Showing posts with label Android ဖုန်း(နည်းလမ်းများနှင့် ဗဟုသုတများ). Show all posts
Showing posts with label Android ဖုန်း(နည်းလမ်းများနှင့် ဗဟုသုတများ). Show all posts

Sunday, June 1, 2014

Android အကြောင်းသိကောင်းစရာ

Android အကြောင်း ပါးပါးလေး ပြောမယ်နော် Android OS ဆိုတာ linux လို့ခေါ်တဲ့ OS ရဲ့ Linux 2.6 kernel ကို အခြေပြုထားတဲ့  OS တစ်ခုဖြစ်ပြီး မိုလ်ဘိုင်းဖုန်းတွေ  Tablet ကွန်ပျူတာတွေ အတွက် ရည်ရွယ်ပြုလုပ်ထားတာပါ အပေါ်ကဖော်ပြထားတဲ့ စက်ရုံပုံလေးကတော့ သူ့ရဲ့ Logo လေးပေါ့ စက်ရုပ်ပုံလေးလေ

ဒီ ကောင်လေး စတင် ဖြစ်ပေးလာတာကတော့ စတင်ဖန်တီးရေးသားခဲ့တဲ့ Android Inc ကို 2005 ခုနှစ်မှာ Google ကနေ ၀ယ်ယူလိုက်ပါတယ် ၀ယ်ယူထားပြီး ဘာလုပ်နေတယ်တော့ မသိရပါဘူး 2007 ခုနှစ်ေ၇ာက်တော့မှ Google က Android ကို (OHA) Open Handset Alliance ကို တည်ထောင်လိုက်ပြီး Android Coad တွေကို ဘယ်သူမဆို အခမဲ့ ရယူပြင်ဆင်နိုင်တဲ့ Open source အဖြစ် ကြေငြာလိုက်ပါတယ် ဒါကို ကိုယ့်ထုတိကုန်နဲ့ ကိုက်ညီမယ့် ပုံစံနဲ့ ကုပ္မဏီတွေကနေ ဆက်လက်ပြီး ထပ်ဆင့်အဆင့်မြင့်ရေးသားကြပြန်ပါတယ် လိုင်စင်ကိုတော့ ဖရီးလိုင်စင်ပေါ့နော် ဘယ်သူမဆို အခမဲ့ရယူနိုင်ပါတယ်ပေါ့ ကိုယ်လဲ ပြင်ချင်ပြင်လို့ရတာပဲလေ
နောက် Android Software တွေ ဖန်တီးဖို့ Android Software development kit (SDK) 1.0 ကို 2008 ခုနှစ်မှာထုတ်ပေးပြီး လွတ်လွတ်လပ်လပ် ရှယ်ယာလုပ်ခွင့်လဲ ပြုခဲ့ပါတယ် အဲနောက်ပိုင်းမှာတော့ Android သုံး မိုဘိုင်းဖုန်းတွေ Tablet တွေ မျိုးစုံကိုထွက်လာတော့တာပဲပေါ့ဗျာ
Android ထါက်လာပြီးနောက် မိုဘိုင်းလောကမှာ အပြောင်းအလဲကြီးတစ်ခုဖြစ်သွားပြီး ဘာမှမကြာလိုက်တဲ့ နှစ်အနည်းငယ်ထဲမှာပဲ မိုဘိုင်းလောကကို Android က ဦးဆောင်လာပါတော့တယ် ဘာကြောင့် ဒီလို ကြီးစိုးလာသလဲဆိုရင်တော့ ဘယ်သူမဆို ပြင်ဆင်ခွင့်ရှိတယ် ဆိုတဲ့ အချက်ရယ် ဖရီးလိုင်စင်ရယ် Open source coad တွေရယ်ကြောင့်ပါပဲ အလကားလဲရသေး လုပ်ပိုင်ခွင့်ကလဲကွာသေး နည်းပညာလဲလေ့လာလို့ရသေး တယ် ဖန်တီးမယ်ဆိုလဲ ရတယ်ဆိုတော့ဗျာ ဘာပြောကောင်းမလဲ ဟဲဟဲပေါ့ နော်
