Monday, July 21, 2014

ကွန်ပျူတာစာအုပ်များ စုစည်းထားတာပါ

  
 
  1.  ဦးအောင်လင်း Windows-7 အသုံးပြုနည်းလက်စွဲ မြန်မာလို
  2. ကွန်ပြူတာအမေးအဖြေ
  3. Zawgyi Mobile Keyboard
  4. မြန်မာနိုင်ငံ အီလက်ထရောနစ်ဥပဒေ
  5. သာလွန် Myanmar Windows ကို Virtual Box နဲ့သုံးရအောင်
  6. သတင်းအချက်အလက်ဆက်သွယ်ရေးစနစ် Networking
  7. အင်တာနက် သုံးစွဲသူများအတွက် အသိပေးချက် ၈ ချက်
  8. ကွန်ပြူတာပြုပြင်ထိမ်းသိမ်းခြင်းနှင့် စနစ်စီမံခန့်ခွဲခြင်း
  9. Windows Server 2003
  10. Starting photo Shop CS
  11. Program
  12. Photo Impact
  13. Microsoft Frontpage 2002
  14. Making_Blog
  15. Learning CSS By Saturngod
  16. HTML မိတ်ဆက်
  17. dll as an app ပြဿနာ -၂
  18. dll as an app ပြဿနာ - ၁
  19. Data Communication
  20. Creating Web Page
  21. About Adobe Acrobat
  22. C++ Complate 3
  23. C++ Complate 2
  24. C++ Complate 1
  25. Start Manu ကိုအရှိန်မြှင့်လိုက်ပါ
  26. Windows 7
  27. ကွန်ပျူတာဘတ္တရီနှင့် ဖုန်းဘတ္တရီတွေဘာကြောင့်တာရှည်မခံရသလဲ
  28. Word Press ဘလော့ဂ် ပြုလုပ်တည်ဆောက်ခြင်း
  29. Windows ကို Update ဘယ်လိုပိတ်ရမလဲ
  30. Windows XP မိမိရဲ့အိတ်ထောင်ထဲကို ထဲ့ယူသွားလို့ရတဲ့ Portable window များပြုလုပ်ခြင်း
  31. Video Editing သင်ခန်းစာ
  32. Question - Answers ကွန်ပြူတာအမေးအဖြေများ
  33. Photoshop မှတ်စုများ
  34. PhotoShop 7.0 ပိုတိုရှော့စာအုပ်
  35. PageMaker 7.0 အသုံးပြုနည်းမြန်မာလို
  36. Networt ကွန်ပြူတာမှ ကွန်ယက်ဆီသို့
  37. Microsoft Word 2002 အသုံးပြုနည်းမြန်မာလို
  38. Microphone နဲ့ အိပ်နေရင်း ကွန်ပျူတာကိုအသုံးပြုနိုင်
  39. Making Blog လုပ်ရန် လိုအပ်တာများ ပြင်ဆင်ခြင်း
  40. IPhone အတွက်မြန်မာအင်္ဂလိပ်အဘိဓာန်
  41. IPhone တစ်လုံးကို Unlock Upgrade ပြုလုပ်နည်း
  42. HTML ကိုလေ့လာမယ် Webside ပြုပြင်နည်း
  43. Hardware Basic ကွန်ပြူတာတပ်ဆင်ပြုပြင်ထိမ်းသိမ်းနည်း
  44. Gmail အသုံးပြုခြင်းနှင့် Gtalk အသုံးပြုနည်းများ
  45. အကောင်းဆုံးကွန်ပြူတာပြုပြင်ခြင်းအခြေခံနည်းစနစ်များ
  46. Computer English ကွန်ပြူတာသုံးစွဲသူတိုင်းအတွက်အင်္ဂလိပ်စာ
  47. Digital Photography အဆင့်မြင့်ဒီဂျစ်တယ်ဓါတ်ပုံပညာ
  48. 2-Myo Thu Ya နေ့စဉ်သုံးအင်တာနက်သုံးစွဲသူအတွက်
  49. Laptop တစ်လုံးဝယ်လျှင် ကြိုတင်လေ့လာသင့်သည်များ
  50. မြန်မာဘလော့ဂ် တစ်ခု ပြုလုပ်ပုံအဆင့်ဆင့်
  51. Computer Book   C_အခြေခံများအကြောင်း
  52. AutoCAD_2002 Myanmar Book
  53. A+ Compuret အသေးစိတ်သိစရာများ (U Zaw Lin)
  54. Autocad_2005 Myanmar Book
 credit နေမင်းအလင်း 

ဓမ္မနှင့်စာပေနန်းတော်သို့လာရောက်သူအပေါင်းကိုယ်စိတ်နှစ်ဖြာ ကျန်းမာလို့ ချမ်းသာကြပါစေ.. ရှာဖွေစုဆောင်းထားသမျှတရားတော်များအားအားလုံးနာကြားပူဇော်နိုင်ရန်အလို့ငှါ ပြန်လည် စုစည်းတင်ပြထားပါသည်...ဗုဒ္ဓတရားတော်များနဲ့တစ်ကွ စာရေးဆရာများ၏ ရသ စာပေများကိုလည်း ဖတ်ရှု ခံစားနိုင်ပါတယ်နော်... ဖတ်လိုသောစာပေများအား C-Box တွင်ရေးသားတောင်းဆိုခဲ့နိုင်ပါတယ်..... လေးစားစွာဖြင့် အောင်အောင်(မကစ) **************************************
ဘလော့ခရီးသည်သို့ { ဒီမှာ } သွားလိုက်ပါ
လယ်တီမြေသားသို့{ ဒီမှာ } သွားလိုက်ပါ
စာပေနန်းတော်သို့{ ဒီမှာ } သွားလိုက်ပါ

fb လေး like ပေးခြင်းဖြင့်အားပေးပါနော် ခုလိုကျွန်တော်ဆိုက်လေးဝင်ရောက်အားပေးတဲ့အတွက်ကျေးဇူးအထူးတင်ပါတယ် - See more at: http://hlakooo999.blogspot.com/2014/07/using-facebook-155mb.html#sthash.8Ltshmh6.dpuf

Using Facebook [15.5Mb]

 ဇော်လင်း(Youth)
ဓမ္မနှင့်စာပေနန်းတော်သို့လာရောက်သူအပေါင်းကိုယ်စိတ်နှစ်ဖြာ ကျန်းမာလို့ ချမ်းသာကြပါစေ.. ရှာဖွေစုဆောင်းထားသမျှတရားတော်များအားအားလုံးနာကြားပူဇော်နိုင်ရန်အလို့ငှါ ပြန်လည် စုစည်းတင်ပြထားပါသည်...ဗုဒ္ဓတရားတော်များနဲ့တစ်ကွ စာရေးဆရာများ၏ ရသ စာပေများကိုလည်း ဖတ်ရှု ခံစားနိုင်ပါတယ်နော်... ဖတ်လိုသောစာပေများအား C-Box တွင်ရေးသားတောင်းဆိုခဲ့နိုင်ပါတယ်..... လေးစားစွာဖြင့်
<<< မန်ဘာဝင်ပြီး... အားပေးကြပါနော် >>>
%%% www.ninilayy.com %%%
fb လေး like ပေးခြင်းဖြင့်အားပေးပါနော် ခုလိုကျွန်တော်ဆိုက်လေးဝင်ရောက်အားပေးတဲ့အတွက်ကျေးဇူးအထူးတင်ပါတယ်

ဘလော့ခရီးသည် ဖန်တီးနေသူ ဘလော့ဂါ ကိုအောင်အောင် နှင့် အင်တာဗျူး

 
မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာမှ စာဖတ်သူများ အားလုံးမင်္ဂလာပါ ခင်ဗျာ။ ဒီတစ်လ အင်တာဗျူး အစီအစဉ်မှာ ဘလော့ခရီးသည် ဘလော့လေးကို ဖန်တီးနေသူ ဘလော့ဂါ ကိုအောင်အောင် (မကစ) နဲ့တွေ့ဆုံပြီး သူရဲ့လုပ်ဆောင်ချက် တစ်ချို့ကို ပြည့်ပြည့်စုံစုံ သိရှိနိုင်ဖို့အတွက် ကိုအောင်အောင် နေထိုင်ရာ မလေးရှားနိုင်ငံ ကွမ်တန်းမြို့ကို သွားရောက်ပြီး အင်တာဗျူး အစီအစဉ်ကို တွေ့ဆုံမေးမြန်း ဖြစ်ခဲ့ပါတယ်။ 
ဘလော့ဂါ ကိုအောင်အောင်ဟာ ဘလော့ဂါပိုင်းကို လေ့လာနေသူများ ၊ အခြေခံ ဘလော့ပိုင်း ၊ ဝဘ်ဆိုဒ်ပိုင်းအပြင် နေ့စဉ် ဆော့ဝဲလ်များ နည်းပညာများ ကွန်ပျူတာနဲ့ ပက်သက်တာတွေ နည်းပညာတွေကို သူကိုယ်တိုင် လေ့လာပြီး လေ့လာဆဲ လူငယ်တွေအတွက် မြန်မာလို အလွယ်တကူ သိရှိနိုင်အောင် အွန်လိုင်းက သူရဲ့ဘလော့လေးမှာ နည်းပညာတွေကို နေ့စဉ် မျှဝေပေးနေတဲ့ ဘလော့ခရီးသည် ပိုင်ရှင် ကိုအောင်အောင် ဖြစ်ပါတယ်။ 
ဘလော့ခရီးသည် ဖန်တီးနေသူ ဘလော့ဂါ ကိုအောင်အောင် နှင့် အင်တာဗျူး 
မေး = မင်္ဂလာပါ .... အစ်ကိုနာမည်လေးကို မိတ်ဆက်ပေးပါဦး .... 
ဖြေ = နာမည်အရင်းက အောင်ဆန်း ပါ... ဘလော့ရေးတာကတော့ အောင်အောင်(မကစ) နာမည်နဲ့ပါ။

မေး = အစ်ကို နည်းပညာ တွေကို ဘယ်တုန်းက စတင်လေ့လာဖြစ်လဲ ?

