
အမေရိကန်နိုင်ငံက သုတေသီတို့ လေ့လာတွေ့ရှိထားတဲ့ စစ်တမ်းတစ်ခု ရလဒ် ဖြစ်ပါတယ်။ ယင်း ရလဒ် အရ မိုဘိုင်းဖုန်း Text Message ပို့ခြင်းက ဥာဏ်ပိုမိုကောင်းမွန်စေကြောင်း သိရ ပါတယ်။
ဥာဏ်ကောင်းစေရုံသာမက အင်္ဂလိပ်စာ အရေးအသားကိုပါ ကောင်းမွန် လာစေမယ့် နည်းလမ်း တစ်ခုလို့ ဆိုပါတယ်။ အတို ရေးသားရန် ဦးနှောက် က တွေးတောပြီး စာတစ်ကြောင်းထဲနဲ့ အားလုံး ဆိုလို ရင်းရောက်အောင် ရေးဖို့ ကြိုးစားကြတာမို့လို့ ဖြစ်ပါတယ်။ ဒါကြောင့်မို့ စာရေးနေစဉ် ဦးနှောက်က အလုပ် ပိုလုပ်ရပြီး တစ်ဖက်က ပြန်စာကို ဖတ်ချိန်မှာလည်း အာရုံစူးစိုက်မှု ပိုပေး ရပါတယ်။ ဒါကြောင့်မို့ Text Message ပို့ခြင်းက ဥာဏ်ပိုကောင်းစေခြင်း ဖြစ်ပါတယ်။ အင်္ဂလိပ်လို Formal sentence များရအောင် ရေးသားခြင်းကလည်း အင်္ဂလိပ်စာ အရေးအသား သဒ္ဒါတိုးတက်စေကြောင်း တွေ့ရှိပြန် ပါတယ်။
ဒါကြောင့်မို့ မိုဘိုင်းဖုန်းမှ တစ်ဆင့် Text Message ပို့ခြင်းက ဦးနှောက် ဖွံ့ဖြိုးမှုအတွက် အထောက်အကူ ပြုစေတယ်လို့ လက်ခံထားကြကြောင်း သိရ ပါတယ်။
.
Ref: mashable
Aung Kham ( www.innewsmyanmar.com )
ကျွန်တော်တင်သမျှပိုစ့်တွေ Facebook ကနေရယူချင်တယ်ဆိုရင် ဒီမှာ Like နှိပ်ပါ။
No comments:
Post a Comment