ဒီလို အလကားပေးထားတာ Google ကဘာအမြတ်အစွန်းရလဲ ဆိုတာ သိချင်ပါသေးလဲ OS ကို အလကားပေးထားပေမယ့် ရတဲ့နေရာတွေ ရှိတာပေါ့ဗျာ Android Market မှာ ဖရီးမဟုတ်တာလေးတွေ သင်ကြည့်ပါလား အဲကနေလဲ ရတယ် အင်တာနက်အခြေခံတဲ့ ဖုန်းပြောတဲ့ စနစ်တွေကလဲ ပြန်ရပါတယ် ဘယ်လောက်ရမှာ မို့လို့လဲ ဆိုတာ့ တစ်နှစ်ကို သုံးစွဲသူ တစ်ဦး ကနေ တစ်ဒေးလာပဲတွက်ကြည့် ခုလောလောဆယ် သုံးစွဲသူပေါင်း သန်း 280 ကျော်နေပါပြီ ကဲ ဘယ်လောက်ရပြီလဲ ဒါမျိုးလေးတွေကနေ ပြန်ရနေတော့ အလကားပေးရတာ တန်တယ်ပေါ့ဗျာ ဟဲဟဲ နဲနဲ နဲ့ ကြဲကြဲလေး ၀ိုင်းတတ်တဲ့ တရုတ်တွေ သုံးတဲ့ နည်းပညာပါခင်ဗျ တော်တော် တန်ဖိုးရှိတဲ့ နည်းပညာပါ တကယ်လဲကောင်းပါတယ် စမ်းကြည့်ပေါ့ ကိုယ့်လုပ်ငန်းမှာ အဲလိုနည်းနဲ့ ဈေးလျှော့ပေးတယ်ဆိုပြီး တစ်ဖက်ကနေ မသိမသာ ပြန်လှီးယူတာလေးလေ ဟိဟိ
Android Market ထဲမှာ အခုဆို applications တွေ Game တွေ ငါးသိန်းကျော်နေပါပြီ ဒီဟာအကုန်လုံးကို Google ကနေ ထုတ်ထားတာလားဆို မဟုတ်ပါဘူး နိုင်ငံပေါင်း 30 လောက်က software ရေးတဲ့ သူတွေက တင်ထားတာတွေ လေ Android Market က Google အတွက် သာမက ဆော့ဝဲလ်ရေးသူတွေ အတွက်ပါ ကောင်းပါတယ် ဘာလို့ကောင်းလဲ ဆို ကိုယ်ပိုင် ဂိမ်းတစ်ခုရေးပြီး ကိုယ့် ဆိုဒ်မှာ လာဝယ်ခိုင်းတာမျိုးက ရောင်းရဖို့ မလွယ်သလို သိသူလဲ အင်မတန်နည်းတာကိုး ဗျ ဟိုမှာက လည်ရင်းပတ်ရင်းနဲ့လဲ တွေ့နိုင်တာမျိုးလေ ဟဲဟဲ အာကာဖြိုးလဲ အင်တာနက်မာ့ကက်တင်း လုပ်စားလို့ရလောက်ပြီထင်တယ် ဟီး တော်တော်တတ်တာကိုးဗျ နော် အဟဲ Google ကလဲ လူလည်ကျသဗျ ပြောရရင် ဆော့ဝဲလ်ထုတ်လုပ်သူမှန်သမျှ သူ့ဈေးကွက်မှာ ရောင်းချင်ရင် ရီဂျစ်စတာလုပ်ရတယ်ဗျ လုပ်ပြီး တစ်ခုေ၇ာင်းရရင် ရောင်းရတဲ့ဈေးနှုန်းအပေါ်မှာ Google ကို 30% ပေးရတယ်လေ ကျွန်တော်တောင် တစ်ခုတင်ထားသေး ဟိဟိ ပြောပြဘူးတော်ကြာ အလကားလာတောင်းနေဦးမယ် ဟိဟိ

အခု ဆက်ပြီး Android version တွေ ဆက်လေ့လာကြည့်ရအောင်

ပထမဆုံး Android Version 1.0 ကို 2008 ခုနှစ် စက်တင်ဘာလ 23 ရက်နေ့မှာ စတင်ထုတ်ဝေခဲ့ပါတယ် Android1.0 ကို ထည့်သါင်းပြီး စတင်ထုတ်လုပ်ခဲ့တဲ့ ပထမဆု့း မိုဘိုင်းအဖြစ် HTC (G1) phone က စခဲ့တာပါ