ဖြေ = ၂၀၁၀ ခုနှစ် ၇ လပိုင်း မှ ကျွန်တော် ကျွန်ပျူတာ စသုံးတဲ့နှစ် ဖြစ်ပါတယ်။ 
မေး = ဘလော့ဂါ လောကထဲကို ဘယ်ခုနှစ်က လေ့လာ ရေးသားဖြစ်လဲ ? 
ဖြေ = ရေးဖြစ်တာက ၂၀၁၁ ရဲ့နောက်ပိုင်းဆိုပါတော့ဗျာ ၂၀၁၀ လောက်ကတည်းက ဂျီမေးအကောင့် လေးလုပ်ပြီး စမ်းရေး နေခဲ့ဖူးတာပါ။
မေး - လက်ရှိရေးသားနေတဲ့ ဘလော့လိပ်စာလေးကို သိပါရစေ ? 
ဖြေ = လက်ရှိ ကျွန်တော့ရဲ့ ကိုယ်ပိုင် ကိုင်တွယ် နေတာတွေကတော့.... www.ledimye.blogspot.com ( လယ်တီမြေသား) www.aungsanmks.com ( ဘလော့ခရီးသည် ) www.ninilayy.com ( ဓမ္မနှင့်စာပေနန်းတော် ) ဘလော့တွေပဲ ဖြစ်ပါတယ်။
မေး - ဘလော့တွေ ၃ ခုအထဲက လူသိများနဲ့ ဘလော့လိပ်စာလေးကို ဖြေပေးပါဦး ?

ဖြေ = ပထမတော့ လယ်တီမြေသားပါ။ ခုနောက်ပိုင်း ဘလော့တွေခေတ်စားးလာတော့ ဘလော့ခရီးသည်က လူသိများလာပါတယ်။ 
မေး = လူတိုင်း လူတိုင်း အရာတစ်ခုကို လုပ်ဆောင်တယ် ဆိုရင် ရည်ရွယ်ချက်တွေ ရှိကြပါတယ်။ အခု ဘလော့တွေကို ဘယ်လို ရည်ရွယ်ချက်နဲ့ လုပ်ဖြစ်သွားလဲ ? 
ဖြေ = အဓိကတော့ ကိုယ်လိုချင် သိချင်တာလေးတွေကို သိမ်းဆည်းထားဖို့ စခဲ့ခြင်းပါ၊ နောက်တော့ ကိုယ့်လိုပဲ လိုအပ်သူတွေ ရစေချင် တယ်လေ အဲဒါနဲ့ အတတ်နိုင်ဆုံး ကြိုးစားပြီး မျှဝေလိုတဲ့ ဆန္ဒနဲ့ပါ။ 
မေး = နည်းပညာဖက်ကို ဘယ်လိုဝါသနာ ပါပြီး ဘလော့ကို လေ့လာ ရေးသားဖြစ်သွားလဲ ? 
ဖြေ = ဟုတ်ကဲ့ ကျွန်တော်က ရေးသားရတာ ၀ါသနာပါတယ်လေ ကဗျာတွေ ရေးရင်း၊ နည်းပညာလေ့လာတာကနေ ဘလော့ပညာကို အရမ်းနှစ်သက် မိတာကနေပါ။ kp3 ဘလော့လေးကို အားကျရာကနေ လုပ်ဖြစ်ခဲ့တယ် ဆိုပါတော့ဗျာ။
မေး = ဘလော့ခရီးသည် ဘလော့လေးက နည်းပညာနဲ့ ပက်သက်တာတွေ တော်တော်များများ တင်ထားတာ တွေ့ရပါတယ်။ ဒီလို မျှဝေဖြစ်အောင် ကိုယ်တိုင် ဆော့ဝဲလ်ပိုင်း နည်းပညာပိုင်းတွေကို ဘယ်လို လေ့လာသလဲ ဆိုတာ ပြောပြပေး စေလိုပါတယ်။ 
ဖြေ = အဓိက ကျွန်တော် ကတော့ ဘလော့ပညာတွေပဲ ရေးတာပါ။ အဲပညာတွေကို မြင်ဆရာ ကေပီသရီး မိသားစု ကလေ့လာတယ်။ တခြား အင်္ဂလိပ်ဆိုဒ်တွေ လေ့လာတယ်။ အများကြီးပါပဲ ကျွန်တော် လေ့လာမိတာတော့ ကျန်တဲ့ ဆော့ဝဲလ်တွေ ကိုတော့ တောင်းဆိုသူတွေ များလာလို့ မျှဝေပေး ယုံသက်သက်ပါ။ ဘလော့ပညာ သီးသန့်ရေးဖို့ပါပဲ၊ နောက်တော့ လိုအပ်သူတွေ ပြောလာလို့ပါ ကူပြီး ရှာဖွေတင်ပေး ဖြစ်သွားတာပါ။ 
မေး = ဘလော့နည်းပညာပိုင်းနဲ့ ပက်သက်ပြီး လေ့လာချင်ပေမဲ့ မသိတာတွေ နားမလည်တာတွေ ရှိနေပါတယ်။ ဒီနေရာမှာ နည်းပညာပိုင်းကို မသိလို့ နားမလည်လို့ တစ်ခုခု ဖြစ်နေတယ်တဲ့ လူငယ်တွေကို အစ်ကိုအနေနဲ့ ဘာများ ပြောချင် မှာချင်လဲ ? 
ဖြေ = ကျွန်တော် တတ်နိုင်သမျှ ကူညီပေးနေပါတယ်။ သိတာ တတ်တာဆို ကိုယ်တိုင် ၀င်ပြီး လုပ်ဆောင်ပေးနေတာမို့ ထူးထွေ မပြောလိုပါဘူး။ လိုအပ်သူ မှန်သမျှ အကူအညီ တောင်းနိုင်ပါတယ်။ 
 
မေး = ဘလော့စဖွင့်တာ လုပ်တာ နည်းပညာနဲ့ ပက်သက်ပြီး လေ့လာ သင်ယူရတာ လွယ်တယ်လို့ တစ်ချို့က ပြောကြပါတယ်။ တကယ့် လေ့လာနေတဲ့ လူငယ်တွေကို အစ်ကို အနေနဲ့ ဘယ်လို ပြောမှာလဲ ? 
ဖြေ = ဘလော့တစ်ခု ဖြစ်လာဖို့ကတော့ လွယ်တာ မှန်ကောင်း မှန်ပါလိမ့်မယ်၊ ဒါပေမယ့် ဘလာ့ဆိုဒ်တစ်ခုမှ HTML ကို မပိုင်နိုင်ရင် သေသပ်ခန်းနားတဲ့ ဘလော့တော့ ဖြစ်မလာနိုင်ပါဘူး။ အဓိက ဘလောတွေ့ ၀က်ဆိုဒ်တွေမှာ ကုဒ်တွေနဲ့ ဖန်တီးသွားတာပါပဲ။

