Saturday, July 19, 2014

Photoshop ဖြင့် ပါတ်စပို့ပုံရှစ်ပုံ ဖန်တီးခြင်း


ဒီနည်းလေးကို ကျနော်သဘောကျလို့ တင်ပေးလိုက်တာပါ..။ အရင်တုန်းက ဝဘ်ဆိုဒ်တစ်ခုမှာ ဒီလိုပါတ်စပို့ပုံ လုပ်နည်းလေး ရှိခဲ့ဖူးပါတယ်..။ အခုအဲဒီဆိုဒ်က ပြန်ပြင်နေတာ အတော်ကြာနေပါပြီ..။ ဒီနည်းလေးကိုလည်း ကျနော်ဒီစာရေးတဲ့အချိန်ထိ အဲဒီဆိုဒ်မှာ ပြန်ရှာလို့ မတွေ့သေးပါဘူး..။ ဒါကြောင့် ဒီနည်းလေးကို ကျနော်နားလည်သလို ပြန်ပြီးရှင်းပြရင်းနဲ့ တန်ဖိုးရှိတဲ့ နည်းလမ်းလေးတွေ ပျောက်ကွယ်မသွားအောင် ကျနော့်ဆိုဒ်မှာ တင်ပေးလိုက်ပါတယ်..။ လုပ်နည်းတော့ နည်းနည်းရှုပ်ပါတယ်..။ တဆင့်ချင်းစီ ကြည့်သွားလိုက်ရင်တော့ တတ်သွားမှာပါ..။
ဒီမှာတော့ ဝင်းဒိုးထဲမှာပါတဲ့ ပုံလေးနဲ့ပဲ ပြပေးလိုက်ပါတယ်..။ တတ်အောင်သင်တဲ့ အနေနဲ့ ဘယ်ပုံနဲ့စမ်စမ်း အဆင်ပြေပါတယ်..။ တကယ်လုပ်တတ်သွားပြီ ဆိုတော့မှ မိမိတို့ရဲ့ ပုံလေးတွေနဲ့ လုပ်ကြည့်ရင်လည်း ရပါတယ်..။ ကဲစလိုက်ရအောင်

အဆင့်(၁)...
အရင်ဆုံး မိမိတို့ရဲ့ ပုံတပုံကို အောက်မှာပြထားတဲ့ ပုံလေးအတိုင်းယူလိုက်ပါ..။ ဒီပုံလေးတွေမှာ ပြထားတဲ့အတိုင်း နံပါတ်စဉ်နဲ့ အဆင့်လေးတွေကို မိမိတို့ နားလည်သလို စာအုပ်လေးနဲ့ လိုက်ရေး မှတ်လိုက်ရင် ပိုပြီအတတ်မြန်မယ်လို့ ထင်ပါတယ်..။


အဆင့်(၂)...
ဒီအဆင့်မှာတော့ မိမိတို့ ပြုလုပ်မယ့်ပုံလေးကို Crop Tool (C) လေးနဲ့ ဖြတ်မှာဖြစ်တဲ့အတွက် အဲဒီတူးလေးကို ကလစ်လိုက်ပါ..။ ပြီးရင်တော့ အောက်ကပုံမှာ ပြထားသလို 2,3,4 အကွက်တွေမှာ နံပါတ်တွေ ရိုက်ထည့်ပေးပါ..။ (2, မှာ 1.5 in) - (3, မှာ 2 in) - (4, မှာ 300) လို့ရိုက်ထည့်လိုက်ပါ..။ inch ဆိုတာက လက်မကိုပြောတာပါ..။ အားလုံးပြင်ဆင်ပြီးရင်တော့ နောက်တဆင့်မှာ ပုံကိုဖြတ်ပါမယ်..။


အဆင့်(၃)...
ဒီအဆင့်မှာ ပုံကိုဖြတ်တဲ့အခါ မိမိတို့ စိတ်ကြိုက် လိုတဲ့နေရာလေးကိုပဲ ကွက်ဖြတ်လို့ ရပါတယ်..။ ပုံကိုကြီးကြီးပဲဖြတ်ဖြတ်၊ သေးသေးပဲဖြတ်ဖြတ် ရလာတဲ့ပုံကတော့ အပေါ်မှာ ကွန်မန်းပေးပြီး နံပါတ်တွေ ရိုက်ထည့်လိုက်တဲ့အတိုင်း တစ်လက်မခွဲ၊ နှစ်လက်မဆိုဒ်ပဲ ထွက်လာမှာပါ..။ ဒါကြောင့် ပုံကို ကြည့်ကောင်းအောင် ဖြတ်တတ်ဖို့ လိုပါတယ်..။ ဘေးနှစ်ဘက်နဲ့ အပေါ်အောက် ကြည့်ကောင်းအောင် သေချာချိန်ဖြတ်ပါ..။ ဖြတ်ပြီးရင်တော့ 2 နေရာက အမှန်ခြစ်ကို ကလစ်ပေးလိုက်ပါ..။


မိမိတို့ဖြတ်လိုက်တဲ့ပုံဟာ ဒီအောက်ကပုံလေးအတိုင်း ရလာပါပြီ..။ ရလာတဲ့ပုံကို နောက်ဆင့်မှာ ပြုပြင်ပြီး အရင်သိမ်းရပါမယ်..။ နောက်တဆင့်မှာ ဆက်ကြည့်လိုက်ပါ..။


အဆင့်(၄)...
ဒီအဆင့်ကတော့ ပုံကိုဘေးသားလေးတွေမှာ အဖြူဘောင်လေးထွက်လာအောင်၊ ဘောင်ကွတ်ပေးရပါမယ်.။  
ဒါကြောင့် ပုံမှာပြထားတဲ့အတိုင်း မီနူးဘာတန်းက Select နှင့် All ကို တချက်ချင်းစီ ကလစ်ပါ..။ အဲလိုကလစ်ပြီးရင်တော့ ပုံရဲ့ဘေးဘောင်လေးတွေမှာ ပုရွက်ဆိတ်လေးတွေ ပြေးနေသလို.. ကြိုးတန်းလေးပြေးနေပါလိမ့်မယ်..။ 