ဒီနောက်ပိုင်းမှာ ထပ်ထွက်လာတာတွေ ကတော့ ထူးထူးခြားခြားနာမည်လေးတွေ ဖြစ်သလို အခုနောက်ဆုံးထွက်တဲ့ အထိ မုန့်နာမည်လေးတွေ ပါ မုန့် အကုန်လုံးကလဲ အချို တွေ သီးသန့် ဖြစ်သလို နာမည်ပေးထားပုံလေးကလဲ စိတ်ဝင်စားစရာကောင်းပါတယ်  ဘယ်လိုစိတ်ဝင်စားစရာကောင်းသလဲဆို  ဒီလိုဗျ နာမည်လေးတွေကို A,b,c,d အက္ခရာ စဉ်ပြီးထွက်လာတာပါ အဲ 1.0 နောက်ပိုင်းစထွက်တာက C ကနေ စတာပါ B ပါဘူး C,D,E စသဖြင့် ထွက်လာတာလေ

ကဲ့ကြည့်လိုက်ရအောင် CupCake (version 1.5)

ဒီဗားရှင်းက 30.4.2009 မှာ စထွက်လာတာပါ 1.0 ကအားနဲချက်တွေကို ပြုပြင်ပြီး ထွက်လာတာလေ


နောက် Donut (version 1.6)

ဒီ ဒိုးနမ့် မုန့်လေးကို တော့ စက်တင်ဘာ လ 2009 မှာ ထပ်ထွက်လာပြန်ပါတယ် ဘယ်လောက်ကွာသလဲ ကိုယ့်ဘာသာပဲတွက်တော့နော် ဒီကောင်မှာ ကင်မရာပိုင်းဆိုင်ရာနဲ့ စခရင် ရီဆိုလူးရှင်းတွေကို အလုပ်လုပ်နိုင်လာပါတယ်  CDMA နဲ့ EVDO စနစ်တွေကိုလဲ လုပ်ဆောင်နိုင်လာပါတယ်


Eclair (version 2.0/2.1)

 2009 အောက်တိုဘာမှာ ဒီမုန့်လေးထပ်လုပ်ခဲ့ပြီး မာတီဘယ် အီးမေးလ်အကောက်တွေကို  Device  အတါင်းထည့်သွင်းနိုင်မယ့် နည်းပညာတွေ စခရင် ဆိုဒ်ကြီးနဲ့ ရီဆိုလူးရင်းအမြင့်တွေကို စပိုစ့်လုပ်နိုင်မယ့်နည်းပညာတွေ  မာတီ touch feature တွေ စသဖြင့်တိုးတက်ပါဝင်လာသလို HTML 5 ကိုလဲ စိပုစ့်လုပ်နိုင်လာလဲ့ပါတယ်

Frovo (version 2.2)

ဒီဗားရှင်းကိတော့ 2010 မေလ မှာ ထုတ်ခဲ့ပြီး ဒီဗားရှင်းဟာ Android ရဲ့ အောင်မြင်မှု ပြယုဂ်အဖြစ် မှတ်တမ်းဝင်လာနိုင်မယ့် ဗားရှင်းလို့ ဆိုရမှာပါ ဘာကြောင့်ဆို ဒီဗားရှင်းဟာ ခုချိန်ထိ အသုံးပြုသူ 30% လောက်ရှိနေသေးတာလေ ဒီဗားရှင်းမှာ မက်ဆေ့ပို့တာတွေ ပါဝင်လာတယ် ဖုန်းကနေ ကွန်ပျူတာကို အင်တာနက်ရှယ်ယာပေးလို့ရတဲ့ နည်းပညာတွေ Wifi ပြန်လအတ်လို့ရတဲ့ နည်းပညာတွေ ပါဝင်လာပြီလေ နောက် နာမည်ကျော် adobe flash ကို စပိုစ့်လုပ်ပေးနိုင်လာတော့ အွန်လိုင်းမှာ ဖက်နဲပလုပ်ထားတဲ့ ဟာတွေ ဂိမ်းတွေကိုပါရှာနိုင်လာတယ်ဆိုပါတော့ ဗျာ

Gingerbread (version 2.3.x)