HTML ဆိုတာ သိပ်အရေးပါလှပါတယ်။ နဲနဲလေးတောင် အတိမ်း အစောင်းမခံ အမှားမခံတာမို့ လွယ်လှပြီ ဆိုတာတော့ မပြောနိုင်ပါဘူးဗျာ၊ ခုချိန်ထိ လေ့လာနေဆဲမို့ ကိုယ်တိုင် အခက်ခဲတွေ မနည်း ကျော်ဖြတ်နေရဆဲပါ။ ပြောချင်တာက HTML ကိုသေချာ လေ့လာကြပါလို့ အသိပေးချင်ပါတယ်။
မေး = ဘလော့ နည်းပညာဖက်ကို ဦးစားပေး ရေးသားနေတယ် ဆိုတော့ အခုလို နည်းပညာတွေ တိုးတက်နေတဲ့ ခေတ်ကြီးထဲမှာ၊ နည်းပညာတွေက ဘယ်လို အရေးပါ အရာ ရောက်လဲဆိုတာ အစ်ကိုရဲ့ အမြင်လေးကို ပြောပြ ပေးပါဦး။ 
ဖြေ = ဟုတ်ကဲ့ တိုးတက်နေတဲ့ အိုင်တီ ခေတ်မှာ နည်းပညာတွေ နောက်ကျနေဖို့ မသင့်ပါဘူးဗျာ၊ နည်းပညာမှန်သမျှ လေ့လာ မှတ်သားသင့်ပါတယ်။ ဒါမှလည်း တိုးတက်နေတဲ့ ခေတ်စနစ်နဲ့အညီ ကျွန်တော်တို့တွေဟာလည်း လျော်ညီစွာ နဲ့ယဉ် ဘောင်တန်းနိုင်မှာပါ။

နောက်နောင် သည်ထက်ပို တိုးတက်လာမှာ မို့ နောင်လာနောက်သားတွေအတွက် ပိုပြီး လေ့လာ သင်ကြားသင့်ပါတယ် လို့ တိုက်တွန်းချင်ပါတယ်။ နည်းပညာကိုတော့ အလေးနက် ထားစေလိုတာပါ၊ တကယ် လေ့လာကြည့်တော့မှ သိပ်ကိုလေးနက် ဆန်းကျယ်ပါလား ဆိုတာတွေ လက်တွေ့ကျကျ သိလာမှာပါနော်။ ဒါကြောင့် လူငယ်အများ လေ့လာသင်ကြားပြီး ခေတ်စနစ်ကို ဦးဆောင်စေလိုပါတယ်။ 
မေး = ဘလော့လေးမှာ နေ့စဉ်ဝါသနာ အရ ပိုစ့်တွေ တင်ပေးနေတယ် ဆိုတော့ တစ်ခြား အလုပ်တွေ ကိုယ်ရေးကိုယ်တာ ကိစ္စလေးတွေ အတွက်နဲ့ စိတ်ညစ်စရာတို့ ကြုံခဲ့ရမှာပေါ့။ ဘလော့ဂါတိုင်း ငွေမရပဲ ဝါသနာအရ ရေးနေကြတယ်ဆိုတော့ အချိန်မပေးနိုင်တဲ့ လူတွေလည်း အနည်းနဲ့ အများတော့ ရှိကြပါတယ်။  အစ်ကို ကိုယ်တိုင်ရော ဘလော့လေးနဲ့ ပက်ပြီး ဒီလို ကိစ္စတွေကို ဘယ်လို ဖြတ်သန်း ခဲ့ရသလဲ ? 
ဖြေ = ဟုတ်ကဲ့ .... ကျွန်တော်ကတော့ နေ့ခင်း အလုပ်ချိန်ဆိုတော့ ည ပိုင်းကို တတ်နိုင်သလောက် အချိန်ပေးပြီး မျှဝေပါတယ်။ အခက်အခဲ ဆိုတာကတော့ ကြုံရစမြဲပါ။ ဒါတွေကို တွက်နေမယ်ဆို ခုလို နည်းပညာမျှဝေတဲ့ သူတွေ ရှားပါးလာမယ်။ အဲလို ရှားပါးလာတာနဲ့ တက်သစ်စ လူငယ်တွေအတွက် အခွင့်ရေး ပိတ်ဆို့လိုက်သလို ဖြစ်လာမယ်လေ၊ ငွေကြေး မရပေမယ့် စေတနာ အပြည့်နဲ့ မျှဝေနေသမျှ မေတ္တာဓါတ်တွေတော့ ရနေမှာ အမှန်ပါပဲ၊ အဲတာပဲ ကျွန်တော်တို့ စားသုံးနေရရင် အိပ်ရေးပျက်တာတွေ ပင်ပန်းတာတွေ ဖြေဖျောက်နိုင်ပါတယ်။ ပီတိကိုစား အားရှိ၏ ဆိုတာလိုပေါ့ဗျာ။ 
မေး = ဘလော့ရေးသူ တစ်ယောက် အနေနဲ့ ဘလော့လေးရေးတဲ့ အခါဖြစ်ပေါ်လာတဲ့ ရင်ထဲဖြစ်ပေါ်လာတဲ့ ခံစားချက်နဲ့ ပီတိဖြစ်မိတာ လေးကို မျှဝေပေးပါဦး ? 
ဖြေ = ဟုတ် အဲတာတော့ ကျွန်တော်ဆို ကွန်ပျူတာ ဖွင့်လိုက်တာနဲ့ ကိုယ့်ဘလော့ရဲ့ C-Box ကိုအပြေးကြည့်တယ်။ သူတို့တွေ ဘာတောင်းဆိုထားလည်း ဘာတွေ အားပေးသွားလဲပေါ့၊ တောင်းဆို တာလေးတွေ ဖြည့်ဆည်းပေးရင်း သူတို့ဆီက အားပေးသံလေး ဖတ်လိုက်ရင်း အရမ်း ပီတိဖြစ်မိပါတယ်။ ကျေလည်း ကျေနပ်မိပါရဲ့၊ ကိုယ်မျှ  ဝေပေးလိုက်တဲ့ နည်းပညာတစ်ခုဟာ သူတစ်ပါး မဟုတ်ပဲ လူအများအတွက် အကျိုးရှိ အသုံးတည့်နေတာ တွေ့လိုက်ရတိုင်း အတိုင်းဆ မရှိ ကြည်နူးမိပါတယ်။ 
မေး = ဘလော့ရေးတဲ့ လူတိုင်း စိတ်ညစ်စရာတော့ အနည်း အများတော့ ရှိကြပါတယ်။ အစ်ကိုရော ဘလော့လေးနဲ့ ပက်သက်ပြီး စိတ်ညစ်စရာတွေ တစ်ခုခု မကောင်း ပြောဆို တာတွေမျိုးပေါ့ ဒါမှ မဟုတ် တစ်ယောက်က အထင်လွဲတာတို့ပေါ့ အစ်ကို အနေနဲ့ ကြုံဖူးလား ? 
ဖြေ = ဟာာ .... သိပ်ရှိတာပေါ့ဗျာ ...... မကြာခဏ  ကြုံရတတ်တာပါ။ ဘာလဲဆိုတော့ တခါတခါမှာ ကိုယ်က ဘလော့ရေးနေတာ ဖြစ်ဖြစ် ဘလော့ပြင်ဆင်နေတာဖြစ်ဖြစ်၊ လုပ်နေတဲ့     အခါမှာဆို လာရောက် မေးမြန်း တာတွေကို  ပြန်မပြောဖြစ်ဘူးလေ၊ အဲခါမျိုးမှာ မင်းက ဆရာကြီးလား ဘာလားဆိုတဲ့ လေသံလေးတွေ ပေါ့ဗျာ .....

ဒါကလည်း သူတို့ဘက်ကကြည့်တော့ လိုအပ်နေချိန် ဖြည့်ဆည်း မပေးလေတော့ စိတ်တိုလို့ဘဲဆိုတာ တွေးရင် စိတ်တော့ မဆိုးပါဘူး။ ကျွန်တော်ကတော့ တတ်နိုင်တာ မှန်သမျှ လုပ်ပေးဖို့ အသင့်ပဲလေ၊ အဲအတွက် ဘလော့စလုပ်နေသူ အတော်များများလည်း သိကြပါတယ်။ အက်မင်ယူပြီး ကူညီ ဆောင်ရွက်ပေး လျှက်ရှိနေတာတောင် ဘလော့ ၆၀ ကျော်ပါတယ်။ လူနည်းစု နားမလည်လို့ ပြောဆိုကြတာကို မခံစားနေ တတ်တော့ပါဘူးဗျာ။
  
