Pages - Menu

Monday, July 21, 2014

လုံးဝဖျက်လို့မရတဲ့ Folder တွေ Command Line ထဲကနေတည်မယ်။

သင့်ကွန်ပျူတာရဲ့ Data Partition ထဲမှာ ဘယ်လိုမှဖျက်လို့မရတဲ့ Folder တည်မယ်
မတည်ခင်တစ်ခုမှတ်ထား၇မှာက ဒီနည်းဟာ CLI Mode ကနေသွားမှာပါ။သူ့ကို Effect
ဖြစ်ဖို့က System Partition ကိုရှောင်ရမှာဖြစ်ပါတယ်။ ဘာလို့လည်းဆိုတော့ဒီနည်းဟာ
System Partition မှာအလုပ်မလုပ်ပါဘူး။ကဲစလိုက်၇အောင်လားဗျာ..ထုံးစံအတိုင်းပေါ့
ကျွန်တော်တို့က CLI ကနေ လုပ်မှာဆိုတော့ ကီးဘုတ်ကနေ Run ကိုခေါ်လိုက်ပီး “cmd”
လို့ရိုက်လိုက်ကြတာပေါ့။


ပြီးသွားရင် အန်းတားခေါက်လိုက်ပါ။ဒီနောက်မှာတော့မိမိတို့ကွန်ပျူတာမှာရှိတဲ့ Data
Partition ကို သတ်မှတ်မှာဖြစ်ပါတယ် ကျွန်တော့်ကွန်ပျူတာထဲမှာကတော့ G: & Z:
ဆိုပီးရှိပါတယ် ကျွန်တော်က G: မှာလုပ်ဆောင်မှာဖြစ်ပါတယ်။ဒါကြောင့် ပေါ်လာတဲံ
CLI Mode မှာ “G:” လို့ရိုက်လိုက်ပါမယ်


ဒါဆိုရင် သင့်ကွန်ပျူတာက Data Partition ထဲရောက်သွားပါပီ။ ဒီတော့ကျွန်တော်တို့က
ဖိုဒါတည်ရအောင် ဆိုတော့ကာ ဖိုဒါတည်မယ်ဆိုရင် သုံး၇မယ့် Command က “md”
(Make Directory) ဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်တို့က G:\>md con\ လို့ရိုက်လိုက်
ပါမယ် ဒါဆိုရင်သင့်မိုင်ကွန်ပျူတာမှာလည်း con ဆိုတဲ့ Folder ကပေါ်လာမှာဖြစ်ပါတယ်။


ဒီအခါကျွန်တောတို့ကစမ်းပီး ဖျက်ကြည့်ရအောင် ။ဆိုတော့ ကီးဘုတ်ကနေ ထုံးစံအတိုင်းပေါ့
ဖျက်မယ်ဆိုမှတော့ Del Key ကိုနှိပ်လိုက်ပါ့မယ်။ဒါဆိုရင်အောက်ပါ ပုံအတိုင်းဖျက်လို့မရဘူးဆို
တဲ့ Error Message ပြလာမှာဖြစ်ပါတယ်။


ကြိုက်သလောက်ဖျက်ပါ။ သာမာန်ဖျက်ရုံလောက်နဲ့ ဘယ်လိုနည်းနဲ့မှမပျက်နိုင်ပါဘူး
ကီးဘုတ်ကနေ Shift+Del နဲ့လည်းဖျက်လို့မရပါဘူး။ဒါပေမယ့်သူကိုပြန်ဖျက်ချင်တယ်
ဆိုရင်တော့ CLI ကနေပဲ ရိုက်ရမယ့် Command က G:>rd con\ ဆိုပီး ပြန်ရိုက်လိုက်ပါ
Rd (Remove Directory) ခံပီးပြန်၇ိုက်လိုက်တဲ့အခါကျရင်တော့ပြန်ပျက်သွားမှာဖြစ်ပါတယ်။
ထိုကဲ့သို့သောဖိုဒါများကိုတည်ရင်အခုကျွန်တော်ဖော်ပြထားတဲ့ အမည်များကိုသာသုံးရမှာ
ဖြစ်ပါတယ်။ con, aux, lpt1, lpt2, lpt3, lpt4, lpt5, lpt6, lpt7, lpt8 နှင့် lpt9.
တို့ပဲဖြစ်ပါတယ်။ မိမိက စိတ်ကြိုက်နာမည်ပေးလျှင် အလွယ်တကူဖျက်လို့ရပါတယ်
ဥပမာ G:>md zarni\ ဆိုရင် ဖိုဒါကတော့တည်သွားမယ် ဒါပေမယ့်သူ့ကိုဖျက်တဲ့

အခါ (ပုံမှန် Del Key ကိုသုံး၍ဖျက်ခြင်း) ပျက်သွားမှာဖြစ်ပါတယ်။။
 
 

No comments:

Post a Comment