ဆမ်ဆောင်းကတော့ galaxy ဆိုတဲ့အတိုင်း ကမ္ဘာမြေကို လွှမ်းခြုံနိုင်ဖို့
ထမ်မံဆင်းသက် လာတာကတော့ galaxy golden ပါပဲ။ ယခင်ထွက်ရှိပြီး ဖြစ်တဲ့
Samsung Hennessy မျက်နှာပြင် နှစ်ဖက်ပါ စမတ်ဖုန်းကို ထုတ်လုပ်ပြီး
Hennessy ထက် အရည်သွေးမြင့်တဲ့ Galaxy Golden ကိုယခုလို မိတ်ဆက် လိုက်တာပါ။
သာမန် စမတ်ဖုန်းတွေလို စွမ်းဆောင်ရည်မျိုးနဲ့ ထွက်ရှိလာပြီး
ထိတွေ့ မျက်နှာပြင်၊၃.၇ လက်မ အရွယ်အစားနဲ့ ထွက်ရှိ ထားတာပါ၊၊ Android
Version 4.2 Jelly Bean အဆင့် ရှိပါတယ်။
ထပ်မံသိရှိရတဲ့
အချက်အလက်အရ Processor 1.7GHz Dual-core အသုံးပြု ထားပြီး ကင်မရာ 8MP
နဲ့ရှေ့ကင်မရာ 1.9MP အသုံးပြုပေးထား ပါတယ်။ Keypad ဒီဇိုင်းခေါက်
ဖုန်းပုံစံ၊ မျက်နှာပြင် နှစ်ဖက်ပါ၊ စမတ်ဖုန်းလို့ ဆိုရမယ့် Galaxy တန်းဝင်
Samsung Galaxy Golden ကိုယခုလိုမြင်တွေ့ ရမှာဖြစ်ပြီး ဈေးနှုန်းကိုတော့
ပြောဆိုထားခြင်းတော့ မတွေ့ပါဘူး။
ထွက်ပေါ်နေတဲ့ သတင်းများ အရတော့
တောင်ကိုရီးယား ပြည်တွင်းအသုံးပြု ဖို့အတွက်သာ ထုတ်လုပ် တယ်လို့
ဆိုထားပါတယ်။ ထို့ပြင်ယခင်က မိတ်ဆက်ထားတဲ့ Samsung Hennessy ကိုလည်း
တရုတ်ပြည်မှာ ဖြန့်ဝေဖို့သာ ထုတ်လုပ်ထားတာ ဖြစ်တယ်လို့ သိရပါတယ်။
Ref:gadget
Khun Nay(August Myanmar Media Grooup)
မူရင်း
No comments:
Post a Comment