မေး = အစ်ကိုရဲ့ ဘလော့လေးမှာ တင်ပေးဖြစ်တဲ့ (မျှဝေဖြစ်တဲ့) ပိုစ့်အမျိုးအစား လေးတွေကို စာဖတ်သူများ အတွက် အသေးစိပ် ပြောပြပေးပါဦး။ 
ဖြေ = အဲဒါကတော့ မနည်းဘူးဗျ လယ်တီမြေသား မှာဆို နည်းပညာ ဗဟုသုတစာပေ တရားတော် သမိုင်း ထေရုပ္ပတ္တိ စာအုပ် စသဖြင့် တွေ့တွေ့သမျှ စုံလင်အောင်ဆိုပြီးး မျှဝေပါတယ်။ ဘလော့ ခရီးသည်မှာတော့၊ အဓိက ဘေလာ့ ပညာပါ ကျန်တာတော့ တောင်းဆိုတာလေးတွေ..... ကွန်ပျူတာ ဆိုင်ရာ, ဗိုင်းရပ်, စာအုပ်လေးတွေပေါ့။ ဓမ္မနှင့် စာပေနန်းတော်မှာတော့...... စာအုပ်မျိုးစုံကို ရှာဖွေစုဆောင်းပြီး မျှဝေတင်ပြပေးထားပါတယ်။ ဘာသာရေး စာအုပ်တွေ, နည်းပညာ  စာအုပ်တွေ, သမိုင်း, ဥပဒေ, ၀တ္ထုစသဖြင့်ပေါ့ဗျာ။ ကောင်းနိုးရာရာ လေးတွေဆို စုဆောင်းပြီး ပြန်လည် မျှဝေပါတယ်။ 
မေး = ဆက်လက်၍ ဘလော့လေးကို ဘယ်လိုကြိုးစားသွားမယ်ဆို ဖြေကြား ပေးစေလိုပါတယ်။ 
ဖြေ = ဟုတ်ကဲ့ ..... ကျွန်တော် မျှဝေနိုင်တဲ့ အခြေနေထိ ကြိုးစားမျှဝေ ပေးနေမှာပါ။ အခြေနေဆိုတာ အွန်လိုင်း ဆိုတော့ အင်တာနက် သုံးစွဲမှု အခြေနေ၊ နောက် အခက်ခဲ တခုခုကြောင့် လုံးဝ မရေးနိုင်တော့ ရင်တောင်၊ ကျွန်တော် ဖြစ်နိုင်တဲ့ နည်းလမ်းတွေ ရှာဖွေပြီး ကြိုးစား လေ့လာရင်း မျှဝေနေမယ်ဆိုတာ ပြောချင်ပါတယ်။ 
မေး = နေ့စဉ် အစ်ကိုရဲ့ ဘလော့လေးကို နည်းပညာ ဝင်ရောက် လေ့လာသူတွေ တစ်နေ့ကို လူဦးရေ ဘယ်လောက် ရှိနေပြီလဲ ? 
ဖြေ = ကျွန်တော် ဘလော့လေးကတော့ အောင်မြင်နေတဲ့ ဘလော့လေးမဟုတ်တော့ သိပ်မရှိပါဘူး၊ တနေ့ကို ပျမ်းမျှ ၅၀၀ ၀န်းကျင်လောက်ပါပဲ ။။။ တခါတလေလဲ များတာ ရှိသလို နည်းတာလဲ ရှိတာပေါ့လေ။ 
မေး = အစ်ကိုရဲ့ဘလော့လေးကို တော်တော်များများ လူသိများတယ်နော်၊ ပြီးတော့ နည်းပညာများ ဝင်ရောက် လေ့လာနေသူတွေလည်း တော်တော်များ ပါတယ်။ အခု အချိန်မှာ ကိုအောင်အောင်ရဲ့ ဘာလော့လေး အောင်မြင်နေပြီလို့ ပြောရင် အစ်ကို ဘာပြောမှာလဲ ? 
ဖြေ = အဲလိုတော့ မခံစားမိ သေးပါဘူး၊ ကျွန်တော့်အနေနဲ့ အမြဲ လိုအပ်နေတယ် ဆိုတာတော့ တွေးနေဆဲပါ။ လိုအပ်ချက်တွေကိုလဲ လေ့လာရင်း သိတာလေးတွေ့ တာလေးတွေကို ပြန်လည် မျှဝေနေတာပါ၊ မအောင်မြင်သေးးပါဘူး။ အောင်မြင်ဖို့ အတွက်လဲ မမက်မော သေးပါဘူး၊ ၀ါသနာနဲ့ စေတနာ အရင်းခံ ထားတာပဲလေ၊ လိုခြင်တာ တုန့်ပြန်မှု မေတ္တာတစ်ခု ကိုပါပဲ .... ဟဲဟဲ။ 
မေး = အစ်ကို့ဘလော့မှာ ရေးတင်နေတဲ့ နည်းပညာပိုင်း ဆိုင်ရာပိုစ့်လေးတွေကို အစ်ကိုဘလော့လေးမှာပဲ တင်ဖြစ် မျှဝေဖြစ်လား၊ တစ်ခြား ဝက်ဆိုက်တွေ ဘလော့တွေ မှာရော မျှဝေဖြစ် တင်ပေးဖြစ်လား ? 
ဖြေ = တခြား ဆိုဒ်တွေမှာလည်း အချိန်ရရင်ရသလို ပြန်လည် မျှဝေဖြစ်ပါတယ်။ အဖြူရောင် အားမာန် နိုင်းဆိုဒ် ရွှေမြို့တော် တို့ပေါ့၊ အရင်ကတော့ နိုင်းဆိုဒ်တွေ အတော်များများ လိုက်တင်ပေးနိုင်ခဲ့ပါတယ်။ ခုနောက်ပိုင်းတော့ မနိုင်တော့တာနဲ့ အနည်းငယ်ကပဲ ပြန်လည် မျှဝေနိုင်တာပါ။ 
မေး = အစ်ကိုရဲ့ ပညာ အရည်အချင်း နဲ့ အလုပ်အကိုင် နေရပ်လိပ်စာလေးကို ပြောပြပေးနိုင်မလား ? 
ဖြေ = ပညာ အရည်အချင်းကတော့ မြန်မာစာနဲ့ ကျောင်းပြီးထားပါတယ်။ မန်းကြီးစောက်ကျေးရွာ-ဒီပဲယင်းမြို့နယ်-ရွှေဘိုခရိုင်-စစ်ကိုင်းတိုင်း ပါ၊ ကျွန်တော့် ဇာတိပေါ့နော်။ ဖေဖေ ဦးချစ်စံ နဲ့ မေမေ ဒေါ်ရီ တို့မှ 22.03.1979 ခုမှာ မွေးဖွားခဲ့ပါတယ်။ ယခု လက်ရှိတော့ မလေးရှားမှာပါ၊ 2005 ခု 10 လပိုင်းက အမိမြေနဲ့ ကင်းကွာနေခဲ့တာ ခုထိတိုင်ပါပဲ။ မလေးရှား မလာခင်ထိ ကြေးတိုင်နှင့်မြေ စာရင်းဦးစီးဌါနမှာ ၀န်ထမ်းပါ။
မေး= ဘလော့ရေးသူ ဘလော့ဂါ တစ်ယောက်အနေနဲ့ ၁၅၀၀ အချစ်နဲ့ ပက်သက်ပြီး ဘယ်လို ခံယူ နားလည်ထားတာလဲ ? 
ဖြေ = ဟဟဟ .... ချူချူချာချာ အချစ်ဆိုတာ ခံစားဖို့သက်သက်မှ မဟုတ်တာနော်၊ ခံစားနေဖို့သက်သက်ဆို အဲအချစ်ဟာ ဒုက္ခပေါင်းစုံ စုဝေးနေတဲ့ ပူပြင်းတ၊ဲ့ မီးတောင်တစ်ခုလို ဖြစ်နေမှာပေါ့ အဲအတွက် အချစ်ကို ချစ်တတ်အောင် ချစ်ပါတယ် မကိုးကွယ်တတ်ပါဘူး။ ချစ်စိတ်နဲ့ပါတ်သက်လို့ နားလည်ခြင်း၊ စာနာခြင်း၊ စတဲ့ ဂရုဏာ ရသတွေ မပါရင် အဲအချစ်ကတော့ အနှစ်မရှိတဲ့ ကိလေသာ တဏှာ ကျွန်သက်သက် ဖြစ်မယ်လို့ ခံယူမိပါတယ်၊ေိေိ...။ 
မေး = ကိုအောင်ဆန်းရဲ့ စာဖတ်ပရိတ်များက အစ်ကိုရဲ့ အချစ်ရေး / အိမ်ထောင်ရေး အကြောင်း စိတ်ဝင်စားနေကြတယ်။ လူပျိုကြီးလုပ်မယ်တဲ့ ဘယ်လိုပြန်ပြောပေးရမလဲ ? 
ဖြေ = ဟဟဟ လုပ်ပါဘူးဗျာ၊ ဘ၀ပေး  အခြေနေအရ အိမ်ထောင်ရေး မစဉ်းစားသေးတာဘဲ ရှိပါတယ်။ ရည်ရွယ်ချက်တော့ ရှိတာပေါ့၊ေိေိ.... ကြိုက်မဲ့ သူလေးတွေ့ရင်တော့ အိုစမ်းချင်ပါဘိ၊ ဟိဟိ...။ ကျွန်တော့်မှာ တာဝန်လေးတွေ ရှိနေသေးလို့ပါ မစဉ်းစားနိုင်သေးပါဘူးဗျာ...။
  
