Showing posts with label စားသောက်ဖွယ်ရာ(ဆိုင်ရာသတင်း). Show all posts
Showing posts with label စားသောက်ဖွယ်ရာ(ဆိုင်ရာသတင်း). Show all posts

Thursday, July 31, 2014

မမှည့်တမှည့် ငှက်ပျာသီးတွေမှာ ခုခံအားတိုးပွားစေမယ့် ကစီဓာတ်တွေပါဝင်


အစေ့၊ အရွက် နဲ့ အမျှင်တွေ အားလုံးပါတဲ့ ငှက်ပျောသီး အစိမ်းတွေမှာ ခုခံစွမ်းအားရှိတဲ့ ကစီဓာတ်ပါဝင်ပါတယ်။ ဒါဟာ ပျော်ဝင်နိုင်တဲ့ အဆီဓာတ်လျော့နည်းတဲ့ ကျွန်တော်တို့အတွက် အရေးပါတဲ့ အစားအစာ ဖွဲ့စည်းမှု စနစ်တစ်ခုဖြစ်ပါတယ်။ သူက ပျော်ဝင်နိုင်တဲ့ အဆီဓာတ်လျော့အမျှင်တွေကို အူသိမ်ထဲမှာ အစာချေဖျက်ပေးခြင်းတော့ မရှိဘူး။ ဒါပေမဲ့ ရေရှည်စွမ်းဆောင်နိုင်အားရှိတဲ့ အူမကြီးထဲက ဘက်ကတီရီးယားတွေ ကျက်စားရာနေရာ ခန္ဓာကိုယ်ထဲကို တဖြည်းဖြည်း တိုးဝင်သွားမှာဖြစ်ပါတယ်။

ခုခံနိုင်စွမ်းရည်ရှိတဲ့ ကစီဓာတ်ဆိုတာ ခန္ဓာကိုယ်အတွက် အကျိုးပြုစေတဲ့ သိကြားဓာတ်၊ ကစီဓာတ်တွေဖြစ်ပါတယ်။ တခြား ကာဗွန်ဟိုက်ဒရိုက် တွေကတော့ သွေးမှာ အချိုဓာတ်မဖြစ်စေပါဘူး။ ဒါကြောင့် ဆီးချိုရောဂါအတွက် အန္တရာယ်မဖြစ်စေဘဲ အစာစားပြီးချင်း အချိုဓာတ်ကြောင့်ဖြစ်တဲ့ ဝေဒနာတွေဖြစ်ပွားမှုမရှိတာပါ။/p>

နောက် hormone နှင့် glucagon ထုတ်လုပ်မှုဖြစ်စေတဲ့ အကျိုးရလဒ်လည်း ဖြစ်စေမှာပါ။ ခန္ဓာကိုယ်မှာ အဆီဓာတ် တက်လာမှုနှုန်းကိုလည်း မြင့်မားစေပါတယ်။

ဒါကြောင့်မို့ ခုခံနိုင်စွမ်းရှိတဲ့ကစီဓာတ်ဟာ ခန္ဓာကိုယ်အလေးချိန်နဲ့ သွေးချို ဖြစ်ပွားမှုနှုန်းကာကွယ်ဖို့သာမက အူဖွံ့ဖြိုးမှုဖြစ်စေဖို့လည်း ဘက်တီးရီးယားတွေကို ကျန်းမာသန်စွမ်းစေအောင် အကူအညီပေးပြီး အူလမ်း ကင်ဆာအန္တရာယ်ကို လျော့ကျစေတာကြောင့် မရှိမဖြစ် လိုအပ်ပါတယ်။

ငှက်ပျောသီးအစိမ်းတွေဟာ ခုခံနိုင်စွမ်းရှိ ကစီဓာတ်တွေပါတဲ့  ပင်မအရင်းအမြစ်တစ်ခုဖြစ်ပါတယ်။ မမှည့်တမှည့် ငှက်ပျောသီးတစ်လုံးမှာ ဆိုရင် ကစီဓာတ် ပါဝင်မှုနှုန်း ပိုများပါတယ်။

အနောက်တိုင်းဘက်မှာဆို ခုခံစွမ်းရည်ရှိ ကစီဓာတ်ပါတဲ့ အစားအစာကို ပျှမ်းမျှတစ်နေ့ (၃)ဂရမ် ကနေ (၇) ဂရမ်ထိ စားကြပါတယ်။ Commonwealth Scientific နှင့် Austrilia နိုင်ငံက တရားဝင်သိပ္ပံနည်းပညာအဖွဲ့ဖြစ်တဲ့ Industrial Research Organisation တို့လို ကျွမ်းကျင်တဲ့အဖွဲ့အစည်းတွေက တစ်နေ့ ကိုအနည်းဆုံး (၂၀) ဂရမ်ထိ စားသင့်ကြောင်းပြောဆိုခဲ့ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Trend Myanmar

မြွေဟောက်ဟင်းမရောင်းဟု ဗီယက်နမ်ဟိုတယ်ငြင်း














ရန်ကုန်မြို့လယ်ကောင် ရှိ ဗီယက်နမ်ဟိုတယ်ဟု လူသိများသော မစ္စတာလီဟိုတယ်တွင် ၅၅ ဒေါ်လာတန် မြွေဟောက် ဟင်းပွဲများ ရောင်းချနေသည်ဆိုခြင်းမှာ မဟုတ်မှန်ကြောင်း ဟိုတယ်က ငြင်းဆိုလိုက်သည်။

လမ်းမတော်မြို့နယ်၊ လမ်း မတော်လမ်း၊ တိုက်နံပါတ် (၁၂၉)တွင် ဖွင့်လှစ်ထားသော မစ္စတာလီဟိုတယ် (Mr.Lee)တွင် မြွေဟောက်ဟင်းများ ရောင်းချနေကြောင်း မြွေဟောက်ဟင်းဓာတ်ပုံများ၊ လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်စာမျက်နှာများတွင် ပျံ့နှံ့ခဲ့သည်။

