ထည့်ပါတယ်..။

အောက်ကပုံလေးတွေအတိုင်း Install ထည့်ပြီးရင် Open နဲ့ ဖွင့်လိုက်ပါ..။

အောက်ကပုံလေးတွေအတိုင်း ဆက်ပေါ်လာရင်တော့ မျှားပြထားတဲ့ နေရာလေးတွေကို နှိပ်သွားလိုက်ပါ..။
အောက်ကပုံအဆင့်မှာတော့ ဖုန်းကို Root ဖေါက်နေပါပြီ..။ ခဏစောင့်နေလိုက်ပါ..။ တစ်မိနစ်မပြည့်ခင် ပြီးပါတယ်..။
အစိမ်းရောင် အမှန်ခြစ်လေး ပေါ်လာရင်တော့တော့ မိမိတို့ရဲ့ ဖုန်းကို Root ဖေါက်လို့ ရသွားပြီ ဖြစ်ပါတယ်..။ Root မရတဲ့ဖုန်းတွေမှာဆိုရင်တော့ အနီရောင်နဲ့ ပေါ်ပါတယ်..။ Root ရမရ သိရအောင် Root Checker Pro ဆော့ဝဲလ်လေးနဲ့ စစ်ကြည့်ပါ..။ Root ရပြီဆိုရင် မြန်မာစာ ပေါ်အောင် ဆက်ပြီး အောက်က အဆင့်တွေအတိုင်း လုပ်လို့ ရပါပြီ..။
အရင်ဆုံး Smart Zawgyi Changer ၂-ခုထဲက ဇ ပုံလေးနဲ့ MMSD Smart Zawgyi Changer ကို အသုံးပြုပါတယ်..။ မြန်မာစာ ရတာ သေချာပါတယ်..။ အားနည်းချက်ကတော့ တရုတ်စာတွေ ပျောက်သွားပါတယ်..။ ဒါကြောင့် တရုတ်စာ ရေးတတ်၊ ဖတ်တတ်တဲ့ သူများကတော့ ဒီဖေါင့်ကို မသုံးသင့်ပါ..။ တရုတ်စာ မသုံးတဲ့ သူများကတော့ ဒီဖေါင့်ချိန်ဂျာကို အောက်ကပုံလေးအတိုင်း ဆက်ပြီး ထည့်သွားလိုက်ရင် မြန်မာစာ ရပါပြီ..။
Install ထညြ့်ပီးလို့ ဖွင့်လိုက်ရင်တော့ အောက်ဒုတိယပုံအတိုင်း မြင်ရမှာ ဖြစ်ပါတယ်..။ အစိမ်းရောင်နဲ့ ရေးပြထားတဲ့ (Root ရှိ မရှိ စစ်ဆေးပါ) စာသားကို တချက်နှိပ်လိုက်ပါ..။ Root Access တောင်းခဲ့ရင်တော့ အောက်က မျှားပြထားတဲ့ နေရာကို တချက်နှိပ်ပေးလိုက်ပါ..။
Root ရပြီးရင်တော့ အောက်ကပုံအတိုင်း ဆက်ပြီး ပေါ်လာပါလိမ့်မယ်..။ မိမိတို့ ဖုန်းနဲ့ တူတဲ့ စာသားကို ရွေးနှိပ်သွားလိုက်ပါ..။ Lenovo ဆိုရင်တော့ အပေါ်ဆုံးက စာသားကို နှိပ်သွားလိုက်ပါ..။