အဆင့်(၅)... 
အပေါ်ကအတိုင်းပြီးရင်တော့ ဒီအဆင့်မှာ ပုံရဲ့ဘေးပါတ်လည်မှာ အဖြူကြောင်းလေး ထည့်မှာပါ..။ ဒါကြောင့် မီနူးဘားတန်းက Edit ကိုကလစ်လိုက်ပါ..။ ပုံမှာပြထားတဲ့အတိုင်း နံပါတ်စဉ်တိုင်းနှိပ်သွားလိုက်ပါ..။ ဒီနေရာမှာ တခုချင်းစီလိုက်ရေးပြနေရင် ရှုပ်သွားနိုင်ပါတယ်.။ ဒါကြောင့် ပုံလေးတွေကိုကြည့်ပြီး လုပ်သွားလိုက်ပါဗျာ..


အဆင့်(၆)...
အောက်ကပုံအတိုင်း ပုံရဲ့ဘေးမှာ အဖြူကြောင်းလေး ထွက်လာပြီဆိုရင် အဲဒီပြင်ဆင်ပြီးသားပုံလေးကို Define Pattern ထဲမှာ သွာသိမ်းလိုက်ပါ..။ အဲလိုသိမ်းနည်းလေးကိုတော့ အောက်ကပုံလေးမှာ နံပါတ်လေးတွေနဲ့ ပြထားပါတယ်..။ နံပါတ်စဉ်တိုင်း နှိပ်သွားပေးလိုက်ပါ..။


အဆင့်(၇)...
အပေါ်ကအတိုင်း ပုံကိုသိမ်းပြီး သွားရင်တော့ အောက်ကပုံမှာပြထားတဲ့ အတိုင်း width-6 , height-4 , နဲ့ Resolution-300 ကို အောက်ပုံရဲ့ 3 နေရာတွေမှာ ရိုက်ထည့်ပေးပါ..။ 4 နေရာကတော့ အားလုံး Inches ဖြစ်နေရပါမယ်..။ ပြီးရင်တော့ OK နှိပ်ပါ..။


အောက်ကပုံအတိုင်း အမိန့်ပေးထားတဲ့ စာရွက်အဖြူတရွက် ရလာပါပြီ..။ အဲဒီစာရွက်ပေါ်မှာ စောစောန ကျနော်သိမ်းလိုက်တဲ့ ပုံကို သွားပြန်ယူပြီး ထည့်မှာ ဖြစ်ပါတယ်..။ အောက်ကပုံမှာ ဆက်ကြည့်လိုက်ပါဗျာ..။


အဆင့်(၈)...
ဒီအဆင့်မှာတော့ ကျနော်သိမ်းလိုက်တဲ့ ပုံကို သွားပြန်ယူမှာဖြစ်တဲ့အတွက် မီနူးဘားတန်းက Edit ကိုအရင် ကလစ်ပါ..။ ပြီးရင်တော့ အောက်ကပုံအတိုင်းသွားပြီး နံပါတ်စဉ်တိုင်း လိုက်ကြည့်သွားပေးပါ..။ မိမိတို့ သိမ်းတဲ့ပုံကို ရှာမတွေမှာ စိုးလို့ အဆင့်ချင်းစီ သေချာကြည့်ပေးပါ..။


အပေါ်ပုံအတိုင်း အားလုံးပြီးသွားရင်တော့ ဒီအောက်မှာ ပြထားတဲ့အတိုင်း ပါတ်စပို့ပုံ ရှစ်ပုံ ထွက်လာပါပြီ..။  နောက်အဆင့်တွေကတော့ ထွက်လာတဲ့ပုံကို Desktop မှာသိမ်းတာဖြစ်လို့ သိပ်မခက်တော့ ပါဘူး..။ 


အောက်ပုံမှာ Desktop, နာမည်နဲ့ JPEG ပြောင်းပေးပြီ Save ကိုနှိပ်လိုက်ပါ..။



အောက်မှာတော့ ကျနော်လုပ်ထားတဲ့ ပုံလေးတွေကို ပြပေးလိုက်ပါတယ်.. အားလုံးပဲအဆင်ပြေကြပါစေဗျာ...


Friday, July 18, 2014

အဟတ်ခံရတဲ့ Facebook အကောင့်ပြန်ယူနည်း


ဗဟုသုတအနေနဲ့တင်ပေးခြင်းဖြစ်တဲ့အတွက် ကောင်းတဲ့ဘက်မှာ အသုံးချဖို့မှာချင်ပါတယ်။ဒါဟာ Hacking အစစ် မဟုတ်ပါဘူး။ဒါပေမယ့် မိမိအကောင့်ကို သူများက Hack သွားတဲ့အခါတွေမှာ ရာခိုင်နှုန်းပြည့် အသုံးဝင်မယ့်နည်းလမ်းလေးပါ။သူက Email တို့ Phone တို့ကနေတစ်ဆင့် Reset Code တောင်းစရာမလိုဘဲ ၊ Security Question တွေဖြေစရာမလိုဘဲ Reset Password လုပ်ရမယ့်နေရာကို တန်းသွားတဲ့နည်းလေးပါ။


https://www.facebook.com/hacked

ဆိုတဲ့ Link ကိုသွားလိုက်ပါ။


Report Compromised Account ဆိုတာလေးကို ရောက်သွားပါလိမ့်မယ်။My account is compromised ဆိုတာလေးကို နှိပ်လိုက်ပါ။
Enter a Current or Ole Password ဆိုတဲ့အဆင့်လေးကို ရောက်သွားပါလိမ့်မယ်။
အဲ့လိုဆိုသဘောပေါက်မှာပါ။မိမိအသုံးပြုခဲ့တဲ့ Password ကို ဖြည့်ပေးလိုက်ပါ။ပြီးရင်တော့ Reset password လေးမှာ မိမိလောက်ဘဲသိမယ့် လျှို့ဝှက် နံဘက်လေးထည့်ပေးပြီး မိမိအကောင့်ရဲ့ Security အတွက် data တွေကို ပြန်လည်ပြင်ယူလိုက်ပါ။ပျော်ရွှင်ကြပါစေခဗျာ။အဆင်ပြေကြမယ်လို့ ထင်ပါတယ်။
                                                     မူရင်းလင့်လေးပါ 