 ဒီဗားရှင်းကတော့ လက်ရှိအချိန်မှာ အောင်မြင်မှု အရှိဆုံးပါပဲ  အသုံးပြုသူ 60% လောက် ရှိနေပါတယ် ဒီကောင်ကတော်တော်မြင့်လာပါပြီ အပေါ်ကပြောထားတဲ့ဟာတွေအကုန်ပါပြီးအပြင်ပေါ့နော် ပြန်မပြောတော့ဘူးကျော်လိုက်တော့မယ် ဒီကောင်မှာ ကီးဘုတ်တွေ ကောင်းမွန်လာပြီး စာရိုက်တဲ့ အခါ ကော်ပီပေ့ စတာတွေ လုပ်လို့ရလာပါတယ်  Broswer Email နဲ့ software တွေကနေ အလွယ်တက်ူဒေါင်းယူနိုင်မယ့် ဒေါင်းလော့မန်နေဂျာလဲ ပါလာပါတယ် ဗားရှင်း 2.3.4 မှာတော့ Gtalk ကို Chatting သုံးနိုင်လာတယ်လေ


Honeycomb (version 3.0,3.x)

ဒါကိုတော့ 2012 ဖေဖ၀ါရီလ မှာ ထုတ်ခဲ့ပါတယ်  ဒီကောင်က tablet မှာပဲ သုံးနိုင်တဲ့ဗားရှင်းပါ ဖုန်းတွေမှာ မရပါဘူး ကင်မရာနဲ့ အင်တာနက် အသုံးပြုမှု အတွက်အကောင်းဆုံးထုတ်ထားတာပါ Gtalk ကနေ video chat  လုပ်နိုင်ပါတယ် မာတီ core processors ကို စပို့လုပ်လာနိုင်ပါတယ်

Ice Cream sandwich (version 4.x )

ဒါကတော့ 2011 အောက်တိုဘာလမှာ Galaxy Nexus ဖုန်းနဲ့ အတူ ထွက်လာတာလေးပါ မြန်မာတွေကတော့ ရေခဲညှပ်လို့ ခေါ်နေတာပါပဲ  ဒီကောင်တွေမှာ အဆင့်မြင့်လာပါပြီ ကိုယ့်ဖုန်းကို ကိုယ့်မျက်နှာနဲ့ သော့ခတ်ထားမယ် ပြန်ဖွင့်မယ်ဆိုတဲ့ စနစ်တွေ တောင်ပါလာပါတယ် 1080p video ၇ိုက်ကူးနိုင်ဖို့ စပိုစ့်လုပ်လာပါတယ် ဒါပဲလားဆို ဟုတ်ဘူးဗျ အလွန်အသုံးဝင်တဲ့ Wi-Fi Direct နည်းပညာလဲပါဝင်လာတယ်  အခုလက်ရှိ တော်တော်များများချိတ်ဆက်နေတာက wireless router တွေ wireless access point တွေ ချိတ်ဆက်ပြီး ၀ိုင်ယာလက်ကွန်နရှင်ကိုချိတ်ဆက်နေတာပါ Wi-Fi Direct နည်းပညာ ဆိုတာက ကြားမှာ ဘာမှမလိုဘဲ Drive အချင်ချင်း တိုက်ရိုက်ချိတ်လို့ရတာပါ လွယ်လွယ် ဥပမာပြောရရင် Bluetooth နည်းပညာလိုပေါ့ တစ်ခုတည်းကို ချိတ်နိုင်တာမဟုတ်ဘူးနော တစ်ခုကနေ အများကြီးကိုချိတ်ဆက်နိုင်တာ ထားလိုက်ပါတော့ ဒီအကြောင်းပြောနေတာမှ မဟုတ်ဘဲနော် အသေးစိတ်ဖို့ မလိုပါဘူး


Jelly Bean (5.x)

ဒါကတော့ အခု နောက်ဆုံးထွက်လာမယ့် ဟာလေးပေါ့ 2008 .8 မှာထွက်မယ် ပြောထားတာပဲ ခုတော့ ကျွန်တော်လဲ မလေ့လာရသေးဘူး နောက်များမှ ဆက်ဦးမယ်ပေါ့နော်

နဲနဲလောက်မသိသေးတာကို ဖြည့်ပေးနိုင်တယ်ဆိုရင်ပဲ..
ဖတ်မိသမျှ ပြန်လည်မျှ ဝေသည်..အသိပညာများ တိုးပွားနိုင်ပါစေ..
ညီသူ(နည်းပညာ ဥယျာဉ်မှုး)


မူရင်း ... အာကာဖြိုး

ကျွန်တော်တင်သမျှပိုစ့်တွေ Facebook ကနေရယူချင်တယ်ဆိုရင်  ဒီမှာ LIKE လေးပေးခဲ့ပါနော်
 

Saturday, May 31, 2014

Android ဖုန်း ကိုင်သူတိုင်း ဖတ်ဖြစ်အောင် ဖတ်ပေးပါ…..