အောက်ကပုံလေးအတိုင်း Complete စာသားနဲ့ ပေါ်လာရင်တော့ OK ပေးလိုက်ပါ..။ ဖုန်းပိတ်ပြီး ပြန်ဖွင့်လာရင်တော့ မြန်မာစာ ရေးလို့ ဖတ်လို့ ရသွားပါပြီ..။ မြန်မာစာရိုက်တဲ့ ကီးဘုတ်မပေါ်သေးရင်တော့ ဖုန်းရဲ့ Setting >> Language and Input မှာ FrozenKeaboard ကို အမှန်ခြစ်ပေးလိုက်ရင် စာရိုက်လို့ ရသွားပါပြီ..။
အပေါ်ကပုံအတိုင်း MMSD Smart Zawgyi Changer နဲ့ မြန်မာစာ အဆင်ပြေသွားတဲ့ ပုံလေးပါ..။
နောက်တခုကတော့ MM Aio Font Changer ကို အသုံးပြုရင်လည်း lenovo 4.2.2. ဖုန်းတွေမှာ မြန်မာစာ ရပါတယ်..။ အင်တာနက်သုံးတဲ့ Browser တွေနဲ့ Facebook တို့မှာ မြန်မာစာ ပေါ်ပေမယ့် အားနည်းချက်တခုကတော့ ဖုန်း Contact မှာ မြန်မာစာ ရိုက်လို့ မထွက်ပါဘူး..။ ကျနော် MM Aio Font Changer ကို အောက်ကပုံလေးအတိုင်း Install ထည့်ပြီး ဖွင့်ပါတယ်..။
ဖွင့်လိုက်တာနဲ့ Root Access တောင်းရင် အောက်ကပုံလေးအတိုင်း အနီးဝိုင်းပြထားတဲ့ နေရာကို တချက်နှိပ်ပေးလိုက်ပါ..။
ပြီးရင်တော့ မိမိတို့ဖုန်းရဲ့ ဗါးရှင်းနဲ့ တူတာကို အောက်က အဝါရောင် အဝိုင်းတွေထဲမှာ ရှာယူပါ..။ 4.2.2 ဖြစ်တဲ့အတွက် အောက်ပုံလေးတွေ အတိုင်း Smart ဇော်ဂျီမှာ အမှန်ခြစ်ပေးပြီး XML Method ကို နှိပ်ပေးလိုက်ပါ..။ အောက်ဆုံးပုံလေးတွေအတိုင်း အလုပ်လုပ်တာကို ခဏစောင့်နေပေးပြီးရင် ဖုန်း Restart ကျပါတယ်..။ ပြန်ပွင့်လာရင်တော့ မြန်မာစာ ရပါပြီ..။
မြန်မာစာ ရိုက်တဲ့အခါမှာတော့ ပုံမှန်ဖေါင့်ဆိုဒ်နဲ့ အဆင်မပြေတဲ့အတွက် ကီးဘုတ်ကို ဖွင့်ထားပြီး Setting ကနေ ဖေါင့်ဆိုဒ်ကို သွားတိုးပေး ကြီးပေးရမှာ ဖြစ်ပါတယ်..။ အောက်ကပုံလေးတွေ အတိုင်းပါ..။