မစ္စတာလီဟိုတယ်ပိုင်ရှင် ဦးမောင်မောင်က ‘‘သံဈေးက ဝယ်တဲ့ ငါးရှဥ့်ရယ်၊ ငါးရံ့အကြေးခွံနဲ့အုပ်ထားတာပါ။ ဒါကိုမြွေလို့ ပြောကြတာပါ။ ဓာတ်ပုံကမှန်တယ်။ ခုလိုနားလည်မှုလွဲအောင်လုပ်လို့တောင် ဒေါသထွက်တယ်။ အခုအဲဒီမီနူးကိုလည်း ပြန်ဖြုတ်လိုက်ပါပြီ။ ဟိုတယ်မဖွင့်စေချင်လို့ မကျေနပ်တဲ့လူတွေလုပ်တာပါ’’ဟု ၎င်းက ဆိုသည်။

ဟိုတယ်တွင် မြွေဟောက် အရှင်များလှောင်ထားပြီး  မြွေ ဟောက်ဟင်းများရောင်းချနေ သည့် သတင်းများထွက်ပေါ်နေ သဖြင့် အနီးဝန်းကျင်တွင် နေထိုင် သူများက စိုးရိမ်နေပြီး တာဝန်ရှိ သူများကို စစ်ဆေးစေလိုကြောင်း ယင်းဟိုတယ်အနီးသို့ သွား ရောက်မေးမြန်းမှုအရ သိရသည်။

 ‘‘မြွေတွေမွေးထားတာ မဟုတ်ပါဘူး။ ငါးတွေပါ။ စားသုံးသူတွေမှာလို့ လုပ်ပေးရတာပါ။ မြွေပုံစံနဲ့တူတဲ့ ရှည်လမျောငါးမျိုးပါ။ သူတစ်မျိုးတည်းရောင်းတာမဟုတ်ပါဘူး။ တခြားဟင်းတွေလည်းပါပါတယ်။ ထမင်းလည်းပါမှ ၅၅ ဒေါ်လာပါ’’ ဟု ဟိုတယ်၏ တာဝန်ရှိသူ ဦးနေလင်းအောင်က ပြောသည်။

‘‘ကားပေါ်ကနေ သယ်သယ် နေတာတော့တွေ့တယ်။  ဟိုတယ် ထဲမှာ  မြွေဟောက်အရှင်တွေ လှောင်ထားတာလို့လည်း ကြား တယ်။ မတော်တဆမြွေတွေလွတ် ထွက်ပြီး အိမ်နီးနားချင်းတိုက်အိမ် တွေဆီရောက်မှာကိုပဲ ကြောက် နေတာ’’ဟု ယင်းဟိုတယ်အနီးရှိ တိုက်ခန်းတွင် နေထိုင်သူတစ်ဦး က ဆိုသည်။

ယင်းဟိုတယ်တွင် ဗီယက် နမ်လူမျိုးများနှင့် ဥရောပနိုင်ငံ သားများလာရောက်တည်းခိုမှု များပြီး တရုတ်နိုင်ငံသားအနည်း ငယ်သာ တည်းခိုကြောင်း ဦးမောင်မောင်က ပြောသည်။

 ၁၉၉၄ ခုနှစ် တောရိုင်း တိရစ္ဆာန်များ  ထိန်းသိမ်းကာ ကွယ်ရေးဥပဒေတွင်  တောရိုင်း တိရစ္ဆာန်အမျိုးအစားသုံးမျိုးခွဲ၍ ကာကွယ်ပေးထားပြီး လုံးဝကာ ကွယ်ရမည့် ဆင်၊ ကျား၊ ကြံ့စသော တိရစ္ဆာန်များနှင့် အခြား အမျိုးအစားနှစ်ခုတွင် မြွေအမျိုး အစားများလည်း ပါဝင်ကြောင်း၊တောရိုင်းတိရစ္ဆာန်များရောင်း ဝယ်ဖောက်ကားလျှင် အနည်းဆုံး ထောင်ဒဏ်ခုနစ်နှစ်အထက်နှင့် ဒဏ်ငွေ (သို့မဟုတ်) နှစ်မျိုးစလုံး ကျခံရနိုင်သည်။

‘‘တောရိုင်းတိရစ္ဆာန်တွေကို ဟင်းအနေနဲ့ရောင်းလို့မရဘူး။ မြွေဟောက်မှမဟုတ်ဘူး။ ဘယ် မြွေမဆို မိမိသဘောနဲ့ရောင်းဝယ် ဖောက်ကားခွင့်မရှိဘူး’’ဟု မြန်မာ ငှက်နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအသင်း ဒုဥက္ကဋ္ဌ ဦးသိန်းအောင်က ရှင်းပြသည်။

သိမ်းကြီးဈေး (C)ရုံတွင် တောတွင်းတိရစ္ဆာန်များဖြစ်သည့် လိပ်၊ ဖွတ်၊ တောကြောင်၊ မြွေမျိုးစုံ စသည့်တောတွင်းတိရစ္ဆာန်အစုံရောင်းချသည့် စားသောက်ဆိုင်အကြီးစားတစ်ခုဖွင့်လှစ်ခဲ့ဖူးပြီး၂၀၀၇ ခုနှစ်နောက်ပိုင်းတွင် ပိတ်သိမ်းခဲ့ရသည်။

မြွေနှင့် မြွေဟောက်များကို တရုတ်နိုင်ငံသို့ တရားမဝင်သယ် ဆောင်မှုများကို မူဆယ်မြို့နယ် ၁၀၅ မိုင် စစ်ဆေးရေးဂိတ်များ တွင် မကြာခဏဖမ်းဆီးရမိလျက် ရှိသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7Day Daily