မေး = အစ်ကို နားလည်ထားတဲ့ မိသားစု ချစ်ချင်း သံယောဇဉ် ၅၂၈ အကြောင်းလေးကို ဖြေပေးပါဦး။ 
ဖြေ = ၅၂၈ သံယောဇဉ်ဆိုတာ အေးမြစေတယ် ခိုင်မြဲစေတယ်၊ အဆင်မပြေဖြစ်တောင် နာကျည်းလောက်တဲ့ ထိတော့ ပြတ်တောက်ဖို့ ခက်ခဲတဲ့ နက်ရှိုင်း မေတ္တာတစ်ခုလို့ နားလည်မိပါတယ်။ သူက ကိလေသာ ဆိုတဲ့ တဏှာရာဂ မီးတွေကင်းစင်နေတာ ကိုက သိပ်ကို အေးချမ်းစေတာပေါ့၊ အချစ်ဆိုတာ ကိလေသာတွေ ရောရှက်လာလို့ ပူပျင်းစေတဲ့အသွင်ကို ခံစားစေရတာပါ၊ ဒါလေးကတော့ ကျွန်တော့် အမြင်ပေါ့နော်။ 
မေး = အစ်ကိုရဲ့ ဘဝမှာပေါ့နော် ... အစ်ကိုဖြစ်ချင်တဲ့ ဆန္ဒလေးတစ်ခုက ဘာလေး ဖြစ်နိုင်မလဲ ? 
ဖြေ = ကိုယ့်ဘ၀ကို ရပ်တည်နိုင်တဲ့ လူတစ်ယောက်ဖြစ်ခြင်တယ်။ ကိုယ်ဟာ မိသားစုအတွက် အစစအရာရာ တန်ဖိုး ထားအားကိုးရတဲ့ သူတစ်ယောက်ဖြစ်ခြင်တယ်။ အဲတာ အဖြစ်ခြင်ဆုံးဆန္ဒပါပဲ။ 
မေး = အစ်ကိုက နည်းပညာပိုင်းကို အများအတွက် အကျိုးပြုနေတယ် ဆိုတော့ လေ့လာဆဲ လူငယ်တွေ အတွက် အစ်ကိုရဲ့ ဘလော့လိပ်စာလေးနဲ့ ဆက်သွယ်လို့ ရနိုင်မယ့် အီးမေး အကောင့်လေးကို ပေးပါဦး။ 
ဖြေ = ဟုတ်ကဲ့ .... ဘလော့လိပ်စာလေး  တွေကတော့ www.ledimye.blogspot.com ( လယ်တီမြေသား) www.aungsanmks.com ( ဘလော့ ခရီးသည် ) www.ninilayy.com ( ဓမ္မနှင့် စာပေနန်းတော် ) တို့ဖြစ်ပါတယ်။ ဆက်သွယ်နိုင် တာကတော့ aungsan96@gmail.com နဲ့ aungaungmks@gmail.com ပါဗျာ။ 
မေး = အခုလို အင်တာဗျုး မေးမြန်းသမျှကို အချိန်ပေး ဖြေကြားပေးသော ဘလော့ဂါ ကိုအောင်ဆန်း ဒီထက်ပိုပြီး နည်းပညာဆိုင်ရာ အကြောင်းများကို လူငယ်တွေ အတွက် မျှဝေနိုင်ပြီး အောင်မြင်သော ဘလော့ဂါ လေးအဖြစ် တည်ရှိပြီး ဆော့ဝဲလ်များဆိုင်ရာ နည်းပညာပိုင်း ဆိုင်ရာများကို တစ်ထောင့် တစ်နေရာကနေ အများ အကျိုး အတွက် ဆောင်ရွက်နိုင်ပါစေ လို့ ဆုမွန်ကောင်း တောင်းပေး လိုက်ပါတယ် ခင်ဗျာ။ ကျေးဇူးတင်ပါတယ်။ 
ဖြေ = ဟုတ်ကဲ့ .... ကျေးဇူးတင်ပါတယ်။ အားလုံးအတွက် အကောင်းဆုံးဖြစ်အောင် အမြဲ လေ့လာ ကြိုးစားပြီး မျှဝေနေပါ့မယ်။ ကျေးဇူးတင်ပါတယ်။
 
နေဇော်လင်း 
Live Free Online Radio Media (Malaysia) 

Facebok လုံခြုံစိတ်ချစွာသုံးရန်

 
ဒါလေးကတော့ မိမိတို့ facebook ကိုလုံခြုံစိတ်ချစွာ သုံးစွဲနိုင်ရန်အတွက် နည်းလမ်းလေးတွေ စုဆည်း
ထားတဲ့ စာအုပ်လေးတစ်အုပ်ပါ... ဒေါင်းယူ လေ့လာသင့်ပါတယ်နော်...


 မူရင်း....ကီးကီး




DOWNLOAD
ဓမ္မနှင့်စာပေနန်းတော်သို့လာရောက်သူအပေါင်းကိုယ်စိတ်နှစ်ဖြာ ကျန်းမာလို့ ချမ်းသာကြပါစေ.. ရှာဖွေစုဆောင်းထားသမျှတရားတော်များအားအားလုံးနာကြားပူဇော်နိုင်ရန်အလို့ငှါ ပြန်လည် စုစည်းတင်ပြထားပါသည်...ဗုဒ္ဓတရားတော်များနဲ့တစ်ကွ စာရေးဆရာများ၏ ရသ စာပေများကိုလည်း ဖတ်ရှု ခံစားနိုင်ပါတယ်နော်... ဖတ်လိုသောစာပေများအား C-Box တွင်ရေးသားတောင်းဆိုခဲ့နိုင်ပါတယ်..... လေးစားစွာဖြင့်....နီနီ
<<< မန်ဘာဝင်ပြီး... Fb Like ခြင်းဖြင့် အားပေးကြပါနော် >>

Window 7 အသုံးပြုနည်းစာအုပ်


       
ဆရာ ဦးအောင်လင်း ရေးသားပြုစုထားတဲ့စာအုပ်လေးပါ။  ပုံလေးတွေနဲ့ သေသေချာချာရှင်းပြထား
ပေးတဲ့အတွက် လေ့လာရာမှာ လွယ်ကူပါစေပါတယ်။ ကျွန်တော်ဆီမှာ ဒီစာအုပ်လေးအဆင်သင့်
ရှိနေတာနဲ့ တစ်ခါတည်း တင်ပေးလိုက်တာပါ။ အဆင်ပြေလိမ်မယ် ထင်ပါတယ်။ ကျွန်တော့်ဆိုဒ်
မှာပဲဖတ်သွားချင်တယ် ဆိုရင်တော့ စာအုပ်နာမည်လေးကို ကလစ်ပြီးဖတ်နိုင်သလို ဒေါင်းလော့
ချသွားချင်တဲ့သူတွေကလဲ Download Here logo လေးကိုနှိပ်ပြီး ယူသွားနိုင်ပါတယ်။ အားလုံးပဲ
ပျော်ရွင်ကြပါစေ.....ဗျာ။

 
 

အောင်အောင်(မကစ) ရဲ့ ဘလော့ခရီးသည်လေးအား အားပေးနေကြတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်.. တုန့်ပြန်မှုအနေနဲ့ fb like လေးတော့ လုပ်ပေးခဲ့ကြပါနော်.. တတ်စွမ်းသမျှ တွေ့ ရှိသမျှလေးတွေကို ပြန်လည် မျှဝေနေပါ့မယ်...။ အဆင်မပြေတာများရှိခဲ့ပါက...cbox မှာ ပြောခဲ့ကြပါနော်..
<<< မန်ဘာဝင်ပြီး... Fb Like ခြင်းဖြင့် အားပေးကြပါနော် >>>
အောင်အောင်(မကစ) ပိုင်ဆိုင်သော နေရာလေးများကိုလာလည်ကြပါ။ www.aungsanmks.blogspot.com
www.ledimyethar.com
www.ninilayy.com

Sunday, July 20, 2014

Computer ကို အလိုအလျောက်ပိတ်နည်း




ဒီနည်းလေးကို သိပြီးသူတွေအတွက်မရည်ရွယ်ပါဘူး မသိသေးတဲ့သူတွေအတွက် ရည်ရွယ်ပြီး ရေးလိုက်ရတာပါ။ မိုးရဲ့သူငယ်ချင်း က သူမရဲ့ ကလေးComputer ဂိမ်းဆော့ရင် ဘယ်လိုမှခေါ်လို့ မရပါဘူးတဲ့။ ပိတ်လို့လဲမရနဲ့ သူတော်တော်ကို စိတ်ညစ်နေတယ်လေ။ ဒီနည်းလေးသုံးပြီးဖြေရှင်းပေးလိုက်ရပါတယ်။ မိုးသူငယ်ချင်းလိုပဲ အခြားသော သူငယ်ချင်းများလဲ လိုအပ်မယ်ထင်လို့ တင်ပေးလိုက်ပါတယ်နော်။