အောင်အောင်(မကစ) ရဲ့ ဘလော့ခရီးသည်လေးအား အားပေးနေကြတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်.. တုန့်ပြန်မှုအနေနဲ့ fb like လေးတော့ လုပ်ပေးခဲ့ကြပါနော်.. တတ်စွမ်းသမျှ တွေ့ ရှိသမျှလေးတွေကို ပြန်လည် မျှဝေနေပါ့မယ်...။ အဆင်မပြေတာများရှိခဲ့ပါက...cbox မှာ ပြောခဲ့ကြပါနော်..
<<< မန်ဘာဝင်ပြီး... Fb Like ခြင်းဖြင့် အားပေးကြပါနော် >>>
အောင်အောင်(မကစ) ပိုင်ဆိုင်သော နေရာလေးများကိုလာလည်ကြပါ။

www.aungsanmks.blogspot.com
www.ledimyethar.com
www.ninilayy.com

Thursday, July 17, 2014

♪ အင်တာနက်လိုင်းဆွဲအားကို 200% ထိမြှင့်တင်ပေးနိုင်တဲ့ - Internet Cyclone 2.21 + Keygen ♫

http://www.melidownload.com/img/software/internet-cyclone.jpg

ခေါင်းစဉ်လေးနဲ့တင်ဘဲ အတော်လေးကို လန်းနေပြီဗျာ။ ပထမတစ်ကြိမ်တင်ပေးတုန်းကလည်း လူကြိုက် အတော်လေးများပါတယ်။ အခုလည်း Version အသစ်ထွက်လာလို့ ထပ်တင်ပေးလိုက်တာပါ အင်တာနက် လိုင်းဆွဲအားကို 200%  လောက်ကို Speed Up လုပ်ပေးနိုင်တယ်ဆိုတော့ ကျွန်တော်တို့မြန်မာနိုင်ငံအတွက် အသင့်တော်ဆုံးဖြစ်မှာပါ။ Window XP , Vista , Window 7 , 8 အားလုံးမှာ အလုပ်လုပ်ပါတယ်။ အသုံးပြုပုံ ကလည်းလွယ်ပါတယ်။ မိမိအသုံးပြု နေ တဲ့ Type ကိုရွေးခြယ်ပေးပြီး Optimize ကို နှိပ်လိုက်ပါ။ ပြီး ရင် Restart ချပြီး ပြန်တက်လာတာနဲ့ အင်တာနက် လိုင်းဆွဲအားပိုမြန်လာမှာဖြစ်ပါတယ်။ ကျွန်တော်လည်း ရရခြင်းစမ်းသပ်ပြီးအသုံးပြုနေတုန်းပါဘဲ။ အမြဲတမ်း အသုံးပြုနိုင်အောင် Keygen ကိုပါထည့်ပေးလိုက်ပါ တယ်ဗျာ။ အသေးစိတ် ကိုတော့ အောက်မှာ မူရင်းအတိုင်း ဘဲလေ့လာနိုင်ပါတယ်ဗျာ။



http://www.mediaket.net/images/stories/internet_cyclone.jpg 
Internet Cyclone is a very useful and complex connection optimization utility that comes with many features. It is compatible with all modems and high-speed LAN, ISDN, CABLE, DSL, T1 or other connections. 
Internet Cyclone is a powerful, easy-to-use, Internet Optimizer designed to automatically optimize your Windows settings which will boost your Internet connection up to 200%.
Using this application, you can improve your browsing and downloading speed and enhance the online gaming experience.

Features:
* Internet Cyclone optimizes your Windows settings automatically or you can customize them.
* You can speed internet connection without changing your Hardware.
* Works with All Browsers.
* It is compatible with all Dial-Up modems and high speed LAN, CABLE, DSL, DSL (PPPoE), T1 or other connections.
* Internet Cyclone will speed up web surfing, online gaming, e-mailing, chat and video conference and it will even speed up downloads.

What's New in This Release:
* Fixed some minor bugs
* Improved acceleration settings

Homepage: www.jordysoft.com

How to install:
1. Run the setup, install the program
2. Enjoy full version!



Wednesday, July 9, 2014

ios 7.11 အတွက် Jailbreak နှင့် မြန်မာ ဖောင့် ကီးဘုတ် သွင်းနည်း


ဒီနေ့မှာပဲ iOS 7.1 နဲ့ iOS 7.1.1 ကို jailbreak ပြုလုပ်နိုင်မဲ့ Pangu လို့ခေါ်တဲ့ App တစ်ခုထွက်ပေါ်လာပါတယ်။
Jailbreak လုပ်နိုင်မဲ့ iOS Device တွေကတော့…
iPhone 4
iPhone 4S
iPhone 5
iPhone 5C
iPhoen 5S
iPad Air