ဆန်စီးတိုဟူးပျော့ ချက်နည်းပါရှင် အိမ်မှာချက်တဲ့နည်းပါ












 ၁.ဆန်စီးမုန့်ဖတ်
၂.မြေပဲလှော်ပြီးလေစိတ်ခွဲထောင်းထားပါ
၃.ကြက်သွန်ဖြူကြော်ကိုဆီချက်ထားပါ(ဆနွင်းမထည့်၇ပါ)
၎.နှမ်းကိုဆီချက်ချက်ထားပါ.
၅.ထန်းညှက်ကိုသန့်စင်အောင်ကျိုပါေ၇ှာက်ခေါပတ်ခေါအလုံး၇လျှင်မီးဖုတ်ပြီးထုပြီးထည့်ကျိုပါ
မ၇ှိလျှင်အမှုန့်ပဲထည်လျှင်လည်း၇ပါသည်.
၆.ကြိုက်နှစ်သက်၇ာအသားကိုဆားအချိုမှုန့်တ၇ုတ်မဆလာနယ်ပြီးထားပါ.အိုးထဲဆီထည့်နယ်ထားသောအသားထည့်အေ၇ာင်တင်င၇ုတ်မှုန့်ထည့်ပြီးမွှေပါ.အသားနူးအောင်ေ၇အနည်းငယ်ထည့်ပါ.ဆီထွက်လာလျှင်အသား၇ပါပြီ.
၇.ကြက်သွန်မြိတ်ပါးပါးလှီးထားပါ.
၈.င၇ုတ်ခွဲကြမ်းကိုဆီနဲ့ကြော်ထားပါ.
၉.ပဲမှုန့်အစိမ်းကိုေ၇ဖျော်ပြီးမီးဖိုပေါ်အဆက်မပြတ်မွှေပေးပါအပျစ်အကျဲစိတ်ကြိုက်လုပ်နိုင်ပါသည်
အစိမ်းနံ့ပျောက်လျှင်ဆားအချိုမှုန့်အနည်းငယ်ထည့်ပါအ၇ည်အပျစ်အကျဲစိတ်ကြိုက်၇လျှင်ချထားပါ.(ခဲသွားတတ်သည်အိုးကိုအပူပေးမွှေမွှေပေးပါ.)
ဆန်စီးဖတ်ကိုပြုတ်ပြီးစားမယ့်ပန်ကန်ထဲထည့်
တိုဟူးပျော့ထည့်အချိုမှုန့်ထည့်ပဲငံပြာ၇ည်ထည့်
ဆားေ၇ဖျော်ထည့်လျှင်လည်း၇သည်ကြက်သွန်ဖြူဆိချက်နှမ်းဆီချက်မြေပဲလှော်ထောင်းအချို၇ည်
င၇ုတ်သီးကြော်ကြက်သွန်မြိတ်ထည့်သုံးဆောင်လို့၇ပါပြီ.မုန့်ညှင်းချဉ်ကအစိမ်းချဉ်ပိုလိုက်ပါတယ်
မ၇လို့ပါ.၇တာပဲဝယ်လိုက်တာပါCity martမှာ၇ပါတယ်.

ဖိုးသူတော် (www.phothutaw.com)
Credit:  royal-myanmar

အနောက်တိုင်းစာ ဆော်လမွန် ငါးကျပ်တင်နဲ့ သရက်သီးမှည့် ဆော့စ်

 ဟင်းချက်တယ်ဆိုတာ အိမ်ရှင်မတွေအတွက် နေ့စဉ် လုပ်ရိုးလုပ်စဉ် အလုပ်တခု ဖြစ်လို့ ဘာမှ မထူးခြားပါဘူးလို့ ထင်နိုင်ပေမယ့် တကယ့်ကို ဟင်းချက်ဝါသနာ ပါသူတွေ အတွက်ကတော့ ဟင်းချက်ခြင်းဟာ အနုပညာတခုလိုပါပဲ။ ကပြက်ကချော် ချက်လိုက်တဲ့ ဟင်းတခွက်၊ အစပ်အဟပ် မတည့်တဲ့ ဟင်းတခွက်ကြောင့် ထမင်းပွဲမှာ စိတ်ညစ်ညူးရသလို၊ စနစ်တကျနဲ့ အနုပညာဆန်ဆန် ချက်ပြုတ်လိုက်တဲ့ ဟင်းတခွက်ကြောင့်လည်း တသက်လုံးစွဲအောင် ပြောမဆုံး ဖြစ်ရတတ်ပါတယ်။ ဟင်းချက်တာဟာ အမျိုးသမီးတွေရဲ့ အလုပ်လို့ တချို့က ထင်တတ်ပေမယ့် တကယ်တော့ အမျိုးသမီးရယ်၊ အမျိုးသားရယ်မဟုတ်ဘဲ ဝါသနာပါသူတိုင်းအတွက်တော့ စွဲလမ်းပျော်ရွှင်စရာကောင်းတဲ့ အလုပ်တခု ဖြစ်ပါတယ်။ ဒါကြောင့်ရဲ့ ဧရာဝတီရဲ့ အနုပညာကဏ္ဍမှာ ဟင်းချက်ခြင်း အနုပညာကို စာဖတ်သူတွေ စနေ အားလပ်ရက်မှာ ဖတ်ရှုလေ့လာနိုင်အောင် ချက်နည်းပြုတ်နည်း တမျိုးကို ဖော်ပြပေးလိုက်ပါတယ်။ လျှာရင်းမြက်အောင် ဘာဟင်းချက်ရလဲ စဉ်းစားနေသူတွေ အတွက်ကော၊ နိုင်ငံတကာမှာ ဘာကြောင့် ဒီဟင်းတွေဟာ နာမည်ကြီး ထိုးဖောက် နိုင်တာလဲဆိုတာပါ သိရှိနိုင်ဖို့ ရည်ရွယ်ပါတယ်။

ဒီတစ်ပတ်တော့ အနောက်တိုင်းဆန်တဲ့ ပုံစံလေး ပြောင်းပြီး ဖော်ပြလိုက်ပါတယ်။ အနောက်တိုင်း အစားအစာ တွေမှာ ထောပတ်၊ ခရင် (မ်)၊ နို့တွေအများကြီး ပါတတ်တယ် ဆိုပေမယ့် ကျနော်တို့အတွက် လွယ်ကူမြန်ဆန်ပြီး ကျနော်တို့ အရှေ့
တိုင်းသားတွေနဲ့ သင့်လျော်မယ့် ဒီလိုဟင်းပွဲမျိုးကို ရွေးချယ်စားသုံးမယ်ဆိုရင် အဟာရလည်းဖြစ်၊ ကျန်းမာရေးနဲ့လည်း သင့်လျော်တဲ့ ကယ်လိုရီကို ဖြည့်တင်းပေးနိုင်မှာ သေချာလှပါတယ် …။