80 လောက်ရှိတာကို 130 လောက် ထားပေးလိုက်ရင် အောက်ဆုံးပုံအတိုင်း မြန်မာစာ ရေးလို့ ရပါပြီ..။
ဒီလောက်ဆိုရင်တော့ Lenovo 4.2.2 ဖုန်းတွေနဲ့ တခြား Android 4.2.2 တွေမှာလည်း မြန်မာစာ ရေးလို့၊ ဖတ်လို့ ရအောင် လုပ်တတ်သွားပါပြီ..။ အားလုံးပဲ လေ့လာရင်း အဆင်ပြေပါစေဗျာ..။
 
ဒါလေးကို သဘောကျလို့  ကိုလွင်မင်းဗိုလ် ဆိုဒ်ကနေ မလာတာပါ
 

Friday, June 13, 2014

Android Phone တွေကို Roots ဘာကြောင့် လုပ်ရတယ်


ဟိုနေ့က ကျွန်တော့်ကို အစ်ကိုတစ်ယောက် အကူအညီ တောင်းလို့ ဒီအကြောင်းအရာလေးကို တစ်ခြား မသိ့သေးတဲ့ သူတွေပါသိ့အောင်ဆိုပြီး Post ရေးပြီး တင်ပေးလိုက်တာပါ။ အဲဒီအစ်ကိုက သူ့ဖုန်းကို ဆိုင်မှာ မြန်မာ Fonts သွားထည့်တော့ ဆိုင်က ပြောတယ် ။ အစ်ကို့ဖုန်းက တစ်ခြားဖုန်းတွေလို မဟုတ်ဘူး။ root လုပ်ရတာလဲ မလွယ်ဘူး။ အရမ်းခက်တယ်တဲ့။ service ကြေး 13000 တောင်းတဲ့သူက တောင်း ၊ 15000 တောင်းတဲ့သူကတောင်းနဲ့ ။ ဘယ်ဆိုင်တွေလဲ ဆိုတာတော့ မရေးတော့ပါဘူး။ အဲဒီအစ်ကို ကိုင်တဲ့ဖုန်းက Samsung Galaxy Y GT-S5360 ပါ။ ကျွန်တော်လဲ အဲဒီ အစ်ကိုဖုန်းကို စမ်းလုပ်ပေးရင်းနဲ့ တစ်ခြား မသိ့သေးတဲ့ သူတွေပါ အဆင်ပြေအောင်ဆိုပြီး ရေးလိုက်တာပါ။ ပုံတွေနဲ့ သေချာ ရှင်းမပြနိုင်တာတော့ နားလည်ကြပါ။ ဒါပေမဲ့ အဆင်ပြေမှာပါ။
  
Root ဆိုတာ ဘာလဲ .......... ?? 
Samsung Galaxy Y ကို Root လုပ်တာ ဒီလိုမျိုးပါဆိုပြီး ကျွန်တော်ချရေးသွားလို့ ရပါတယ်။ ဒါပေမဲ့ စာဖတ်သူတွေထဲမှာ တစ်ခြား မသိ့သေးတဲ့သူတွေ ပါခဲ့ရင် ကျွန်တော် ဘာတွေ လျှောက်ရေးထားတာလဲလို့ ထင်သွားမှာပေါ့။ ပညာရပ်တစ်ခုက သူ့ရဲ့ အခြေခံ သဘောတရားကို နားလည်ထားမှ သာလျှင် ဆက်ပြီးလေ့လာလို့ အဆင်ပြေနိုင်ပါတယ်။ အခြေခံ သဘောတရားကို သေချာမသိ့ပဲနဲ့ ဟိုဟာလျှောက်ဖတ် ဒီဟာ လျှောက်ဖတ် လုပ်နေရင်တော့ တစ်ချိန်ချိန်မှာ ခင်ဗျား တိုင်ပတ်မှာ အသေအချာပဲ .... 
Root ဆိုတာ ဘာလဲတဲ့။ မူလတန်း ကလေးတောင် သိ့ပါတယ် ။ အမြစ် ပေါ့ ။ အမြစ် ဆိုမှတော့ တွေးကြည့်လိုက်ပါ။ သစ်ပင်တစ်ပင်ရဲ့ အသက် ၊ လေဒဏ် ၊ မိုးဒဏ် တွေကို ကာကွယ်ဖို့အတွက် မားမားမတ်မတ် ရပ်တည်နိုင်ဖို့အတွက် အရေးကြီးဆုံး အဓိက အစိတ်အပိုင်းတစ်ခုပေါ့။ နည်းပညာမှာတော့ ဒီ Root ဆိုတာ Linux Open Source Operation System ရဲ့ အသုံးအနှုန်းတစ်ခုပါ။ Android ဆိုတာလဲ linux ကိုအခြေခံ ဖန်းတီး ပြုလုပ်ထားတာပါပဲ။ Root ဆိုတာက Linux မှာဆိုရင်တော့ System ရဲ့ အဓိက အစိတ်အပိုင်းတည်ရှိရာ နေရာကို ပြောခြင်းဖြစ်ပါတယ်။ Android Phone တွေမှာဆိုရင်လဲ ဖုန်းတစ်ခုလုံးရဲ့ လည်ပတ်တဲ့ စနစ်ကို ထည့်သွင်းထားတဲ့ အဓိက နေရာ တစ်ခုပါ။ ဥပမာ - Windows Xp/ 7 စသည်ဖြင့် windows အသုံးပြု Computer တွေမှာဆိုရင်လဲ Windows ရှိနေတဲ့ (Eg: C:/ )နေရာမျိုးပေါ့။ အဲလောက်ဆို နားလည်မယ်လို့ ထင်ပါတယ်။ 