Custom Rom က ဘယ်ဖုန်း အတွက် ပဲ ဖြစ် ဖြစ် ဘယ် လောက် ကောင်း တဲ့ rom ပဲ ဖြစ် ဖြစ် error အနည်း အများ ရှိ ကြပါတယ် ။ Android သုံး တဲ့ သူ တော်တော် များ များ က နောက် ဆုံး ဗားရှင်း သုံးချင် ကြ ပါ တယ် ။အများ စု က official မထွက် တော့ 2.3 Gb & 4.0 ics & 4.1 jb တင် ချင် ကြ တော့ custom rom ကို တင် ဖို့ ကြိုး စား လာ ပါ တယ် ။ ကိုယ် တိုင် တင် ကြ သလို ဆိုင် တွေ မှာ လဲ သွား တင် ကြ ပါတယ် ။ ဆိုင် တွေ က တော့ တချို့ လဲ စမ်း ပြီး သား အကောင်း ဆုံး error အနည်း ဆုံး Rom ရှာ ဖွေ ထား ပါတယ် ။တချို့ ဆိုင် တွေ ကတော
့ လာ မှ စမ်း ကြည့် ပြီး အကောင်ဆုံး ရှာ ပေး တာ တွေလဲ ရှိ ပါတယ် ။ဖုန်း တွေ က မော်ဒယ် တူ လဲ တစ် ခါ လေ ဗားရှင်း မကိုက် တာတွေ ရှိ တက် ပါ တယ် ။
ကောင်းချက် လေး စပြော ရမယ် ဆို ရင်
၁ ။ နောက်ဆုံး ဗားရှင်း သို့မဟုတ် ဗားရှင်း အမြင့် အသုံး ပြု ရခြင်း ။
၂ ။ နောက်ဆုံး ဗားရှင်း မှာ ပါတဲ့ apps အသစ် များ၊ နည်းပညာ အသစ်များ အသုံးပြု နိုင်ခြင်း ။
၃ ။ တချို့ ဖုန်းများ ရုပ်ထွက် ပိုမို ကောင်း မွန်လာ ခြင်း ။
၎ ။ တချို့ ဖုန်းများ ကင်မရာ ပိုမို ကောင်း မွန်လာ ခြင်း ။
၅ ။ တချို့ ဖုန်းများ မသိမသာ မြန်လာ ခြင်း စ တာတွေ ကောင်းပါတယ် ။
မကောင်းချက် တွေ က တော့
၁ ။ တချို့ ဖုန်း များ ကင်မရာ မရတော့ ခြင်း ။
၂ ။ တချို့ ဖုန်း များ wifi မရခြင်း ။
၃ ။ တချို့ ဖုန်း များ 3G အင်တာနက် မရခြင်း ။
၎ ။ တချို့ ဖုန်း များ bluetooth မရခြင်း ။
၅ ။ တချို့ ဖုန်း များ ဖုန်း လိုင်း မရခြင်း ။
အများ ကြီး ရှိ သေးတယ် ။ ဒါက အဓိ က အချက် တွေ ပါ ။
ဒါတွေ ကို Custom rom တင်ပြီး မရရင် တော်တော် များ များ က official firmware( စက် ရုံ ထုတ် နဂို Firmware ) ပြန်ရေး ရင်ကောင်းသွား တယ် ထင် ကြတယ် ။ကောင်းပါတယ် ၁၀ လုံး ၈ လုံးလောက် ထိ ပေါ့ ။ကျန် တဲ့ နှစ် လုံး က တော့ ကင်မရာ မရ တော့ လို့ ပြန် ရေးလိုက် လဲ ကင်မရာ က ပြန် မရ တော့ တာ မျိုး တို့ ။ ကျန်တဲ့ error တွေ နဂို Firmware ထိ ပြန် ပါ လာတက် တယ် ။ အဲ့ တော့ သေ ချာ စဉ်းစား