ပင်လယ်ငါးသလောက်လို့ ခေါ်ဆိုနိုင်တဲ့ Salmon ကို သရက်သီး အမှည့်လေး ပါဝင်တဲ့ အသုပ်ပုံစံ (Mango Salsa) တို့ကို တွဲဖက် ဖော်ပြသွားပါမယ်။ ဒီသရက်သီးပါတဲ့ အသုပ်လေးက အနောက်တိုင်း စားသောက်ဆိုင်တွေမှာ ရေပန်းစားလှပြီး Grilled Salmon နဲ့အလိုက်ဖက်ဆုံး အတွဲအစပ်လေးလည်း ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အိမ်မှာ အလွယ်တကူ ပြုလုပ်နိုင်ပြီး ကျပ်တင် (သို့) ကင်စားတဲ့ငါးတွေနဲ့လည်း အထူးသင့်လျော် လှပါတယ်။

ရိုးရှင်းလွယ်ကူတဲ့ ချက်နည်းလေးကို လေ့လာကြည့်ကြရအောင်ပါ။

Grilled Salmon Fillet with Fresh Mango Salsa အတွက် ပါဝင်ပစ္စည်းများကို နှစ်မျိုးခွဲ ဖော်ပြပါမယ်။

Grilled Salmon အတွက်

ဆော်လမွန်ငါးအသား (အရိုးမပါ) – ၂ ချပ်
သံပုရာရည် – ၁ ဇွန်း (စားပွဲတင်ဇွန်း)
သံလွင်ဆီ – ၁ ဇွန်း (စားပွဲတင်ဇွန်း)
ဟင်းချက်ဝိုင်အနီ – အနည်းငယ်
ဆား + ငရုတ်ကောင်း – သင့်တော်သလို
ကြက်သွန်ဖြူ နုပ်နုပ်စဉ်း – ၁ ဇွန်း (လက်ဖက်ရည်ဇွန်း)
Presley နုပ်နုပ်စဉ်း – ၁ ဇွန်း (လက်ဖက်ရည်ဇွန်း)

Mango Salsa အတွက်

သရက်သီးမှည့် – ၁ ခြမ်း
ကြက်သွန်နီသေးသေး – ၁ လုံး
ချယ်ရီခရမ်းချဉ်သီး – ၅ လုံး
ပန်းငရုတ်ပွအစိမ်း – ၁ ခြမ်း
သံပုရာရည် – ၁ ဇွန်း (စားပွဲတင်ဇွန်း)
Blasmic Vinegar – ၁ ဇွန်း (စားပွဲတင်ဇွန်း)
ပါစလေ (သို့) နံနံပင် – ၁ ဇွန်း (လက်ဖက်ရည်ဇွန်း)
သံလွင်ဆီ – ၁ ဇွန်း (စားပွဲတင်ဇွန်း)
သကြား – ၁ ဇွန်း (လက်ဖက်ရည်ဇွန်း) (သို့) ပျားရည် ၁ ဇွန်း (စားပွဲတင်ဇွန်း)
ဆား+ငရုတ်ကောင်း – အနည်းငယ်စီ
Sweet basil (သို့) Thyme ရွက်..အနည်းငယ်
သံပုရာသီး – ၂ စိတ် (အလှဆင်ရန်)
ဆလတ်ရွက် (သို့) Rocket leave – အနည်းငယ် (တွဲဖက်ရန်)

ဆော်လမွန်ငါးအသားကို ရေဆေးသန့်စင်ပြီး မီးဖိုချောင်သုံးစက္ကူနဲ့ ရေတွေခြောက်အောင် စုပ်ယူပေးပါ။ နုပ်နုပ် စဉ်းထားတဲ့ Presley ၊ ကြက်သွန်ဖြူ၊ ဆား၊ ငရုတ်ကောင်း၊ သံပုရာရည်၊ ဟင်းချက်ဝိုင်အနီ တို့နဲ့ အရသာနယ်ကာ (၁၅) မိနစ်ခန့် သာမန်ရေခဲသေတ္တာ အခန်းမှာ နှပ်ထားပါ။

အဲဒီအချိန်မှာ Mango Salsa အတွက် လိုအပ်တာတွေထဲက သရက်သီး၊ ကြက်သွန်နီ၊ ပန်းငရုတ်ပွ တို့ကို အရွယ်ညီ လေးတွေ တုံးပြီး ချယ်ရီခရမ်းချဉ်သီး ကိုတော့ ၂ စိတ် (သို့) ၄ စိတ်ခွဲလှီးပါ။

ဖန်ဇလုံ တခုထဲမှာ Mango Salsa အတွက် လိုအပ်တဲ့ အရသာပါဝင် ပစ္စည်းတွေကို ဆော့စ်ရည် အသွင်ဖြစ်အောင် ဖျော်ထားပေးပါ (အသီးတွေတော့ မထည့်ပါနဲ့ဦး)။

ဒါတွေ ပြင်ဆင်ပြီးရင် … ငါးကို စတင်ချက်ပြုတ်ပါမယ်။

Non – Stick Pan တခုမှာ သံလွင်ဆီကို အပူပေးပြီး ဆော်လမွန်ငါး အသား ပတ်ပတ်လည်ကို ရွှေရောင်လေး ရအောင် အပူပေးပါ။ အဲဒီနောက် ဆယ်ယူစစ်ထုတ်ပြီး မီးဖိုအပူခံ ပန်းကန်ပြားမှာ တင်ထားပြီး Oven ဆိုရင် အပူချိန် ၂၅၀ ဒီဂရီ ဖာရင်ဟိုက်နဲ့ ၅ မိနစ်ခန့် Microwave ဆိုရင် ၆၀၀ W နဲ့ ၃ မိနစ်ခန့် အပူပေးပါ။

စပ်ထားတဲ့ ဆော့စ်ရည်ထဲကို သရက်သီး၊ ခရမ်းချဉ်သီး၊ ကြက်သွန်၊ ပန်းငရုတ်ပွတွေ ရောထည့်ပြီး သမအောင် ဖြည်းညင်းစွာ မွှေကာ အရံသင့်ပြင်ဆင်ပါ။

ပြင်ဆင်တော့မယ်ဆိုရင် Meat Plate လို့ ခေါ်တဲ့ ထမင်းစားပန်းကန် အကြီးမှာ ဆလတ်ရွက် (သို့) Rocket Leaves တွေကို ပန်းကန်ပြား တဘက်မှာ ဖြန့်ခင်းပြီး ကင်ထားတဲ့ ဆော်လမွန်ငါး အသားကို ထားပါ။