အောက်ပါ iOS Device တွေမှာတော့ jailbreak ပြုလုပ်နိုင်မှာမဟုတ်ပါဘူး
iPad 2
New iPad (iPad 3)
Forth generation iPad (iPad 4)
iPad mini
iPad mini with retina display (iPad mini 2)
iPod 5
Pangu ကိုအသုံးပြုမယ်ဆိုရင်တော့ အောက်ပါအဆင့်အတိုင်းပြုလုပ်နိုင်ပါတယ်။
(For Windows)
၁။ Pangu ကို Download လုပ်ပါ။
၂။ iTunes Latest Version သွင်းထားပါ။ Backup လုပ်ထားပါ။
၃။ USB ကိုအသုံးပြုပြီး Computer နဲ့ချိတ်ဆက်ကာ jailbreak လုပ်နိုင်ပြီဖြစ်ပါတယ်။
၎။ Software ကို windows ပေါ်မှာဖွင့်ပါ။ iOS Device မှ Date ကို ၆ ရက် ၂ လ ၂၀၁၄ သို့ပြောင်းပါ။
၅။ အမဲရောင် ခလုပ်လေးကိုနှိပ်ပါ။
၆။ တစ်ဝက်လောက်မှာရပ်သွားရင် ဖုန်းကို unlock လုပ်ပြီး pangu ပုံလေးကိုနှိပ်ပါ။ continue နှိပ်ပါ။ restart ကျတာစောင့်ပါ။
၇။ jailbreak လုပ်ပြီးဖြစ်သွားပါလိမ့်မယ်။


မြန်မာဖောင့် နှင့် ကီးဘုတ်သွင်း နည်း
မြန်မာဖောင့်နှင့်ကီးဘုတ်သွင်းရန် ကျွန်တော် Repo ကို Add ပေးပါ
Cydia > Sources > Edit > Add >http://cydia.myrepospace.com/komin27/
Add ပြီးလျှင် Komin27 Source ထည်းကိုဝင်ပါZawgyi iOS 7 Font ကိုရှာပြီး install ပါ
Keyboard အတွက် MMKeyboard for iOS 7+ ကို install ပေးပါ ခင်ဗျ
အဲဆို Jailbreak နဲ့ မြန်မာစာသွင်းတာပြီးဆုံးပါပြီ အားလုံး အဆင်ပြေကြပါစေ။
 

Monday, July 7, 2014

photoshoto(ဘွဲ့ ဝတ်စုံများ)

ဒါလေးကတော့ photoshow ဘွဲ့ဝတ်စုံတွေနဲ့လုပ်ဆောင်နိုင်ပါတယ် အသုံးလိုတဲ့ သူငယ်ချင်းတွေအောက် ပုံကြည့်ပြီးလွယ်ကူစွာဒေါင်းပါနော် ကျွန်တော် လိုအပ်သူတွေ လွယ်ကူစွာ ရှာဖွေနိုင်အောင် ဆရာ့ ဆရာများထံမှ ကူယူမျှဝေ နေတာပါ ကျွန်တော်ကိုယ်ပိုင်းနည်းလမ်းတွေလဲ မကြာ မကြာ အားရင်တင်ပေးနေမှာပါ ကျွန်တော်တင်သောပိုစ်တွေမှာ အမှားတွေပါရင်တော့ အားလုံးခွင့်လွက်ပေးပါလို့ပြောလိုက်ပါရစေ


DOWNLOAD

မူရင်းလင့်

psd clothes for photoshop ဖိုတိုရှော့အတွက် အကျီင်္ဖိုင်အရှင်များရပြီ

photoshow သုံးသူတွေအတွက် အလွယ်ဆုံးနဲ့ အကောင်းဆုံးလုပ်ဆောင်နိုင်အောင် ရှာဖွေပြီ ပြန်လည်မျှဝေပေးလိုက်ပ်တယ်နော် ပုံမှာမြင်တဲ့တိုင်းဘဲ ထွေထွေထူထူ ပြောစရာမလို့တော့ပါဘူး အသုံးလိုရင်တော့ အောက်မှာ လွယ်ကူစွာဒေါင်နိုင်းပါတယ် သူငယ်ချင်းများ

http://www.yangetharlay.com

Saturday, July 5, 2014

PhotoSuite 3 Photo Editor Version 3.2.309 For Android

Android ဖုန်းနဲ့ အရည်အသွေးကောင်း ရုပ်ထွက်လန်းတဲ့ ဓာတ်ပုံတွေဖြစ်အောင် Edit ချင်သူတွေအတွက် PhotoSuite 3 Photo Editor v 3.2.309  for Android ကိုတင်ပေးလိုက်ပါတယ်။ ဒီဆော့ဝဲကိုအသုံးပြုဖြင့် မိမိတို့ရိုက်ကူးထားသော ဓာတ်ပုံများကို Effect များထည့်ပြီးဖန်တီးနိုင်ခြင်း၊ဓာတ်ပုံကို
တစ်ပုံနှင့်တစ်ပုံပေါင်းစပ်နိုင်ခြင်း၊ဓာတ်ပုံတွေကို Grid ဆွဲပြီး ပေါင်းစပ်ခြင်း၊Sketching Pictures များရေးဆွဲနိုင်ခြင်းပြုလုပ်နိုင်မှာပါ.. ကွန်ပျူတာပေါ်မှာဓာတ်ပုံပြင် photoshop  ဆော့ဝဲအလန်းစားကိုသုံးနေရသလိုမျိုးကိုခံစားရစေမှာပါ။ အရမ်းကောင်းတဲ့ ဓာတ်ပုံပြင်တဲ့ဆော့ဝဲလေးပါ။ ဒီဆော့ဝဲလေးကို Google Play မှာ $3.12 ဒေါ်လာနဲ့ဝယ်ယူရရှိနိုင်ပြီးမှာ ကျနော်ဆိုဒ်မှာ ပြန်လည်းအမျှဝေပေးခြင်းဖြစ်ပါတယ်။ဒီကောင်းကိုကျနော်ကိုယ်တိုင်ကြိုက်လိုသွားသွားဝယ်
ယူခြင်းဖြစ်ပါတယ် ။နိုင်ငံခြားဆိုဒ်မှာ Free တော့ ၇ပါတယ် ဒါပဲ့ တစ်လ သာသုံးခွင့်ရှိကြောင်းကျနော်ကိုယ်တိုင်းသွား၇ခြင်းဖြစ်ပါတယ်။ ဘော့တော်တွေကတော့ဝယ်စ၇ာမလိုတော့ဘူး
ကျနော်ဆိုဒ်မှာ Free ပေါ့ဗျာ့။ ကဲသသုံးမယ်ဆိုရင်အောက်မှာဒေါင်းလိုက်ပါတော့ဗျာ။