ဘာကြောင့် Android Phone တွေမှာ Root လုပ်ရတာလဲ ..... ??  
Root ဆိုတာ ဘာလဲ ။ ဘယ်လို နေရာမျိုးလဲဆိုတာ စာဖတ်သူ သဘောပေါက်လောက်ပြီ ထင်ပါတယ်။ အဲဒီတော့ အဲလို အဓိကကျတဲ့ အရေးကြီးတဲ့ နေရာ ၊ တစ်ခုခု မှားလုပ်မိရင် System တစ်ခုလုံး သုံးမရအောင် ဖြစ်သွားနိုင်တဲ့ နေရာမျိုးကို ဖုန်းထုတ်လုပ်တဲ့ သူတွေက ကွယ်ဝှက်ထားပါတယ်။ အသုံးပြုသူ user တွေ မတွေ့အောင် ၊ အသုံးပြုလို့ မရအောင် လုပ်ထားပါတယ်။ ဘာကြောင့်လဲ ?? ရှင်းရှင်းလေးပါ  .. သူငယ်ချင်းတို့ စဉ်းစားကြည့်ပေါ့ ...... 
Root မလုပ်ပဲ Official သုံးနေလို့ရောမရဘူးလား။ ရပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့မှာ လိုအပ်ချက်တွေ ရှိနေတယ်။ ဖုန်းနဲ့ အင်တာနက်လေးသုံးချင်တယ်။ website တွေ ၊ Forun တွေ ၀င်ကြည့်ချင်တယ်။ Chatting ထိုင်ချင်တယ်။ အဲဒီအတွက် ဖုန်းမှာ မြန်မာလို အသုံးပြုချင်တယ်။ မြန်မာလို စာရိုက်ချင်တယ်။ နောက်တစ်ခု ကိုယ့်ရဲ့ Android Version ကို Update လုပ်ချင်တယ်။ အသစ်အသစ် လေးတွေကို လူတိုင်းမက်မောတက်ကြတာပဲလေ။ ဖုန်းဝယ်ကတည်းက ပါလာတဲ့ Application တွေမှာ ကိုယ့်အတွက် အသုံးမ၀င်တာတွေက များနေတယ်။ ဖြုတ်ချလို့လဲ မရဘူး။ နောက်တစ်ခါ Android Application တွေကလဲ အစုံပဲ။ ပေါလိုက်တာ ။ IPhone လိုပိုက်ဆံပေးပြီး ၀ယ်ထည့်စရာလဲ မလိုဘူး။ game တွေကလဲ အစုံပဲ။   
စိတ်ကူးရှိတိုင်းထည့်နဲ့ ဖုန်းမှာပါတဲ့ Internal memory မှာတစ်ဖြည်းဖြည်းများလာမယ်။ အဲဒီအခါ ဖုန်းက လေးလာတယ်။ SD Card ထဲရွှေ့ထားချင်ပေမဲ့လည်း ရွှေ့လို့ မရဘူး။ နောက်ကိုယ့်ဖုန်းတစ်ခုလုံးကို Backup လုပ်ထားချင်တယ်။ မတော်လို့ ဖုန်းကပျက်သွားရင် အထဲက မှတ်ထားတဲ့ Content တွေ ၊ Message တွေ စသည်ဖြင့် အများကြီးပဲ။ ပျက်တာ သွားရင်တော့ ကြေကွဲပြီ။ အဲဒီလို ပြဿနာတွေ အများကြီးကို ဖြေရှင်းဖို့အတွက်က တစ်နည်းပဲ ရှိပါတယ်။ ဖုန်းထုတ်လုပ်သူတွေ ကွယ်ဝှက်ထားတဲ့ Root နေရာ ၊ သူတို့တွေ ဖျောက်ထားတဲ့ SuperUser ကို ကျွန်တော်တို့က လုယူကြရမှာပေါ့။ SuperUser ဆိုတာတစ်နည်းအားဖြင့် Windows မှာလိုဆိုရင်တော့ Administrator လိုမျိုးပါ။ Android OS တစ်ခုလုံးကို စိတ်ကြိုက် မွှေနှောက်ခွင့်ရှိတဲ့ စက်ရုပ်တစ်ရုပ်ပေါ့။ အဲဒီလို System တစ်ခုလုံးကို  စိတ်ကြိုက်မွှေနှောက်နိုင်ဖို့အတွက် ကျွန်တော်တို့ Android ကို Root လုပ်ရခြင်း ဖြစ်ပါတယ်။ အဲလောက်ဆို ဘာကြောင့် Root လုပ်တယ်ဆိုတာကို သဘောပေါက်မယ်လို့ ထင်ပါတယ်။
မူရင်