ဆော်လမွန်ငါး အသားပေါ်ကို ဖျော်စပ်ထားတဲ့ သရက်သီးဆော့စ်ကို လှပစွာ လောင်းချပြီး သံပုရာသီး ၁ စိတ်နဲ့ အလှဆင် ပေးလိုက်ရင် ပြီးပြည့်စုံတဲ့ Grilled Salmon Fillet with Fresh Mango Salsa လေးကို ရင်ခုန်စွာ မြည်းစမ်းကြည့်နိုင်ပါပြီ …။

ဖိုးသူတော် (www.phothutaw.com)
Credit:  burma.irrawaddy

မြန်မာဈေးကွက်အတွင်း ၀င်ရောက်နေသော ကျွဲရိုင်းဘူး အတုများကို ပင်မကုမ္ပဏီက တာဝန်ရှိသူများ ရှောင်တခင် ၀င်ရောက်စစ်ဆေး

ထိုင်းနိုင်ငံမှ ထုတ်လုပ်ပြီး မြန်မာ နိုင်ငံတွင် Food Tech Co., Ltd မှ တရားဝင် ဖြန့်ဖြူး ရောင်းချလျက် ရှိသော Red Bull (ကျွဲရိုင်း) အားဖြည့် အချိုရည် ဈေးကွက် အတွင်းသို့ တရုတ်နိုင်ငံ နယ်စပ် များမှ တစ်ဆင့် Red Bull (ကျွဲရိုင်း) အားဖြည့် အချိုရည် အတုများ တရားမဝင် ဝင်ရောက် လာသဖြင့် အချိုရည် အတုများကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ နှင့် ထိုင်းနိုင်ငံ ပင်မကုမ္ပဏီ တို့ ပူးပေါင်း၍ မန္တလေး မြို့ပေါ်ရှိ အရောင်းဆိုင် များသို့ ရှောင်တခင် ဝင်ရောက် စစ်ဆေး ခဲ့ကြောင်း သိရသည်။

ကျွဲရိုင်း အချိုရည်ဘူးများ ပုံစံတူ အတုအပများ ဝင်ရောက်လာ နေခြင်းမှာ နှစ်အနည်းငယ် ခန့်ရှိပြီ ဖြစ်ကြောင်း စားသုံးသူ များက ပြောပြသည်။ ယခင် ကျွဲရိုင်း အချိုရည်ဘူး များကို နယ်စပ်မှ တစ်ဆင့် အောက်လိုင်း ဝင်ရောက်မှု များသဖြင့် အတု၊ အစစ် ခွဲခြားရန် ခက်ခဲပြီး ကုန်သည် အများစု၏ လက်ဝယ်မှ တစ်ဆင့် ဈေးကွက်တွင် ဖြန့်ဖြူး နေခြင်း ဖြစ်ကြောင်း သိရသည်။

၂ဝ၁၄ ခုနှစ် မတ်လမှ စတင်၍ မြန်မာနိုင်ငံ အတွက် တစ်ဦးတည်း ကိုယ်စားလှယ် အဖြစ် Food Tech Co., Ltd မှ ဖြန့်ဖြူး ခဲ့ပြီးနောက် အထက်ပါ ပစ္စည်းအတု များကို ထိရောက်စွာ အရေးယူမှု ပြုလုပ် လာနိုင်ကြောင်း၊ ထို ပစ္စည်းအတု များမှာ ရန်ကုန်မြို့ အနီးတစ်ဝိုက်၊ မန္တလေးမြို့ နှင့် အခြားမြို့ကြီး များသို့ လည်း ပျံ့နှံ့လျက် ရှိကြောင်း သိရသည်။

  ဈေးကွက် ထဲတွင် အတု၊ အစစ် ရောပြီး ရောင်းနေသည့် ဆိုင်များ တွေ့ရကြောင်း၊ ထို့ကြောင့် စစ်ဆေး သိမ်းဆည်းမှုများ ပြုလုပ်နေကြောင်း၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် ပူးပေါင်း၍ ဥပဒေနှင့် အညီ ထိရောက်စွာ ဆက်လက် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း Food Tech Co., Ltd မှ တာဝန်ရှိသူ တစ်ဦးက ပြောပြသည်။

လတ်တလော အခြေအနေတွင် ဆိုင်ခန်းရှင် များအား အချိုရည်ဘူး အစစ်နှင့် အတု ကွာခြားမှု များကို ယှဉ်တွဲပြသ၍ Product Knowledge ပေးလျက်ရှိပြီး တရားဝင် လုပ်ကိုင်လျက် ရှိသည့် ကုမ္ပဏီများ ဖြစ်သည့် အတွက် အတုပြုလုပ် ရောင်းချ သူများကို ဥပဒေနှင့် အညီ အရေးယူမှုများ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။ (၃၃၁)

ဖိုးသူတော် (www.phothutaw.com)
Credit: PyiChitThar

သဘာဝကို အပြည့်အ၀ စားသုံးရခြင်း

နံနက် မိုးလင်းပြီ ဆိုတော့ ဘုရားရှိခိုး ပြီးသည်နှင့် လုပ်နေကျ အလုပ်တစ်ခုက အိမ်ရှင်မ ပီပီ မီးဖိုခန်းသို့ ဝင်ရခြင်း ပါပဲ။ လုပ်နေကျ အလုပ်ထက် အိမ်ရှင်မ တစ်ယောက်ရဲ့ တာဝန်ဆိုလျှင် ပိုမှန်မှာပါ။ အလုပ်တစ်ခုက လုပ်နေကျ ဆိုလျှင် ပုံမှန် ဘယ်အချိန်မှာ ဘာလုပ်မည် ဘယ်လို လုပ်မည်၊ စီစဉ်ထား၍ ရသည်။ သည် အချက်အပြုတ် ဆိုသည့် တာဝန်မှာ ပုံမှန် စီစဉ် ထားလို့မရ။ ယနေ့ ဝယ်ထားသော အသီးအနှံများ မနက်ဖြန် ကောင်းချင်မှ ကောင်းမည်။ အသီးအနှံ အဆင်ပြေလျှင် ဟင်းရွက်များ နွမ်းချင် နွမ်းနေမည်။ အခြေအနေ အရ ကြိုတင် စီစဉ်လို့မရ။ သင့်တော် သလို အိမ်ရှင်မပီပီ ဉာဏ်ကစား၍ စီမံ ချက်ပြုတ် ရသည်။