Download Here
===

Monday, June 30, 2014

Samsaung Glaxy S III ရဲ့ Version-4.3 တွေကို မြန်မာစာထည့်နည်း-Root ဖေါက်နည်း

 
 မင်္ဂလာပါ ကျွန်တော် ခုရေးတာလေးကတော့  Android 4.3 တွေမှာ ဖြစ်နေတဲ့ ပြသနာလေးကို
ကျနော် ဖြေရှင်းလို့ရတဲ့နည်းလေးအတိုင်းပါ  မြန်မာစာတွေ ထည့်မရ root မရဖြစ်တတ်တာလေးကို
သိသလို ဖြေရှင်း မျှဝေလိုက်ခြင်းဖြစ်ပါတယ်နော်...
S3 4.3 လေးကိုကျနော် လက်တွေ့ စမ်းသတ်ပြီးတော့ မျှဝေလိုက်ခြင်းပါ Setting>>font style>>ကနေ zawgyi one ချိန်းတဲ့ခါတွေမှာ အပေါ်ကပုံတိုင်းဖြစ်နေကြတာများတယ်...
ကဲအဲလိုဖြစ်နေရင် ရှင်းကြည့်ရအောင်နော်
ပထမဆုံး လိုအပ်တာလေးတွေ အရင်ဒေါင်းလိုက်ပါနော်
 ဒါက Odin နဲ့ဝင် ROOT ဖို့အတွက်ပါ
 OR 
ဒါကတော့ Vroot နဲ့ ROOT ဖို့ပါ
မြန်မာစာအတွက် သုံးရန်
( 0R )
မြန်မာစာ မမှန်သေးပါက အောက်ကဟာလေးထည့်လိုက်ပါ
        ကီးဘုတ်များလိုအပ်ပါက        
ကဲ လုပ်နည်းတွေပြောမယ်နော်... မိမိတို့ဖုန်းကိုတော့ ဘာဘဲဖြစ်ဖြစ် usb debbugging ဆိုတာတော့ ဖွင့်ထားရမှာ ဖြစ်ပါတယ်... နည်းလမ်းကို       သည်မှာ        ၀င်ကြည့်လိုက်ပါ။

ကွန်ပျူတာမလိုအပ်ဘဲ ဖုန်းမှာ ROOT မယ်ဆိုရင်တော့    သည်မှာ      လေ့လာုလိက်ပါနော်။

 Vroot နဲ့ လုပ်တာကိုပြောပြပါ့မယ်  Vroot ဆိုတာကို ကွန်ပျူတာမှာ ဒေါင်းပြီး Install ပေးလိုက်ပါနော်
နောက် ကွန်ပျူတာပေါ်မှာ ဘဲ ဖွင့်လိုက်ပါ...
နောက် ဖုန်းကို ချိတ်ဆက်ပေးလိုက်ပါ ခဏစောင့်ပါ Vroot မှာ ဖုန်းနဲ့ကွန်ပျူတာ ချိတ်ဆက်မိပြီဆိုတာနဲ့
ဖုန်းပုံလေး ပေါ်နေပါလိမ့်မယ်  မပေါ်ပါက ကွန်ပျူတာနဲ့ ဖုန်း မသိသေးတဲ့အတွက် ဖြစ်ပါလိမ့်မယ်..
အဲတွက် ကွန်ပျူတာမှာ Samsaung Driver ကိုဒေါင်းပြီး အင်စတောပေးပါ အပေါ်မှာပေးထားပါတယ်။
အိုကေ ဖုန်းမှာလည်း usb debbugging ကို On ပေးထားပြီဆို သိလာပါလိမ့်မယ်..
ဒါဆို ဖုန်းပုံလေးပေါ်တာနဲ့ root စတင် လိုက်ပါနော်... ခဏလေးဘဲ ကြာပါတယ်..
ဖုန်းအော်တို restart ကြပြန်တက်လာတာနဲ့ မိမိတို့ဖုန်းပေါ်မှာ root access ပြထားပါမယ်...
အဲတာဆိုရပါပြီ... လိုအပ်တဲ့ အပေါ်ကမြန်မာစာအတွက် ဆော့ဝဲလ်တွေ ဒေါင်း ဖုန်း memory card မှာထည့်ပြီး install လုပ်ပေးလိုက်ပါ...
( 0R )
ကိုသုံးနိုင်ပါတယ်... 

အဲတာကို ဖုန်းမှာ open ပြီး မြန်မာစာ ချိန်းပေးလိုက်တာနဲ့ ရပါပြီ...

    နောက် အဲနည်းမှမရခဲ့ပါက  Odin ကနေ၀င် root ကြမယ်

အိုကေ အပေါ်မှာ ဒေါင်းဖို့ပေးထားပါတယ်  Odin  နဲ့ CF Auto root ကိုပါ..
cfautoroot  ဆိုတဲ့ zip ဖိုင်လေးကို ဒေါင်းပြီး ကွန်ပျူတာမှာ extract လုပ်ပေးလိုက်ပါ  ဖိုင်အ၀ါလေးတခုထွက်လာမယ် အဲထဲကမှ   cf auto root ဖိုင်လေးကို ဒက်စတော့ပေါ် ခဏထားလိုက်ပါ
 အိုကေ ဒါဆို ဒေါင်းထားတဲ့ Odin လေးနဲ့ အသုံးပြုပြမယ်နော်...အိုကေ စတော့မယ်ဆိုတော့ မိမိ တို့ ဖုန်းကို ပါဝါပိတ်လိုက်ပါ Download Mode ကိုဝင်မှာ ဖြစ်ပါတယ်
ဖုန်းကို Download Mode ထဲဝင်ဖို့ရန် Vol Down + Home + Power အဲ့ခုလုတ် 3 ခုကိုနှိပ်၍ စာတတ်လာသောအခါ Vol Up ကို တစ်ချက်နှိပ်လိုက်ပါ Downloading...... ဆိုပြီး ပြနေပါပြီ ဖုန်းကို PC မှာ ကြိုးချိတ်လိုက်ပါ ။