ကျွန်တော်ဆိုက်လေးမှအမြဲကြိုဆိုပါတယ်ဗျာ မိတ်တို့လိုတာလေးများစုံလင်အောင်တင်ပေးနိုင်ဖို့ ကျွန်တော်ကြိုးစားရှာဖွေတင်ပေးသွားမှာပါ မိတ်ဆွေများဘက်မှ ကျွန်တော်အားဆေးအဖြင့် fb လေးမှာ LIKE လေးနဲ့အားပေးပါနော် SHARE ပေးရင်တော့ အတိုင်းထက်အလွန် ဝမ်းသာပါတယ်ဗျာ

Huawei T8620 Root နည်း

Huawei T8620 Root နည်းလေးပါ...။ဒီနည်းကိုတော့ သူငယ်ချင်း skykiller က အားလုံးသိစေချင်သော စေတနာ ရည်ရွယ်ချက်ဖြင့် မျှဝေပေးလိုက်တာပါ....။ 

   

root နည်က ကျနော်စမ်းပြီးအဆင်ပြေတဲ့ နည်းကိုပို့ ပေးလိုက်တယ်နော်။

အရင်ဆုံး အောင်ကပေးထာတဲ့လင့် က ဖိုင်နှစ်ခုကိုဒေါင်းလိုက်ပါ......။

T8620.rar 

Superuser.apk

ပြီးရင်တော့ Rar ဖိုင်ကို Extract  လုပ်လိုက်ပါ။ .bat ဖိုင်လေးကိုတွေ့ ပါလိမ့်မယ်…. Run လိုက်ပါ…..
ပြီးရင်တော့ ပထမဆုံး Reboot တစ်ခါကျသွားပါလိမ့်မယ်…..လုံးဝပြန်တက်လာတဲ့အထိစောင့်လိုက်ပါ။
ပြီးရင်တော့ Enter တစ်  ချက်လောက်ထပ်ခေါက်  လိုက်ပါ။Reboot တစ်ခုထပ် ကျသွားပါလိမ့်မယ်…..
ပြန်တက်လာတဲ့အထိစောင့်ပါ။Enterတစ်ချက်ထပ်ခေါက်ပါ။Reboot ပြန်ကျသွားပါလိမ့်မယ်၃ခါလောက် Reboot ကျသွားပြီးပြန်တက်လာရင်တော့ Root ရပါပြီ….. ပြီရင် superuser.apk ဖိုင်ကို ph ထဲထည့် ပြီးရင် root တာပြည့် စုံပါပြီး......။
တကယ်လို့ သူငယ်ချင်းများက နားမလည်သည်ဖြစ်စေ  တခုခု အဆင် မပြေသည်ဖြစ်စေ   happy.pma@gmail.com ကိုဆက်သွယ်မေးမြန်း နိုင်ပါတယ်...... ဖုန်းနံပါတ်က 09448019755 ပါ။အဆင်မပြေရင် ဖုန်းဆက်ပြီးမေးလို့ရပါတယ်....။ရေးသားသူ  = skykiller
အားလုံးအဆင်ပြေပါစေ....။  မူရင်း
ကျွန်တော်ဆိုက်လေးမှအမြဲကြိုဆိုပါတယ်ဗျာ မိတ်တို့လိုတာလေးများစုံလင်အောင်တင်ပေးနိုင်ဖို့ ကျွန်တော်ကြိုးစားရှာဖွေတင်ပေးသွားမှာပါ မိတ်ဆွေများဘက်မှ ကျွန်တော်အားဆေးအဖြင့် fb လေးမှာ LIKE လေးနဲ့အားပေးပါနော် SHARE ပေးရင်တော့ အတိုင်းထက်အလွန် ဝမ်းသာပါတယ်ဗျာ