ချက်ပြုတ်ရန် အတွက် ဟင်းသီး ဟင်းရွက်များ စီမံရန် ရေခဲသေတ္တာ ကို ဖွင့်လိုက်သည် ဆိုလျှင်ပဲ စိတ်မချမ်းမြေ့ စရာနှင့် ကြုံရသည်။ မြင်ရသည့် မြင်ကွင်းက မသက်သာ။ အရင် နှစ်ရက်က ဝယ်ထားသော အသီးအနှံ များမှာ ကျုံ့နေလေပြီ။ အချို့ ဟင်းရွက်များမှာ ရိနေပြီး အချို့မှာ တစ်ခုနှင့် တစ်ခုထိကာ ပုပ်မလို ဖြစ်နေသည်။ ဝယ်ထားတာ နှစ်ရက်ပဲ ရှိသေးသည်။ ဝယ်တုန်း ကလည်း လတ်လတ် ဆတ်ဆတ်များကို ရွေးဝယ် ထားခြင်း ဖြစ်သည်။ ထားတာက လည်း အိတ်နှင့် ထည့်ကာ ဖြစ်သလို စုထည့်ထားခြင်း မဟုတ်။ သေချာ သပ်သပ်ရပ်ရပ် ရေဆေးပြီးမှ ထည့်ထားခြင်း ဖြစ်သည်။ ယခင် တစ်ပတ် ကလည်း ယခုကဲ့သို့ ဖြစ်သဖြင့် မေမေ၏ ဆူပူခြင်းကို ခံရသည်။ ရေမဆေးဘဲ ထည့်ခြင်းကြောင့် ယခုလို ဖြစ်သည်ဟု ဆိုကာ ရှေးလူကြီး ပီပီ ဆူလိုက်သည့် ဖြစ်ခြင်း။ ထို့ကြောင့် ဒီတစ်ခေါက် ရေဆေးပြီး ထည့်ဖြစ်သည်။ သို့သော်လည်း ထူးမခြားနား ပါပဲ။ သည်အတိုင်း ဆိုလျှင် မေမေတွေ့လျှင် ဘာပြောဦး မလဲ မသိပါ။

တကယ်တော့ မေမေ ကံကောင်းခဲ့ ပါသည်။ အသက် ခြောက်ဆယ် ကျော်သည်တိုင် ကျန်းမာ သန်စွမ်းလျက် ရှိသည်။ ဘာရောဂါမှ မဖြစ်ဘဲ နေနိုင်သည်။ အသားအရေ ကအစ ကောင်းမွန်သည်ဟု ပြောရမည်။ မေမေ တို့ စားသုံးခဲ့သော အစားအစာ သုံးပုံနှစ်ပုံ လောက်မှာ သဘာဝ စစ်စစ် များဖြစ်သည်။ မေမေတို့ ခေတ်ကို တွေးပြီး ကျွန်မ မနာလို ဖြစ်မိသည်။ မေမေတို့ ခေတ်မှ လူအတော် များများသည် သဘာဝ တရားမှ ရသော သဘာဝ အရသာများကို အပြည့်အဝ စားသုံးခွင့် ရကြသည်။ စားသုံးခွင့် ရသည့်အလျောက် တန်ဖိုးလည်း ထားကြသည်။ သဘာဝ ကိုလည်း ချစ်မြတ်နိုး ကြသည်။ မိမိစားဖို့ရန် အတွက် ကိုယ်တိုင် စိုက်ပျိုး ကြသည်က များပြီး အပြင်မှ အသားငါး လောက်သာ ဝယ်စား ကြသည်။ ယနေ့ ကျွန်မတို့ ခေတ်လို့ ပြောရမည့် အချိန်တွင် ကိုယ်တိုင် စိုက်ပျိုးဖို့ ဝေးစွ သူများ စိုက်ထား သည်ကို အလျင်အမြန် အပြေးအလွှား ချက်ပြုတ် စားကြ ရသည်။

ဘယ်အရာမှ ပိုးသတ်ဆေး အားတိုးဆေး များနှင့်မကင်း။ ထိုဆေးဒဏ် များကြောင့် လူများမှာလည်း ဆိုးကျိုးများ ကိုသာ ခံစားကြ ရသည်။ အသီး အရွက်၏ အာဟာရထက် ပိုးသတ်ဆေး အားတိုးဆေး များ၏ အရသာ ကိုသာ ပိုမိုခံစားကြ ရသည်။ ယခင်နေ့ ကလည်း ပဲတောင့်ရှည် ကို ကြော်စားရန် လှီးပြီးရေဆေး လိုက်သည်။ ခါတိုင်း နည်းတူ ရေကြာကြာ မစိမ် ဖြစ်တော့။ အချိန် နောက်ကျ နေသည့် အတွက် ချက်ချင်း ရေဆေးကာ ကြော်လိုက် ရသည်။ ထမင်းစားတော့ ခါးသက်သည့် အရသာမှာ ပဲသီးနှင့် အတူ ပါလာသည်။ ပဲတောင့်ရှည် ခါးတာ မကြားဖူး။ ကြော်ထား တာလည်း မတူးပါ။ မေမေ့ကို ပြကြည့်တော့ ရေအကြာကြီး မစိမ်သည့် အတွက် ဆေးဓာတ် မပြယ် သောကြောင့် ဖြစ်သည် ဆိုတာ သိရသည်။ ဆီ၊ ဆား၊ ကြက်သွန် အစုံ ထည့်ထားသော ပဲသီးကြော် တစ်ခွက် ဝက်စာပုံး ထဲသို့ ရောက်လေပြီ။ ထို ပဲသီးများကို စားသောဝက်များ ထို့နောက် ထိုဝက်သား များကို စားသော လူများ။ ဘုရားဘုရား သည်သံသရာ လည်တာ ကြီးကို မစဉ်းစားတာ ကောင်းမည်။