Start >> Run box တွင် shutdown.exe -s -t 3600 ဟုရိုက်ပြီး OK နှိပ်လိုက်ပါ။ နောက်တစ်နာရီကြာပြီးလျှင် သင့်ရဲ့ Computer မှာ အလိုအလျှောက်ပိတ်သွားပါလိမ့်မယ်။
မှတ် ချက် (3600) တွင် မိမိပိတ်ချင်သောအချိန်ကို စက္ကန့်ဖြင့်တွက်ပြီး ပေးနိုင်ပါသည်။
ဥပမာ။ နာရီဝက် (1800)
၁နာရီ (3600)
၁၅ မိနစ် (900) စသဖြင့် စက္ကန့်ဖြင့်တွက်ပြီး ပေးရသည်။

ဖွင့်ထားသော Program, File များကို ထိခိုက်မှု မဖြစ်စေပါဘူး။

အဲ ပြီးတော့ ဒီစနစ်ကို ပြန်ဖျက်မယ် ဆိုရင်တော့...
Start >> Run box ထဲတွင် shutdown.exe -s -t a လို့ရိုက်ပြီး OK နှိပ်လိုက်ပါ။

အားလုံး အဆင်ပြေကြပါစေနော်။

မိုး

Computer အတွက်လုပ်ဆောင်သင့်သောနည်းလမ်းများ (၂)


 မင်္ဂလာပါ  သည်နည်းလမ်းလေးကတော့ ကွန်ပျူတာအတွက် လုပ်ဆောင်သင့်သော နည်းလမ်းများထဲက အပိုင်း(၂) ဘဲ ဖြစ်ပါတယ်... အဓိကတော့ မိမိတို့ စက်ဝင်းဒိုးတင်ပြီးခါစ  မှာပိုပြီးလိုအပ်ပါလိမ့်မယ်..နော်.
ကွန်ပျူတာ ဆားဗစ်သမားတွေအတွက် မလိုအပ်ပေမယ့်  လေ့လာခါစ  ညီငယ် မောင်မယ်များအတွက် ၀ါသနာရှင်အဆင့်အနေနဲ့  ကျွန်တော်..လေ့လာ မှတ်သားမိသလောက်  ပြန်လည် မျှဝေခြင်းပါ... ကဲစမယ်


အဆင့်  (၁)  အနေနဲ့  မိမိတို့ ကွန်ပျူတာ start ကနေ ဖြစ်စေ Win + R ကိုတွဲကလစ်သည်ဖြစ်စေ
Run  Box ကိုခေါ်လိုက်ပါ... ကျလာတာနဲ့  “gpedit.msc”  ကိုထည့်ပြီး ok ပေးလိုက်ပါ....

ခုလိုထည့်တာနဲ့ အောက်ဖော်ပြပါပုံအတိုင်း Group Policy Editor ပေါ်လာမှာဖြစ်ပါတယ်
ပုံသေခြာ မမြင်ရပါက ကလစ်လိုက်ပါ... နံပါတ်စဉ်တိုင်းသွားပေးလိုက်ရင်  ရပါပြီ....
ထိုအထဲမှာမှ ကျွန်တော်တို့က Computer Configuration အောက်က Administrative Template Tool
အောက်က Windows Components ထဲက AutoPlay Policies ထဲကိုဝင်ပီး ညာဘက်ခြမ်းမှာရှိတဲံ
 “Turn offAutoplay” ဆိုတာကို Double Click  နှိပ်လိုက်ပါ။
Default အရဆိုရင် Radious Check Box လေးက Not Configured ဖြစ်နေပါမယ်။ အဲဒါကိုကျွန်တော်
တို့က Enabled လို့သတ်မှတ်ပီး Turn off Autoplay on   ဆိုတဲ့နေရာမှာ All Drives ရွေးချယ်
မှတ်ပေးရမှာဖြစ်ပါတယ်။ ပီးသွားရင်တော့ Apply / OK ဆိုတာကိုနှိပ်ပေးလိုက်ပါ
အဆင့်  (၂)  အနေနဲ့ကတော့... အစမူလက ၀င်ခဲ့တဲ့ Group Policy Editor  ဇယားမှာဘဲ ပြန်ကြည့်ပါ
                  လုပ်ဆောင်ချက်တွေကတော့ အပေါ်ကလုပ်ခဲ့သလိုပါဘဲနော်... အပေါ်အဆင့် (၁) တုန်းက
 Computer Configuration  ကနေလုပ်ခဲ့တာပါ   ခု အဆင့်(၂) ကတော့ user configuration ကနေလုပ်တာ  ပါ....ကျန်တာ အားလုံး အလားတူဘဲ ဖြစ်ပါတယ်နော်...

user configuration အောက်က Administrative Template Tool
အောက်က Windows Components ထဲက AutoPlay Policies ထဲကိုဝင်ပီး ညာဘက်ခြမ်းမှာရှိတဲံ
 “Turn offAutoplay” ဆိုတာကို Double Click  နှိပ်လိုက်ပါ။

Default အရဆိုရင် Radious Check Box လေးက Not Configured ဖြစ်နေပါမယ်။ အဲဒါကိုကျွန်တော်
တို့က Enabled လို့သတ်မှတ်ပီး Turn off Autoplay on   ဆိုတဲ့နေရာမှာ All Drives ရွေးချယ်
မှတ်ပေးရမှာဖြစ်ပါတယ်။ ပီးသွားရင်တော့ Apply / OK ဆိုတာကိုနှိပ်ပေးလိုက်ပါ
ဆက်လက်လေ့လာရန်
===========


ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်... လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ဘလော့ခရီးသည်နေရာလေးများ
www.ledimye.blogspot.com
 www.aungsanmks.com
www.ninilayy.blogspot.com

Computer အတွက်လုပ်သင့်သော နည်းလမ်းများ (၁)

မဂ်လာပါနော်သည်နေ့ ရေးမဲ့ နည်းပညာလေးကတော့  ကွန်ပျူဆာ ဆားဗစ် ဆရာတွေအတွက် ရီစရာဖြစ်ကောင်းဖြစ်နေမှာပါ  ဒါပေမယ့် ကျွန်တော်လို မလည်မ၀ယ်...ယောင်ဝါး ပညာသင်ဘ၀လေးတွေအတွက်  နည်းလမ်းလေးတစ်ခု တိုးပါစေဆိုတဲ့ ရည်ရွယ်ချက်နဲ့ ရေးခြင်းဖြစ်ပါတယ်  သိသူ ကျော်သွားး မသိသူဖေါ်စားပေါ့နော်..ေိေိ
ဘာလဲဆိုတော့ မိမိတို့ကွန်ပျူတာကို  လုပ်ဆောင်သင့်တဲ့အချက်အလက်လေးတွေ များစွာထဲက  တစ်ခု
လို့ဆိုကြပါစို့... အထူးသဖြင့် ၀င်းဒိုးတင်ပြီးစ စက်များအား  မဖြစ်မနေ လုပ်ပေးသင့်တယ်လို့ ယူဆမိပါတယ်... နောက် လိုအပ်ချက်လေးတွေကို  နံပါတ်စဉ်လိုက်  တင်ပေးသွားပါ့မယ်... ဒါကတော့
နံပါတ် (၁) အနေနဲ့ပေါ့နော်...
အဆင့် (၁)  အနေနဲ့ကတော့...............
ကဲစမယ်ဗျာ..... ပထမဆုံး  မိမိတို့  ကွန်ပျူတာ Start  ကနေ ဖြစ်ဖြစ်   Win + R ကိုဘဲ တွဲကလစ်လစ်
run box ကိုခေါ်လိုက်ပါနော်.. အဲကျလာတဲ့ ဘောက်ထဲမှာ regedit  ဆိုတာလေးထည့် enter (သို့)
ok  ပေးလိုက်ပါနော်..အောက်မှာပုံလေးတိုင်းပေါ့.....။
အိုကေ  အဲလို ခေါ်လိုက်တာနဲ့  regedit ဆိုတဲ့ ဇယားကြီးတစ်ခုကျလာမှာ ဖြစ်ပါတယ်...ကြည့်လိုက်ပါ
 အတိုခေါက်အနေနဲ့  ( HKCU/Control Panel/Desktop  ) ပါ...
ပုံသေးနေရင် ကလစ်လိုက်ပါနော်...ဒါပေမယ့် သည်လို အစဉ်လိုက် သွားပေးပါ  လွယ်ပါတယ်....
HKEY-CURRENT-USER  ဆိုပြီးရှိမယ်  အဲတာကို ကလစ်ပါ...နောက် သူ့အောက်က..ပေါ်လာမဲ့ 
Contro Panel  နောက် ထပ် Desktop ဆိုပြီး တဆင့်ခြင်းနံပါတ်လေးတွေပြထားသလို ကလစ်ပေးလိုက်ပါ
ပြီးတာနဲ့ ညာဘက်ခြမ်းမှာ ရှိနေတဲ့ MenuShoeDelay ဆိုတဲ့စာတန်းလေးရှာပါ  တွေ့တာနဲ့ Double ကလစ်ပေးလိုက်ပါ  ဘောက်သေးသေးလေးကျလာမယ်.. ကျလာတဲ့ဘောက်ထဲက Value data နေရာက
နံပါတ်ကို  ဘာဘဲ ကျလာလာ   ( 0 )..သုည   ဟုပြောင်းပေးပြီး ok ပေးလိုက်ပါ...နော်
အဆင့်  (၂)  အနေနဲ့ကတော့...အောက်မှာ ဆက်ကြည့်ပါ.. သည်နေရာကဘဲ  ပြန်စမှာဖြစ်ပါတယ်..
                regedit ဇယားကြီးကို မဖျက်လိုက်ပါနဲကနော်..အဲထဲကဘဲဆက်သွားမယ်....
 အတိုခေါက်အနေနဲ့ကတော့   ( HKLM/SYSTEM/CurrentControlSet/Control )  ပါ။။။
ပုံသေးနေရင် ကလစ်လိုက်ပါနော်...ဒါပေမယ့် သည်လို အစဉ်လိုက် သွားပေးပါ  လွယ်ပါတယ်....
HKEY-LOCAL-MACHINE  ဆိုပြီးရှိမယ်  အဲတာကို ကလစ်ပါ...နောက် သူ့အောက်က..ပေါ်လာမဲ့
Syatem  နောက် ထပ် CurrentControlSet  နောက် Control ရဲ့ ညာဘက်ခြမ်းမှာရှိသော”Wait
toKill Services TimeOut”ကလစ်ပေးလိုက်ပါ ( နှစ်ချက်ကလစ်ပါ)
  ဘောက်သေးသေးလေးကျလာမယ်.. ကျလာတဲ့ဘောက်ထဲက Value data နေရာက
နံပါတ်ကို  ဘာဘဲ ကျလာလာ   ( 50 )..ငါးဆယ်  ဟုပြောင်းပေးပြီး ok ပေးလိုက်ပါ...နော်
အဆင့်   (၃)  အနေနဲ့ကတော့  ဆက်လက်ကြည့်လိုက်ပါနော်...
အတိုခေါက်အနေနဲ့ကတော့    ( HKEY-USER/S-1-5-19/Control Panel/Desktop )
ပုံသေးနေရင် ကလစ်လိုက်ပါနော်...ဒါပေမယ့် သည်လို အစဉ်လိုက် သွားပေးပါ  လွယ်ပါတယ်....