 ကွန်ပျူတာ ဖိုင်ကိုရောက်မယ် စောစောက မိမိတို့ ထားတဲ့ ဒက်စတော့ပေါ်က CF Auto root ဖိုင်လေးဆီကို သွားမယ်
ပုံထဲကတိုင်း ကလစ်ပေးလိုက်ပါ ဒါဆို အဲဖိုင်လေး Odin ထဲကိုရောက်မှာဖြစ်ပါတယ်
AP ထဲမှာ ဖိုင်လေးရောက်ပြီ ဆိုတာနဲ့ အောက်က START  ဆိုတာကလ်စလိုက်ပါ
ခဏစောင့်ပေးပါ အပေါ်မှာ အစိမ်းတန်းလေးပြေးနေမယ် ပြည့်တာနဲ့ မိမိဖုန်း ပါဝါ RESTART ကြမယ် ပြန်တက်လာတာနဲ့ အိုကေပါပြီ....
 မြန်မာစာအတွက်ကတော့ အပေါ်မှာ ပေးထားတဲ့ Fontchanger ( သို့ ) MMAD Smart Zawgyi ကိုသုံးနိုင်ပါတယ်..နော်....
တခြားမြန်မာစာ မှန်တဲ့ နည်းလမ်းတွေ apk တွေလည်းအသုံးပြုနိုင်ပါတယ်..
ဒါလေးကတော့ ကျွန်တော် လက်တွေ့ စမ်းသတ် ထားတဲ့ နည်းလေးဖြစ်တာမို့ တင်ပြလိုက်တာပါ..
မြန်မာစာ မမှန်သေးပါက mm font installer ဆိုတာလေး အင်စတောပေးလိုက်ပါ..
အဆင်ပြေပါစေ....

Root မလို မြန်မာစာ

ကျွန်တော်အရင်ထုတ်မယ်ဆိုတဲ့ Root မလိုတဲ့ မြန်မာဖောင့်ပါ အရင်က မဖြစ်နိုင်ဘူး လှောင်တာပြောင်တာခံရပါသေးတယ် အရင်က apk နဲ့ ထုတ်မလို့ ကျွန်တော်ပညာ အားနည်းလို့ မထုတ်နိုင်တော့ပါ ရနေတာကြာပါပြီ အမြင်ကတ်လို့ မတင်တာပါ အခုတော့ တင်ပေးလိုက်ပါပြီ ကြိုက်ရင်ဒေါင်းပါ မကြိုက်ရင် ကျော်သွားပါ ဒါပါဘဲ ခဗျားတို့ အဆင်ပြေရင် ပျော်ပါတယ် အဆင်မပြောတာရှိလဲပြောကြပေါ့ မူရင်းလင့်ကနေရှယ်ပေးပါ ဘယ်လောက်ဒေါင်းလဲသိချင်လို့ ပါ အလုံးတိုင်းမရရင်တော့မဆဲနဲ့ ပေါ့ မရတဲ့ အလုံးတွေရဲ့ model, build number နဲ့ android version တော့ ပြန်ပြောခဲ့ ကြပါ update လုပ်နိုင်အောင် လို့ ပါ ကျေးဇူးတင်ပါတယ်။