အဒေါ် တစ်ယောက်က ပြောဖူးသည်။ '' ဝက်တွေ ကြက်တွေ အသား တိုးအောင် ဆေးတွေနဲ့ လုပ်တော့ အဲဒီဝက်တွေ ၊ ကြက်တွေ အသားတိုး မတိုးတော့ မသိဘူး။ လူတွေကတော့ အသားတွေ တိုးလာတယ် ... '' ဟု ပြောသည်။ ဟုတ်မှာ ပါပဲဟု ကျွန်မ ဖြေမိသည်။ သဘာဝ တရားကို တန်ဖိုး မထားသော ကျွန်မတို့ကို သဘာဝ တရားရဲ့ ဒဏ်ခတ်ခြင်း ပဲလား။

လတ်လတ် ဆတ်ဆတ် ဆေးဖျန်း ထားသော အသီးကြီးကြီး များကို စားမည့်အစား သဘာဝ စစ်စစ် အရသာနှင့် အသီးသေးသေး များကိုသာ စားချင် ပါသည်ဟု ပြောလျှင် ယနေ့ တိုးတက် နေသော ခေတ် ရေစီးကြောင်း တွင် လွန်နေ မည်လား။ မည်သို့ပင်ဆိုစေ သဘဝကို အပြည့်အဝ စားသုံး ခဲ့ရသော အမေတို့ ခေတ်ကို တွေးကြည့်ရင်း တသသ ဖြစ်ရသည်မှာ တော့ အမှန်ပင် ဖြစ်သည်။ မဖြစ်နိုင်တာကို တမ်းတနေရုံ နှင့်မဖြစ်။ အိမ်သားများ အဆင်ပြေ စေရန် ဖြစ်နိုင် သေးသော အသီးအနှံ များကို ရွေးကာ ဟင်းလျာ တစ်ခွက် ချက်ရ ပေဦးမည်။

ဖိုးသူတော် (www.phothutaw.com)
Credit: Yadanarpondaily

တောင်ကိုးရီးယားနိုင်ငံရဲ့ နွေရာသီအစားအသောက်ပြိုင်ပွဲများ ကျင်းပ


ယမန်နေ့ ၂၈ ရက်နေ့ဟာဆိုရင် တောင်ကိုးရီးယားနိုင်ငံရဲ့ ကျန်းမာရေးအတွက် ကောင်းမွန်သော အစားအသောက်များစားသုံးခြင်း ရက်သတ္တပတ်နေ့ရက်တစ်ရက်ပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့်မို့လို့ နိုင်ငံတစ်ဝန်းလုံးက ပြည်သူတွေက အာဟာရရှိတဲ့ အစား အသောက်စားသုံးခြင်းတွေကို ပွဲတော်တစ်ခုလို ယှဉ်ပြိုင်ပြုလုပ်ခဲ့ကြပါတယ်။

နွေရာသီရဲ့ပူပြင်းတဲ့ အပူချိန်အောက်မှာ ရင်ကိုအေးမျှသွားစေနိုင်လောက်တဲ့ အစား အသောက်တွေကို စားသုံးရင်းအပန်းဖြေပျော်ပွဲရွှင်ပွဲတွေ ပါဝင်ဆင်နွှဲနိုင်ဖို့ ဆိုးလ်မြို့ တော်ရဲ့ အခမ်းအနားကျင်းပရာနေရာတစ်ခုမှာ ပြိုင်ပွဲ အစီအစဉ်တစ်ခု ပြုလုပ်ထား ပါတယ်။ နောက်ပြီးတော့ ကျန်းမာရေးကောင်းမွန်ဖို့အတွက်လည်း ကြက်သားနဲ့ ဂျင် ဆင်း ကြက်ပေါင်းရည် တိုက်ကျွေးပွဲတွေလည်း ပါဝင်ထည့်သွင်းထားပါတယ်။

ပါဝင်ယှဉ်ပြိုင်တဲ့ အမျိုးသားလေးဦးဟာဆိုရင် ဖရဲသီးတစ် ယောက်တစ်စိတ်စီကို ပေးထားတယ်။ ခြေထောက်အောက်မှာလည်း ရေခဲတုံးကိုခုထား ခိုင်းပါတယ်။ ကဲ ဘယ်လောက်အေးလိုက်မလဲ။ ဒါကတော့ သူတို့ရဲ့ ရိုးရာဓလေ့ထုံးတမ်းအရလည်း အပူချိန်ကိုသက်သာစေရန်အတွက်လည်းဖြစ်တယ်လို့ ဆိုပါတယ်။

သူတို့သုံးဦးက ဖရဲသီးကို ဘယ်သူအရင်ကုန်နိုင်မလဲနဲ့ ခြေထောက်ကအအေးဒဏ်ကိုလည်း ဘယ် လောက်ထိခံနိုင်မလဲဆိုတာကိုပေါ့။

အမြဲလိုလို အေးစက်တဲ့ ရာသီဥတုရှိတဲ့နိုင်ငံရဲ့ ရာသီဥတုကြောင့် ဒီလောက် အအေး ဒဏ်လေးကတော့ အသာလေးပဲလို့တော့ ထင်မိပါတယ်။ ကျွန်တော်တို့ အပူပိုင်းသား တွေအတွက်တော့ အရိုးအက်ကွဲလောက်သွားထိအောင်ကို အေးစက်နေမှာကတော့ အမှန်ပါပဲ။


Credit: ဖိုးသူတော် (www.phothutaw.com)
ဖိုးသူတော် Team မှ ဘာသာပြန်သည်။

တရုတ်ပြည်က မိချောင်းသားဒုတ်ထိုး အရသာရှိဟု စားသုံးသူများဆို

တရုတ်လူမျိုးပါလို့ပြောလိုက်ရင် သူတို့ရဲ့ ၀မ်းဗိုက်က အစားအားလုံးကို လက်ခံတတ် ကြပါတယ်။ ဘာအသားကို စားရမလဲ အကုန်စားပါမယ်။ ခွေးသားလား၊ ကြောင်သား လား၊ မြွေသားလား၊  ဘယ်အသားစားမလဲ မမေးပါနဲ့ ယူသာလာခဲ့ပါ။ အားလုံးကို အရသာရှိရှိနဲ့ စားလို့ရအောင် အကောင်းဆုံး ဖန်တီးချက်ပြုတ်ကျွေးမွေးပေးပါမယ်လို့  ကတိပြုပါတယ်။