HKEY-USER  ဆိုပြီးရှိမယ်  အဲတာကို ကလစ်ပါ...နောက် သူ့အောက်က..ပေါ်လာမဲ့
S-1-5-19 နောက် ထပ် Control Panel အဲနောက် Desktop   တဆင့်ခြင်းနံပါတ်လေးတွေပြထားသလို ကလစ်ပေးလိုက်ပါ
ပြီးတာနဲ့ ညာဘက်ခြမ်းမှာ ရှိနေတဲ့ MenuShoeDelay ဆိုတဲ့စာတန်းလေးရှာပါ  တွေ့တာနဲ့ Double ကလစ်ပေးလိုက်ပါ  ဘောက်သေးသေးလေးကျလာမယ်.. ကျလာတဲ့ဘောက်ထဲက Value data နေရာက
နံပါတ်ကို  ဘာဘဲ ကျလာလာ   ( 0 )..သုည   ဟုပြောင်းပေးပြီး ok ပေးလိုက်ပါ...နော်
မှတ်ချက်...........
အပေါ်ကပြထားတဲ့အတိုင်း  HKEY-USER/S-1-5-19/Control Panel/Desktop  ကိုလုပ်ခဲ့သည်လိုဘဲ...
S-1-5-19  ရဲ့အောက်မှာကျန်နေသေးတဲ့  S-1-5-20  ကိုလည်းပဲ  အလားဆူ လုပ်ဆောင်ပေးလိုက်ပါ
ကဲ ဗျာ...ပီးသွားရင်တော့ Registry ထဲမှာ အနည်းငယ်လုပ်ပီးသွားပြီလို့ ဆိုရမယ်ဗျာ..…ကျွန်တော်တို့Window7မှာတော့ Registry
ပိုင်းကို အများကြီးလိုက်ပြင်ပေးစရာမလိုပါဘူး အကယ်လို့ သင်ဟာ WindowXP User ဆိုရင်တော့ တော်တော်လေး များမယ်ထင်တယ်..နော်...
ဆက်လက်လေ့လာရန်
============
 ဆက်လက်ရေးသွားပါ့မယ်..
ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်... လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ဘလော့ခရီးသည်နေရာလေးများ
www.ledimye.blogspot.com
www.aungsanmks.com
www.ninilayy.blogspot.com

နည်းပညာဗဟုသုတ ပြည့်ဝကြပါစေ Computer အတွက်လုပ်သင့်သော နည်းလမ်းများ (၁)

မဂ်လာပါနော်သည်နေ့ ရေးမဲ့ နည်းပညာလေးကတော့  ကွန်ပျူဆာ ဆားဗစ် ဆရာတွေအတွက် ရီစရာဖြစ်ကောင်းဖြစ်နေမှာပါ  ဒါပေမယ့် ကျွန်တော်လို မလည်မ၀ယ်...ယောင်ဝါး ပညာသင်ဘ၀လေးတွေအတွက်  နည်းလမ်းလေးတစ်ခု တိုးပါစေဆိုတဲ့ ရည်ရွယ်ချက်နဲ့ ရေးခြင်းဖြစ်ပါတယ်  သိသူ ကျော်သွားး မသိသူဖေါ်စားပေါ့နော်..ေိေိ
ဘာလဲဆိုတော့ မိမိတို့ကွန်ပျူတာကို  လုပ်ဆောင်သင့်တဲ့အချက်အလက်လေးတွေ များစွာထဲက  တစ်ခု
လို့ဆိုကြပါစို့... အထူးသဖြင့် ၀င်းဒိုးတင်ပြီးစ စက်များအား  မဖြစ်မနေ လုပ်ပေးသင့်တယ်လို့ ယူဆမိပါတယ်... နောက် လိုအပ်ချက်လေးတွေကို  နံပါတ်စဉ်လိုက်  တင်ပေးသွားပါ့မယ်... ဒါကတော့
နံပါတ် (၁) အနေနဲ့ပေါ့နော်...
အဆင့် (၁)  အနေနဲ့ကတော့...............
ကဲစမယ်ဗျာ..... ပထမဆုံး  မိမိတို့  ကွန်ပျူတာ Start  ကနေ ဖြစ်ဖြစ်   Win + R ကိုဘဲ တွဲကလစ်လစ်
run box ကိုခေါ်လိုက်ပါနော်.. အဲကျလာတဲ့ ဘောက်ထဲမှာ regedit  ဆိုတာလေးထည့် enter (သို့)
ok  ပေးလိုက်ပါနော်..အောက်မှာပုံလေးတိုင်းပေါ့.....။
အိုကေ  အဲလို ခေါ်လိုက်တာနဲ့  regedit ဆိုတဲ့ ဇယားကြီးတစ်ခုကျလာမှာ ဖြစ်ပါတယ်...ကြည့်လိုက်ပါ
 အတိုခေါက်အနေနဲ့  ( HKCU/Control Panel/Desktop  ) ပါ...
ပုံသေးနေရင် ကလစ်လိုက်ပါနော်...ဒါပေမယ့် သည်လို အစဉ်လိုက် သွားပေးပါ  လွယ်ပါတယ်....
HKEY-CURRENT-USER  ဆိုပြီးရှိမယ်  အဲတာကို ကလစ်ပါ...နောက် သူ့အောက်က..ပေါ်လာမဲ့ 
Contro Panel  နောက် ထပ် Desktop ဆိုပြီး တဆင့်ခြင်းနံပါတ်လေးတွေပြထားသလို ကလစ်ပေးလိုက်ပါ
ပြီးတာနဲ့ ညာဘက်ခြမ်းမှာ ရှိနေတဲ့ MenuShoeDelay ဆိုတဲ့စာတန်းလေးရှာပါ  တွေ့တာနဲ့ Double ကလစ်ပေးလိုက်ပါ  ဘောက်သေးသေးလေးကျလာမယ်.. ကျလာတဲ့ဘောက်ထဲက Value data နေရာက
နံပါတ်ကို  ဘာဘဲ ကျလာလာ   ( 0 )..သုည   ဟုပြောင်းပေးပြီး ok ပေးလိုက်ပါ...နော်
အဆင့်  (၂)  အနေနဲ့ကတော့...အောက်မှာ ဆက်ကြည့်ပါ.. သည်နေရာကဘဲ  ပြန်စမှာဖြစ်ပါတယ်..
                regedit ဇယားကြီးကို မဖျက်လိုက်ပါနဲကနော်..အဲထဲကဘဲဆက်သွားမယ်....
 အတိုခေါက်အနေနဲ့ကတော့   ( HKLM/SYSTEM/CurrentControlSet/Control )  ပါ။။။
ပုံသေးနေရင် ကလစ်လိုက်ပါနော်...ဒါပေမယ့် သည်လို အစဉ်လိုက် သွားပေးပါ  လွယ်ပါတယ်....
HKEY-LOCAL-MACHINE  ဆိုပြီးရှိမယ်  အဲတာကို ကလစ်ပါ...နောက် သူ့အောက်က..ပေါ်လာမဲ့
Syatem  နောက် ထပ် CurrentControlSet  နောက် Control ရဲ့ ညာဘက်ခြမ်းမှာရှိသော”Wait
toKill Services TimeOut”ကလစ်ပေးလိုက်ပါ ( နှစ်ချက်ကလစ်ပါ)
  ဘောက်သေးသေးလေးကျလာမယ်.. ကျလာတဲ့ဘောက်ထဲက Value data နေရာက
နံပါတ်ကို  ဘာဘဲ ကျလာလာ   ( 50 )..ငါးဆယ်  ဟုပြောင်းပေးပြီး ok ပေးလိုက်ပါ...နော်
အဆင့်   (၃)  အနေနဲ့ကတော့  ဆက်လက်ကြည့်လိုက်ပါနော်...
အတိုခေါက်အနေနဲ့ကတော့    ( HKEY-USER/S-1-5-19/Control Panel/Desktop )
ပုံသေးနေရင် ကလစ်လိုက်ပါနော်...ဒါပေမယ့် သည်လို အစဉ်လိုက် သွားပေးပါ  လွယ်ပါတယ်....