Android ဖုန်းများအား ကွန်ပျူတာမလိုပဲ Root ဖေါက်ပြီး မြန်မာစာထည့်နည်း

Lenovo A516 Android 4.2.2 ဖုန်းအား Baidu Root APK ဖြင့် Root ဖေါက်ပြီး မြန်မာစာထည့်နည်း
ဒီဆော့ဝဲလ်လေးတွေနဲ့ ဒီပိုစ့်ကို တင်ပေးဖို့ ပုံတွေစုထားတာ အနည်းငယ် ကြာသွားပါပြီ..။ အရင် တစ်လကျော်လောက် ကတည်းက Lenovo Android စမတ်ဖုန်းတွေ ဈေးကျလာတဲ့အတွက် မြန်မာပြည်သားများ အသုံးပြုတာလည်း များလာပါတယ်..။ မြန်မာစာ ထည့်ပေးဖို့.. ဖုန်းအသစ်ဝယ်ပြီးတိုင်း ကျနော့်ဆီကို ရောက်လာတတ်တဲ့သူငယ်ချင်းတွေ ရှိတာကြောင့် ကွန်ပျူတာမလိုပဲ အလွယ်တကူ လုပ်ပေးလို့ ရတဲ့ Root တူး လေးတွေနဲ့ မြန်မာဖေါင့် Zawgyi Changer လေးတွေကို ရှာဖွေ စုဆောင်းထားတဲ့ထဲက ဒီ Lenovo ဖုန်းတွေနဲ့ အဆင်ပြေစေတဲ့ APK လေးတွေကို ဒီပိုစ့်နဲ့ အတူ စုပြီး တင်ပေးလိုက်ပါတယ်..။ Lenovo Android 4.2.2 တွေကို Root ဖေါက်နိုင်တဲ့ APK လေးကတော့ Baidu 2.3.9 တရုတ် Root apk လေးပဲ ဖြစ်ပါတယ်..။ နောက်ဆုံးထွက် ဗါးရှင်းလေးပါ..။ တရုတ်ဘာသာနဲ့ပဲ အသုံးပြုရမှာ ဖြစ်ပါတယ်..။ ကျနော် တရုတ်စာ တတ်လို့ မဟုတ်ပါ..။ ရမ်းနှိပ်ရင်း မှန်သွားလို့၊ ဒီကောင်လေးကို အသုံးပြုတတ်အောင်ပါ နှိပ်ရမယ့် နေရာလေးတွေနဲ့ မြန်မာစာ ထည့်ပေးတဲ့ Zawgyi Installer လေးတွေကိုပါ ထည့်တတ်အောင် ပုံလေးတွေနဲ့ တဆင့်စီ ပြပေးထားပါတယ်..။ Lenovo Android 4.2.2 တွေမှာတော့ မြန်မာစာ အားလုံးပေါ်စေတဲ့၊ ကီးဘုတ်ပါ တွဲရက်ပါလာတဲ့ Smart Zawgyi Changer လေးတွေနဲ့သာ အဆင်ပြေပါတယ်..။ တခြား font changer တွေနဲ့ မရပါ။ 
ဒီ Baidu Root apk နဲ့ Smart Zawgyi Changer ကို Lenovo စမတ်ဖုန်း ၅-လုံးလောက်မှာ မြန်မာစာအမှန်ပေါ်အောင် အဆင်ပြေစေခဲ့ပြီ..။ ဒါကြောင့် Lenovo စမတ်ဖုန်းတွေ ဈေးကျလာလို့ အသုံးပြုလိုတဲ့ သူများနဲ့၊ ဖုန်းဆိုင်တွေနဲ့ ဝေးပြီး မြန်မာစာ ထည့်ဖို့ အခက်တွေ့နေတဲ့ သူများအတွက် ကိုယ်တိုင်လုပ်တတ်ပြီး အဆင်ပြေအောင် ဒီနေ့ ဒီပိုစ့်လေးကို တင်ပေးလိုက်ပါပြီ..။ မနေ့ကလည်း Sony xperia Z (Android 4.2.2) စမတ်ဖုန်းတလုံးကို အခုတင်ပေးလိုက်တဲ့ ဆော့ဝဲလ်လေးတွေနဲ့ Root ဖေါက်ပြီး မြန်မာစာ ထည့်ပေးလို့ရပြီ..။ 
တခုသတိပြုရမှာကတော့ ဖုန်းတွေကို Root ဖေါက်တယ်ဆိုတာ ကောင်းတာရှိသလို မကောင်းတဲ့အခါမှာလည်း ဖုန်းပျက်တတ်ပါတယ်..။ ဒါကြောင့် ဒီဆော့ဝဲလ် apk တွေကို အသုံးပြုမယ့် သူများကတော့ ဖုန်းပျက်တဲ့အခါ ကျနော့်ကို အပစ်မတင်ဖို့ ကြိုတင် တောင်းပန်အပ်သည်..။ ဖုန်းပျက်မှာ ကြောက်တဲ့သူများကတော့ Root မဖေါက်ပါနဲ့လို့သာ အကြံပြုရပေတော့မည်..။ အသုံးပြုလိုတဲ့ သူများကတော့ အောက်ကလင့်တွေကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ Baidu Root , Smart Zawgyi Changer (၂-မျိုး) , Root ရမရ စစ်ပေးမယ့် Root Checker Pro စတဲ့ APK လေးတွေ စုထည့်ပေးထားလို့ 7 MB ရှိပါတယ်..။
(OR)
Lenovo ဖုန်းတွေမှာတော့ ဖုန်းမော်ဒယ်နဲ့ Android ဗါးရှင်းကို Setting >> Version Infos ကနေ ကြည့်ရင် အောက်ကပုံလေး အတိုင်း တွေ့ရမှာပဲ ဖြစ်ပါတယ်..။
အပေါ်မှာ တင်ပေးထားတဲ့ APK လေးတွေကို ဒေါင်းယူပြီးရင်တော့ via USB Cable or Card Reader နဲ့ မန်မိုရီကတ်ထဲကို ကူးထည့်ပါ..။ ပြီးရင်တော့ Lenovo ဖုန်းရဲ့ File Browser ကနေသွားပြီး တရုတ်စာနဲ့ ရေးထားတဲ့ root 2.3.9 ဆိုတဲ့ APK လေးကို တခြားဆော့ဝဲလ်တွေနည်းတူ Install အရင်ထည့်ပါတယ်..။

