ထစ်ခနဲ
အသစ်အဆန်းဆို အတွေးထဲမှာ ဖျက်ခနဲသိလိုက်တာက ဒါက တရုတ်ကလား ဆိုတာကိုပေါ့။
ဟုတ်ပါတယ်။ ကမ္ဘာ့လူဦးရေအများဆုံးထဲမှာ ထိပ်ဆုံးစာရင်းဝင်တဲ့
နိုင်ငံဖြစ်သလို လူဦးရေလည်းများ အရာဝတ္ထုပစ္စည်းအသုံးအဆောင်တွေအများဆုံး
တီထွင်တာလည်း သူတို့ပါပဲ။ ကြံကြံဖန်ဖန်တွေ တီထွင်တတ်တဲ့ လူမျိုးလို့လည်း
ဆိုရမှာပေါ့ ။
အခုလည်း ထွင်လိုက်ပြန်ပါပြီ။ ဈေးဗန်းထဲမှာ ခင်းကျင်းရောင်းချထားတဲ့
ပစ္စည်းက မြင်ရသူကို တစ်ပြန်လှည့်ပြန်ကြည့်ရလောက်ပါတယ်။
တစ်ခါတည်းကြည့်ရုံနဲ့တော့ ဘာပစ္စည်း၊ ဘယ်ပစ္စည်းကိုရောင်းချတာလဲ
ဆိုတာမသိနိုင်တော့ ပိုင်ရှင်ကိုမေးကြည့်ရ တော့မှာပါ။
တရုတ်ပြည်အရှေ့ပိုင်း ဂျန်စုပြည်နယ်၊ နင်ဂျန်းမှ သစ်သီးဒိုင်ပိုင်ရှင်က
သူ့ရဲ့သစ် တော်သီးအရောင်းမြှင့်တင်ရေးအတွက် ဒီလိုစိတ်ကူးကိုတီထွင်လိုက်တာပါ။
လူ့ တင် သားပုံသဏ္ဍာန်ရှိတဲ့ သစ်တော်သီးတွေကို အတွင်းခံတစ်ထည်လိုချုပ်ထားတဲ့
ဇာပိတ်စ အပါးလေးတွေနဲ့ ပတ်ပေးထားတာက တကယ့်ကို အမျိုးသမီးပျိုလေးတွေရဲ့
နူးညံ့လုံး အိနေတဲ့ တင်သားလှလှလေးတွေလို မဟုတ်ပါလား။ ပုရိသတွေအတွက်တော့
တကယ့် ကို စိတ်လှုပ်ရှားသွားစေမှာပါ။
စားစရာအသီးအနှံဖြစ်တဲ့ ဒီသစ်တော်သီးတွေကို အလုံးအရွယ်အစားမျိုးစုံမှာ
အတွင်းခံ ဘောင်းဘီအရောင်အသွေးအစုံအလင်နဲ့ပတ်ပေးထားတာက မြင်ရသူအဖို့ အမြင်
ပသာဒဖြစ်စေတဲ့အတွက် လူအများစိတ်ဝင်စားလျှက်ရှိကာ အရောင်းလည်းသွက်နေ ပါတယ်။
ကတ်တ္ထုစက္ကူဖာထဲမှာ သန့်ရှင်းလတ်ဆတ်ပြီးအရောင်အသွေးစုံလင်ကာ
အရသာရှိရှိစားသုံးနိုင်မယ့် သစ်တော်သီးလေးငါးလုံးထည့်ထားတဲ့ တစ်ဖာကို အမေ
ရိကန်ဒေါ်လာနဲ့တွက်ကြည့်မယ်ဆိုရင် ၄၈ ဒေါ်လာကျော်ကျော် ဈေးနှုန်းနဲ့ရောင်းချ
ပါတယ်။
Credit: ဖိုးသူတော် (www.phothutaw.com)
ဖိုးသူတော် Team မှ ဘာသာပြန်သည်။
No comments:
Post a Comment