HKEY-USER  ဆိုပြီးရှိမယ်  အဲတာကို ကလစ်ပါ...နောက် သူ့အောက်က..ပေါ်လာမဲ့
S-1-5-19 နောက် ထပ် Control Panel အဲနောက် Desktop   တဆင့်ခြင်းနံပါတ်လေးတွေပြထားသလို ကလစ်ပေးလိုက်ပါ
ပြီးတာနဲ့ ညာဘက်ခြမ်းမှာ ရှိနေတဲ့ MenuShoeDelay ဆိုတဲ့စာတန်းလေးရှာပါ  တွေ့တာနဲ့ Double ကလစ်ပေးလိုက်ပါ  ဘောက်သေးသေးလေးကျလာမယ်.. ကျလာတဲ့ဘောက်ထဲက Value data နေရာက
နံပါတ်ကို  ဘာဘဲ ကျလာလာ   ( 0 )..သုည   ဟုပြောင်းပေးပြီး ok ပေးလိုက်ပါ...နော်
မှတ်ချက်...........
အပေါ်ကပြထားတဲ့အတိုင်း  HKEY-USER/S-1-5-19/Control Panel/Desktop  ကိုလုပ်ခဲ့သည်လိုဘဲ...
S-1-5-19  ရဲ့အောက်မှာကျန်နေသေးတဲ့  S-1-5-20  ကိုလည်းပဲ  အလားဆူ လုပ်ဆောင်ပေးလိုက်ပါ
ကဲ ဗျာ...ပီးသွားရင်တော့ Registry ထဲမှာ အနည်းငယ်လုပ်ပီးသွားပြီလို့ ဆိုရမယ်ဗျာ..…ကျွန်တော်တို့Window7မှာတော့ Registry
ပိုင်းကို အများကြီးလိုက်ပြင်ပေးစရာမလိုပါဘူး အကယ်လို့ သင်ဟာ WindowXP User ဆိုရင်တော့ တော်တော်လေး များမယ်ထင်တယ်..နော်...
ဆက်လက်လေ့လာရန်
============
 ဆက်လက်ရေးသွားပါ့မယ်..
ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်... လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ဘလော့ခရီးသည်နေရာလေးများ
www.ledimye.blogspot.com
www.aungsanmks.com
www.ninilayy.blogspot.com

Internet သုံးသော Computer များအတွက် Virus, Maleware, Keylogger ရန်တို့မှ ကင်းဝေးရန်




၁) ကျွန်မသုံးသော သုံးလေ့ရှိသော ... Virus, Keylogger, Malwarebytes, Hacking tool တွေ ရှာသော ကျွန်မရဲ့ အပေါင်းအသင်းများ

(1) Microsoft Security Essential
(2) Malwarebytes
(3) USB Disk Security
(4) CCleaner
(5) www.virustotal.com

(1) Microsoft Security Essential ကတော့ အများလက်ခံထားတဲ့ Virus တော်တော်များများကို သတ်ပေးနိုင်တယ်။ ဥပမာ (Win 32...)

 (2) Malwarebytes ကတော့ Internet မှာ ပါလာသော Trojan, Malware များ, Keylogger နှင့် Hacking tooll များကို Malwarebytes နဲ့ စစ်ရင် ပေါ်ပါတယ်။ မသင်္ကာဖွယ် Website တွေကိုလဲ ဖွင့်ခွင့်မပေးဘူး။

(3) USB Disk Security ကတော့ Computer သုံးသူတိုင်း USB Thumb Drive များ SD Card များကို မလွဲမသွေ သုံးရမှာပါ။ သူက Virus အားလုံးကို မသတ်နိုင်ပေမယ့် တကယ်ကို အသုံးဝင်ပါတယ်။ ကျွန်မတော့ Window တင်ပြီးတိုင်း သူ့ကို မပါမဖြစ်ကို ခေါ်ထားရတယ်။ တခုတော့ရှိတယ်နော် Activate လုပ်ထားမှ သူက သတ်ပေးတာပါ။

(4) CCleaner ကို Recent file များ၊ Temp File များ၊ Recycle Bin မှ File များ အားလုံးကို ရှင်းလင်းရန်၊ Registry Error များကို ရှင်းရန်၊ မိမိမလိုအပ်သော Program များကို Uninstall လုပ်ရန်အတွက် အဓိက သုံးပါတယ်။ ပုံမှန်ဆိုရင် ၂ရက်တခါ ၃ရက်တခါလောက် CCleaner လေးနဲ့ သန့်ရှင်းရေးလုပ်ဖြစ်တယ်။ Registry Error ကိုတော့ မိမိစက်မှာ Virus တွေ့ထားတဲ့အခါ Full Scan နဲ့ စစ်ပြီးရင်တော့ သုံးပါတယ်။ ဒီကောင်လေးက ကြည့်တော့သာဘာမှ မဟုတ်တာ တကယ့်ဆရာပဲနော်။

(5) www.virustotal.com ကို File များ Virus, Maleware, Keylogger, ... တို့ပါမပါစစ်ရန်၊ ခု ဒီဘက်ခေတ်မှာ အကောင့်ဟက်ချင်သူတွေရဲ့ လက်စွဲ RAT, Keylogger ကပ်ထားတဲ့ အမြင်ကပ်စရာကောင်းတဲ့ လင့်တွေကိုလဲ Download မလုပ်မီ အရင် စစ်သင့်ပါတယ်။ မစစ်ပဲ Download လုပ်ပီးပါလာရင် တယောက်နဲ့တယောက် မုန်းတာပဲရမယ်လေ။ ကြိုပြီးစစ်ပါလို့ ပြောချင်ပါတယ်ရှင်...

အကြံပြုချက်
အသုံးပြုနေရင်း စက်က ပုံမှန်ထက် ပိုလေးလာသည်ဖြစ်စေ၊ File တွေ Software တွေ ဖွင့်ရတာ အနှောက်အယှက် တခုခု ဖြစ်လာရင် MSD (or other antivirus) update ဖြစ်နေသော Software ဖြင့် Full Scan စစ်စေချင်ပါတယ်။ အချိန်ပေးရသလို တကယ်လဲ ထိထိရောက်ရောက် ရှာပေးပါတယ်။ နောက်တဆင့် Malwarebytes နဲ့လဲ Scan စစ်ပေးပါ။ အားလုံးစစ်လို့ပြီးရင် Compuer ကို Restart ချပေးပါ။ ပြီးရင် CCleaner နဲ့ Clean လုပ်ပေးပါ။ (Virus effect ကြောင့် error ဖြစ်နိုင်သဖြင့်) CCleaner နဲ့ Registry Error ကိုလဲ ရှင်းပေးပါ။ အားလုံးပြီးပြီဆိုရင် Computer ကို Restart ပြန်လုပ်ပေးပါ။

ကျွန်မရေးသားသော နည်းပညာအတွေ့အကြုံများကို နှစ်သက်သလို ဖြန့်ဝေနိုင်ပါတယ်

လေးစားစွာဖြင့်
မိုး