တရုတ်အရှေ့မြောက်ပိုင်း လီရာအိုနင်းပြည်နယ် ရှန်ယန်းလမ်းသွယ်ထဲမှာရှိတဲ့ အစားအ သောက်ရောင်းတန်းတစ်ခုရဲ့ ဆိုင်တစ်ဆိုင်ဗန်းပေါ်မှာတင်ထားတာက အကောင်ပေါက် အရွယ်အစားရှိတဲ့ မိချောင်းပေါက်တစ်ကောင်ပါ။ အဲ့ဒီအကောင်က အအေးခံထားတဲ့ ရေငွေ့တထောင်းထောင်းထနေလေရဲ့။ မြင်တာနဲ့တင်ကြက်သီးထမိပါတယ်။

ဆူးတောင်မည်းမည်း ဘုတွေထောင်ထောင်ထနေတဲ့ အကောင်ကို ကိုယ်လုံးပိုင်းတစ် ၀က်မှာ အရေခွံလှန်ထားပြီးတော့ လာရောက်စားသုံးတဲ့ သူတွေစိတ်ကြိုက် အသား ပိုင်း အစတွေကိုလှီးပြီးတော့ ဒုတ်ချောင်းနဲ့ ထိုးပြီး မိချောင်းသားဒုတ်ထိုး နဲ့တည်ခင်းဧည့်ခံ ပါတယ်။

လတ်လတ်ဆတ်ဆတ် အသားစိမ်းကို စွပ်ပြုတ်လို အရသာပေါင်းခံရည်ထဲမှာပြုတ်ပြီး တော့ ကျက်လောက်ပြီ အသားနူးပြီဆိုရင်တော့ အချဉ်လို၊ဆော့လို ငရုတ်သီး၊ခရမ်းချဉ်၊ ကြက်သွန်ဖြူတို့ကိုရောစပ်ထားတဲ့  ခပ်ပျစ်ပျစ်အရည်နဲ့တို့ကာ တို့ကာ သုံးဆောင် ရင် အရမ်းအရသာရှိတယ်လို့ စားသုံးသူတွေက ဆိုပါတယ်။ ဒီလို ဒုတ်ထိုး ပွဲတစ်ပွဲကို ယွမ် ၂၀ ပေးရတယ်လို့လည်း သိရပါတယ်။

Credit: ဖိုးသူတော် (www.phothutaw.com)
ဖိုးသူတော် Team မှ ဘာသာပြန်သည်။

အမျိုးသမီးအတွင်းခံဘောင်းဘီလား ၊ သစ်တော်သီးလား ၊ ဘာလား ...??

ထစ်ခနဲ အသစ်အဆန်းဆို အတွေးထဲမှာ ဖျက်ခနဲသိလိုက်တာက ဒါက တရုတ်ကလား ဆိုတာကိုပေါ့။ ဟုတ်ပါတယ်။ ကမ္ဘာ့လူဦးရေအများဆုံးထဲမှာ ထိပ်ဆုံးစာရင်းဝင်တဲ့ နိုင်ငံဖြစ်သလို လူဦးရေလည်းများ အရာဝတ္ထုပစ္စည်းအသုံးအဆောင်တွေအများဆုံး တီထွင်တာလည်း သူတို့ပါပဲ။ ကြံကြံဖန်ဖန်တွေ တီထွင်တတ်တဲ့ လူမျိုးလို့လည်း ဆိုရမှာပေါ့ ။

အခုလည်း ထွင်လိုက်ပြန်ပါပြီ။ ဈေးဗန်းထဲမှာ ခင်းကျင်းရောင်းချထားတဲ့ ပစ္စည်းက မြင်ရသူကို တစ်ပြန်လှည့်ပြန်ကြည့်ရလောက်ပါတယ်။ တစ်ခါတည်းကြည့်ရုံနဲ့တော့ ဘာပစ္စည်း၊ ဘယ်ပစ္စည်းကိုရောင်းချတာလဲ ဆိုတာမသိနိုင်တော့ ပိုင်ရှင်ကိုမေးကြည့်ရ တော့မှာပါ။
တရုတ်ပြည်အရှေ့ပိုင်း ဂျန်စုပြည်နယ်၊ နင်ဂျန်းမှ သစ်သီးဒိုင်ပိုင်ရှင်က
 သူ့ရဲ့သစ် တော်သီးအရောင်းမြှင့်တင်ရေးအတွက် ဒီလိုစိတ်ကူးကိုတီထွင်လိုက်တာပါ။

လူ့ တင် သားပုံသဏ္ဍာန်ရှိတဲ့ သစ်တော်သီးတွေကို အတွင်းခံတစ်ထည်လိုချုပ်ထားတဲ့ ဇာပိတ်စ အပါးလေးတွေနဲ့ ပတ်ပေးထားတာက တကယ့်ကို အမျိုးသမီးပျိုလေးတွေရဲ့ နူးညံ့လုံး အိနေတဲ့ တင်သားလှလှလေးတွေလို မဟုတ်ပါလား။ ပုရိသတွေအတွက်တော့ တကယ့် ကို စိတ်လှုပ်ရှားသွားစေမှာပါ။

စားစရာအသီးအနှံဖြစ်တဲ့ ဒီသစ်တော်သီးတွေကို အလုံးအရွယ်အစားမျိုးစုံမှာ အတွင်းခံ ဘောင်းဘီအရောင်အသွေးအစုံအလင်နဲ့ပတ်ပေးထားတာက မြင်ရသူအဖို့ အမြင် ပသာဒဖြစ်စေတဲ့အတွက် လူအများစိတ်ဝင်စားလျှက်ရှိကာ အရောင်းလည်းသွက်နေ ပါတယ်။

ကတ်တ္ထုစက္ကူဖာထဲမှာ သန့်ရှင်းလတ်ဆတ်ပြီးအရောင်အသွေးစုံလင်ကာ အရသာရှိရှိစားသုံးနိုင်မယ့် သစ်တော်သီးလေးငါးလုံးထည့်ထားတဲ့ တစ်ဖာကို  အမေ ရိကန်ဒေါ်လာနဲ့တွက်ကြည့်မယ်ဆိုရင် ၄၈ ဒေါ်လာကျော်ကျော် ဈေးနှုန်းနဲ့ရောင်းချ ပါတယ်။


Credit: ဖိုးသူတော် (www.phothutaw.com)
ဖိုးသူတော် Team မှ ဘာသာပြန်သည်။