HUAWEI T8100 Root ပြုလုပ်နည်းလေးပါ

အကိုတယောက်မေးထားလို့ဒီနည်းလေးကို တင်ပေးလိုက်ပါတယ်....။သူငယ်ချင်းများ အားလုံးလည်း အဆင်ပြေနိုင်အောင်လို့ ရည်ရွယ်ပါတယ် ။
အရင်ဆုံး အောက်ကဆောဝဲလေးတခုကိုဒေါင်းလိုက်ပါ....။
GingerBreak v1.20.apk
ဒေါင်းလော့ ဆွဲပြီးပြီ ဆိုရင်တော့ GingerBreak v1.20.apk ကိုဖုန်းတွင် install လိုက်ပါ...။ install ပြီးရင် ဆောဝဲ ကိုဖွင့်လိုက်ပါ.. ။အဲဒီအချိန်မှာ superuser Request တောင်းရင် Allow ကိုနှိပ်ပါ ပြီးလျှင်  Root device ကိုနှိပ်ပေး ပါ။ ပြီးရင်ဖုန်းက Rooting လုပ်နေတာကိုမြင်ရမှာပါ။ ပြီးရင် ဖုန်းကသူ့အလိုလိုပိတ်သွားမယ်။ဖုန်းပြန်ပွင့်လာရငမိမိဖုန်းရဲ့Screenပ်ါမှာsuperuser လေးရောက်နေပါလိမ့်မယ်။ အဲဒါဆိုရင် root တာအောင်မြင်သွားပါပြီ.....။ 
အားလုံးပဲအဆင်ပြေကြပါစေ...။
ဇော်မင်းသန်း...။  
 
ကျွန်တော်ဆိုက်လေးမှအမြဲကြိုဆိုပါတယ်ဗျာ မိတ်တို့လိုတာလေးများစုံလင်အောင်တင်ပေးနိုင်ဖို့ ကျွန်တော်ကြိုးစားရှာဖွေတင်ပေးသွားမှာပါ မိတ်ဆွေများဘက်မှ ကျွန်တော်အားဆေးအဖြင့် fb လေးမှာ LIKE လေးနဲ့အားပေးပါနော် SHARE ပေးရင်တော့ အတိုင်းထက်အလွန် ဝမ်းသာပါတယ်ဗျာ

Samsaung Galaxy Note 2 GT-N7100 ကို Root လုပ်နည်း

 Samsaung Galaxy Note 2 GT-N7100 ဖုန်းလေးကို Root လိုက်လုပ်ကြမယ်နော်။ Root လုပ်ရင်တော. Warranty ပျက်သွားပါတယ်။ဒါပေမယ်.လည်း ကျနော်ကတော.
 ကျနော်.ဖုန်းလေးကို crack application တွေထည့်ချင်တာကြောင့် Warranty အပျက်ခံပြီးတော့ Root လုပ်လိုက်ပါတယ်။ မိတ်ဆွေတို့လည်း Root လုပ်မယ်လို့စိတ်
ကူးထားရင် ကျနော်နဲ့အတူလိုက်လုပ်ကြရအောင်နော်။
Odin3 ကို Galaxy Note2 Root ဖိုင်ထဲမှာ တခါတည်းထည်.ပေးလိုက်တယ်။
လိုအပ်တာတွေဒေါင်းမယ်- Samsaung USB Driver and  GalaxyNote2Root
ဒေါင်းပြီးတဲ.ဖိုင်တွေကို Desktop ပေါ်မှာပဲ extraလုပ်ထားပါ။ Samsaung USB Driverကိုတော. PCမှာ Runထားပါ။ မ run ထားလည်းရပါတယ်..။အောက်မှာနည်းလမ်းပြောပြသွားမှာပါ..။
မိမိတို.ဖုန်းရဲ.Download Mode ထဲကိုဝင်နိုင်ဖို. Volume Down+Center Home+Power Buttonတွေကို တပြိုင်နက်တည်း တအောင်.လောက် ဖိနှိပ်ထားလိုက်ပါ။ 