ကြည့် ပေါ့ ။ကိုယ့် ဖုန်း ၁၀ လုံး ထဲ က နှစ် လုံး ဖြစ် သွား နိုင်တယ် ဆို တာ ။ ကိုယ် က ဆိုင် မှာ လက် တွေ့ ဖြစ် ခဲ့ ဖူး ပါတယ် ။ဆိုဒ် ထဲ တင် ဖို့ စမ်း ရင်း နဲ့ အကို ရဲ့ HTC နဲ့ ကျွှန်တော် ကိုင် တဲ့ galaxy s မှာ error ကျန် နေ ခဲ့ တာ မျိုး ပါ ။ HTC က တော့ နည်း လမ်း ရအောင် ရှာ ပြီး ပြင် လိုက် တာ Ok သွားတယ် ။ဟဲဟဲ ကိုယ့် ဖုန်း ကျ မှ ပဲ နည်းလမ်း ရှာ မရသေး ဘူး ။ အဲ့ ဒါ တွေဆို official firmware ပြန် တင် တဲ့ အလုံးတွေ ပဲ နော် ။
ခု အကြိုက် ဆုံး နဲ့ စိတ်အချမ်း သာ ဆုံး က တော့ official firmware လေး တွေ ပါ ပဲ ။
အားလုံး လဲ Custom Rom မတင်ပါ နဲ့ လို့ တိုက် တွန်း ချင် ပါတယ် ။
နောက် ထပ် အရေး ကြီးတာ က တော့ သိတဲ့ သူတွေ သိသလို မသိ တဲ့ သူ တွေ လဲ များ နေ လို့ သတိ ပေး လိုက်ပါတယ် ။
official Firmware ရေး ခြင်း ဖြင့် boot သေ နိုင် ပါတယ် ။ ၁၀ လုံး မှာ ၄လုံး လောက် သေတက် ပါတယ် ။မလုပ် တက် ပဲ ဖတ်ပြီး လုပ် ကြည့် ခြင်း ဖြစ် စေ သူ များ အထူး သဖြင့် မြန်မာ ဆိုဒ်တွေ မှာ ရေး ထား တာ တွေ ဖတ်ပြီး ဖတ် စေ ရေးခြင်း ဖြင့် Boot သေကြတာ များပါတယ် ။Boot သေ တယ် ဆို တာ အလွယ် တကူ ပြော ရရင် power မလာတော့ တာ ဖြစ် ပါတယ် ။ဖုန်း တော်တော် များများ Boot ပြန် ရေး လို့ မရသေး ပါ ဘူး ။ရတဲ့ ဖုန်း တွေ ဆို ရင် ၃၅၀၀၀ လောက် ကျ နိုင် ပါတယ် ။ကျွှန်တော် တို့ ဆိုင် မှာ လဲ Box နဲ့ ပြန် တင် ပေးပါတယ် ။ဖုန်း အမျိုး စား၃၀၀ လောက် တော့ ရပါတယ် ။သူ က hardware နဲ့ ဆော့ဝ် တွဲ လုပ် ရတာ ကြောင့် ဈေး လဲ ကြီးပါတယ် ။ပြင်မရ တဲ့ ဖုန်း ဆို သေ ပြီ ။လွတ်ပစ် လိုက် ရုံ ပဲ ထို့ ကြောင့် မသိ တဲ့ သူတွေ က ရဲရဲ ကြီး ကလိ နေ ပြီး ကပ်စီး ကုတ် တဲ့ သူတွေ က လဲ ကိုယ့် ဘာ ကိုယ် ဆော် နေ ကြ တာပါ ။ ကျွှန်တော် တို့ ကိုတိုင် တောင် ၂၀ လုံး ၁ လုံးလောက် သေတက် ပါတယ် ။ ထို့ ကြောင့် လုံး ၀ မစမ်း သပ် မကလိ ကြဖို့ တိုက် တွန်းလိုက် ပါတယ် ။
မှတ်ချက်။ ။ mobilehouse ဆိုဒ်မှ ကူးယူဖော်ပြခြင်းဖြစ်ပါတယ်။

 အဆင်ပြေရင် fb လေး like လုပ်ပေးခဲ့ပါနော်>>>> ( ဒီမှာ