အောက်ကပုံလေးတွေအတိုင်း Install ထည့်ပြီးရင် Open နဲ့ ဖွင့်လိုက်ပါ..။

အောက်ကပုံလေးတွေအတိုင်း ဆက်ပေါ်လာရင်တော့ မျှားပြထားတဲ့ နေရာလေးတွေကို နှိပ်သွားလိုက်ပါ..။
အောက်ကပုံအဆင့်မှာတော့ ဖုန်းကို Root ဖေါက်နေပါပြီ..။ ခဏစောင့်နေလိုက်ပါ..။ တစ်မိနစ်မပြည့်ခင် ပြီးပါတယ်..။
အစိမ်းရောင် အမှန်ခြစ်လေး ပေါ်လာရင်တော့တော့ မိမိတို့ရဲ့ ဖုန်းကို Root ဖေါက်လို့ ရသွားပြီ ဖြစ်ပါတယ်..။ Root မရတဲ့ဖုန်းတွေမှာဆိုရင်တော့ အနီရောင်နဲ့ ပေါ်ပါတယ်..။ Root ရမရ သိရအောင် Root Checker Pro ဆော့ဝဲလ်လေးနဲ့ စစ်ကြည့်ပါ..။ Root ရပြီဆိုရင် မြန်မာစာ ပေါ်အောင် ဆက်ပြီး အောက်က အဆင့်တွေအတိုင်း လုပ်လို့ ရပါပြီ..။
အရင်ဆုံး Smart Zawgyi Changer ၂-ခုထဲက ဇ ပုံလေးနဲ့ MMSD Smart Zawgyi Changer ကို အသုံးပြုပါတယ်..။ မြန်မာစာ ရတာ သေချာပါတယ်..။ အားနည်းချက်ကတော့ တရုတ်စာတွေ ပျောက်သွားပါတယ်..။ ဒါကြောင့် တရုတ်စာ ရေးတတ်၊ ဖတ်တတ်တဲ့ သူများကတော့ ဒီဖေါင့်ကို မသုံးသင့်ပါ..။ တရုတ်စာ မသုံးတဲ့ သူများကတော့ ဒီဖေါင့်ချိန်ဂျာကို အောက်ကပုံလေးအတိုင်း ဆက်ပြီး ထည့်သွားလိုက်ရင် မြန်မာစာ ရပါပြီ..။
Install ထညြ့်ပီးလို့ ဖွင့်လိုက်ရင်တော့ အောက်ဒုတိယပုံအတိုင်း မြင်ရမှာ ဖြစ်ပါတယ်..။ အစိမ်းရောင်နဲ့ ရေးပြထားတဲ့ (Root ရှိ မရှိ စစ်ဆေးပါ) စာသားကို တချက်နှိပ်လိုက်ပါ..။ Root Access တောင်းခဲ့ရင်တော့ အောက်က မျှားပြထားတဲ့ နေရာကို တချက်နှိပ်ပေးလိုက်ပါ..။
Root ရပြီးရင်တော့ အောက်ကပုံအတိုင်း ဆက်ပြီး ပေါ်လာပါလိမ့်မယ်..။ မိမိတို့ ဖုန်းနဲ့ တူတဲ့ စာသားကို ရွေးနှိပ်သွားလိုက်ပါ..။ Lenovo ဆိုရင်တော့ အပေါ်ဆုံးက စာသားကို နှိပ်သွားလိုက်ပါ..။
အောက်ကပုံလေးအတိုင်း Complete စာသားနဲ့ ပေါ်လာရင်တော့ OK ပေးလိုက်ပါ..။ ဖုန်းပိတ်ပြီး ပြန်ဖွင့်လာရင်တော့ မြန်မာစာ ရေးလို့ ဖတ်လို့ ရသွားပါပြီ..။ မြန်မာစာရိုက်တဲ့ ကီးဘုတ်မပေါ်သေးရင်တော့ ဖုန်းရဲ့ Setting >> Language and Input မှာ FrozenKeaboard ကို အမှန်ခြစ်ပေးလိုက်ရင် စာရိုက်လို့ ရသွားပါပြီ..။
အပေါ်ကပုံအတိုင်း MMSD Smart Zawgyi Changer နဲ့ မြန်မာစာ အဆင်ပြေသွားတဲ့ ပုံလေးပါ..။
နောက်တခုကတော့ MM Aio Font Changer ကို အသုံးပြုရင်လည်း lenovo 4.2.2. ဖုန်းတွေမှာ မြန်မာစာ ရပါတယ်..။ အင်တာနက်သုံးတဲ့ Browser တွေနဲ့ Facebook တို့မှာ မြန်မာစာ ပေါ်ပေမယ့် အားနည်းချက်တခုကတော့ ဖုန်း Contact မှာ မြန်မာစာ ရိုက်လို့ မထွက်ပါဘူး..။ ကျနော် MM Aio Font Changer ကို အောက်ကပုံလေးအတိုင်း Install ထည့်ပြီး ဖွင့်ပါတယ်..။
ဖွင့်လိုက်တာနဲ့ Root Access တောင်းရင် အောက်ကပုံလေးအတိုင်း အနီးဝိုင်းပြထားတဲ့ နေရာကို တချက်နှိပ်ပေးလိုက်ပါ..။
ပြီးရင်တော့ မိမိတို့ဖုန်းရဲ့ ဗါးရှင်းနဲ့ တူတာကို အောက်က အဝါရောင် အဝိုင်းတွေထဲမှာ ရှာယူပါ..။ 4.2.2 ဖြစ်တဲ့အတွက် အောက်ပုံလေးတွေ အတိုင်း Smart ဇော်ဂျီမှာ အမှန်ခြစ်ပေးပြီး XML Method ကို နှိပ်ပေးလိုက်ပါ..။ အောက်ဆုံးပုံလေးတွေအတိုင်း အလုပ်လုပ်တာကို ခဏစောင့်နေပေးပြီးရင် ဖုန်း Restart ကျပါတယ်..။ ပြန်ပွင့်လာရင်တော့ မြန်မာစာ ရပါပြီ..။
မြန်မာစာ ရိုက်တဲ့အခါမှာတော့ ပုံမှန်ဖေါင့်ဆိုဒ်နဲ့ အဆင်မပြေတဲ့အတွက် ကီးဘုတ်ကို ဖွင့်ထားပြီး Setting ကနေ ဖေါင့်ဆိုဒ်ကို သွားတိုးပေး ကြီးပေးရမှာ ဖြစ်ပါတယ်..။ အောက်ကပုံလေးတွေ အတိုင်းပါ..။

80 လောက်ရှိတာကို 130 လောက် ထားပေးလိုက်ရင် အောက်ဆုံးပုံအတိုင်း မြန်မာစာ ရေးလို့ ရပါပြီ..။
ဒီလောက်ဆိုရင်တော့ Lenovo 4.2.2 ဖုန်းတွေနဲ့ တခြား Android 4.2.2 တွေမှာလည်း မြန်မာစာ ရေးလို့၊ ဖတ်လို့ ရအောင် လုပ်တတ်သွားပါပြီ..။ အားလုံးပဲ လေ့လာရင်း အဆင်ပြေပါစေဗျာ..။
 
ဒါလေးကို သဘောကျလို့  ကိုလွင်မင်းဗိုလ် ဆိုဒ်ကနေ မလာတာပါ