အပေါ်ပုံကလို Warning ဆိုတဲ.စာသားလေးနဲ. စာတွေပေါ်လာပြီဆိုရင် Odin Mode ထဲကို ၀င်နိုင်ဖို.အတွက် Volume upကိုနှိပ်လိုက်ပါ။ ပြီးရင် ဖုန်းကို USB Cableနဲ. PC နဲ.ချိတ်ဆက်လိုက်ပါ။ 
စောစောက Galaxy Note2 Root.Zip ကို extra လုပ်ထားတဲ. ဖိုင်တွေထဲက odin3 ဆိုတာလေးကို ဖွင်.လိုက်ပါ။ဖွင်.လိုက်ပြီးရင်တော.ခုနက sumsang driver မ run ထားတဲ့သူတွေက  ဒီအတိုင်းပဲ 
ခနစောင့်နေလိုက်ပါ..။ driver ကို သူ့ဟာသူ
ဒေါင်းပြီး install လုပ်ပေးပါမည်..။အင်စတောလုပ်ပြီးတာနဲ အောက်မှာပြထားတဲ့ odm3 ပုံက လို အ၀ါကွက်လေးပေါ်လာမှာဖြစ်ပါတယ်...။အင်တာနက် ကွန်နက်ရှင်ချိတ်ထားဖို့ လိုတာပေါ့..။
ဒီနည်းက driver ကို ဒေါင်းမရ ဒါမှမဟုတ် လင့်သေသွားရင် ရှာစရာမလိုပဲ ဖုန်းနဲ့ ကွန်ပြူတာ ကေဘယ် ချိတ်ပြီး ဒေါင်းတဲ့နည်းလေးပါ.....။
ကဲ driver အဆင်ပြေပြီဆိုရင် root ဖို့ စလှုပ်ရှားကြရအောင်..။
 PDA ဆိုတာလေးကို တချက်ကလစ်လိုက်ပြီး cwm6-root-note2.tar 
ဖိုင်လေးကို ထည်.လိုက်ပါ။
 ထည်.ပြီးရင်တော. အောက်ကပုံမှာပြထားတဲ.အတိုင်း Start ဆိုတာလေးကို နှိပ်လိုက်ပါ။ 
အောက်ပါပုံအတိုင်း သူ.ဘာသာသူ installလုပ်နေပါလိမ်.မယ်။ 
USB Cableကို မဖြုတ်သေးပဲ reboot ပြန်တက်လာသည်အထိ ခဏစောင်.လိုက်ပါ။ 
ကဲ Reboot ပြန်တက်လာပြီဆိုရင်တော. မိမိဖုန်းလေးဟာ Superman ပုံစံ Super Userလေးနဲ. Root Access ရသွားပြီးဖြစ်ပါတယ်။ 
အပေါ်ကနည်းအတိုင်း Root ရတာအဆင်မပြေရင်ကျနော်အား ဆက်သွယ် မေးမြန်းနိုင်ပါတယ်.. မူရင်းအတိုင်းတင်ပေးလိုက်ပါတယ်...အားလုံး လုပ်တတ်ကြမှာပါ...:) 
အားလုံး အဆင်ပြေပါစေ....။
ဇော်မင်းသန်း......။
ref   :    http://mmforward.blogspot.com
ကျွန်တော်ဆိုက်လေးမှအမြဲကြိုဆိုပါတယ်ဗျာ မိတ်တို့လိုတာလေးများစုံလင်အောင်တင်ပေးနိုင်ဖို့ ကျွန်တော်ကြိုးစားရှာဖွေတင်ပေးသွားမှာပါ မိတ်ဆွေများဘက်မှ ကျွန်တော်အားဆေးအဖြင့် fb လေးမှာ LIKE လေးနဲ့အားပေးပါနော် SHARE ပေးရင်တော့ အတိုင်းထက်အလွန် ဝမ်းသာပါတယ်ဗျာ